ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်ခံရ
ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။
အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးယုလွင်နှင့် ဇနီးဖြစ်သူတို့ မနေ(ဇန်နဝါရီ ၂၅)ည ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရသည်ဟု ဒေသခံများကပြောသည်။
ဘုတ်ပြင်းဆေးတပ်မှ တပ်ကြပ်ကြီးကို ပုလောကာကွယ်ရေးတပ် ဖမ်းဆီး
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိဆေးတပ်မှ တပ်ကြပ်ကြီးစာရေးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်က ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တပ်မတော်ဆေးရုံ(တဆရ ၁၈/၁၀၀ )မှ တပ်ကြပ်ကြီးစာရေးဖြစ်သူ ကိုသန်းဇော်ဦး ဆိုသူသည် ဇန်နဝါရီလ ၂၁ ရက်နေ့က ခရီးသည်ကားဖြင့် ရောနှောလိုက်ပါလာခြင်းဖြစ်သည်။
ကော့သောင်းမီးသတ်ရုံးတွင် ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ
ကော့သောင်းမြို့ မီးသတ်ဦးစီးဌာနအတွင်း ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
ဝရိန်ဆော်ရာမှတစ်ဆင့် အောက်ဆီဂျင်အိုးဟု ယူဆရသည့်အိုးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က...
ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသားရှစ်ဦးကို သတ်ပြီးလာပစ်ထား
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူရွာအနီးတွင် အမျိုးသားရှစ်ဦးကိုသတ်ပြီး လာပစ်ထားကြောင်း ဒေသခံများထံမှသိရသည်။
ရွာဟေ့လူနှင့် နမ်မတွန်ရွာကြားရှမ်းကိုးရွာ ကားလမ်းမနံဘေးတွင် ဇန်နဝါရီ ၁၃ ရက်နေ့က အသတ်ခံထားရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
"အသတ်ခံရတဲ့ဖြစ်စဥ်ကမှန်တယ်။ ရွာဟေ့လူရွာက...
ကော့သောင်းတွင် ဓာတ်ဆီဆိုင် မီးလောင်
ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် လမ်းမခြံဈေးအနီးရှိ ဓာတ်ဆီအရောင်းဆိုင်တစ်ဆိုင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မီးလောင်မှုအား မီးတပ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ...
ကော့သောင်းတွင် ရက်ဆက်လောင်ကျွမ်းနေသည့်တောမီး ငြှိမ်းသတ်နိုင်ပြီဟုဆို
ကော့သောင်းမြို့ ၁၁၉၉ တောင်ကုန်းပေါ်တွင် ငါးရက်ဆက်လောင်ကျွမ်းနေသည့် တောမီးအား ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မီးသတ်ရာတွင်ပါဝင်သည့် ပရဟိတအသင်းအချို့ထံမှ သိရသည်။
ဇန်နဝါရီလ ၇ ရက်မှစပြီး လောင်ကျွမ်းနေသည့်တောမီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့...
ဖမ်းဆီးခံရသည့် လောင်းလုံးမြို့ခံ ခုနစ်ဦးအနက် နှစ်ဦးပြန်လွတ်
လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းဆီးခံခဲ့ရသည့် မြို့ခံ ခုနစ်ဦးအနက် နှစ်ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် လောင်လုံး တောင်မိုးတောင်...
ကော့သောင်းအကျဉ်းထောင် ဦးစီးမှူးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မှ ဖမ်းဆီးထား
ကော့သောင်းခရိုင်၊ အကျဥ်းထောင်ဦးစီးမှူးကို ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်များမှ ဖမ်းဆီးလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှသိရသည်။
ဒီဇင်ဘာလ ၂၄ ရက်၊မွန်းလွဲ ၁ နာရီခွဲတွင် ခရီးသည်တင်ကားဖြင့် ဆီအုန်းများတင်ကာ လိုက်ပါလာသည့် အကျဥ်းထောင်ဦးစီးမှူးကို ပုလောမြို့နယ်၊ကဒဲရွာအနီးတွင် မဟာမိတ်တပ်များက ဖမ်းဆီးလိုက်သည်ဟု...
ကော့သောင်းမြို့ ကမ်းနားလမ်းက စစ်ကောင်စီဆန့်ကျင်ရေး စာသားများ နာရီပိုင်းအတွင်းလာဖျက်
ကော့သောင်းမြို၊ ကမ်းနားလမ်းတွင် စစ်ကောင်စီကိုဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် ဆေးမှုတ်စာသားများကို နာရီပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖျက်ပစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။
ဒီဇင်ဘာလ ၂၀ ရက် နံနက်စောစော ၅ နာရီခန့်က ကမ်းနားလမ်းအုတ်နံရံတွင် အနီရောင်မှုတ်ဆေးဖြင့် “အဘဘောမများ ဒလန်များ...
၂ နှစ်အတွင်း မြိတ်-ကော့သောင်း လေယာဉ်လက်မှတ် သုံးဆကျော်ဈေးတက်
အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းမှာ သုံးဆကျော် ဈေးတက်လာခဲ့သည်။
မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်း တစ်စောင်လျှင် အာဏာမသိမ်းမီက ၄၅၀၀၀ ကျပ်သာရှိခဲ့ရာ လက်ရှိတွင် ၁၅၀၀၀၀ ကျပ်ရှိနေပြီဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တချို့မှ သိရသည်။