BREAKING
July 27, 2024
EN MM

Infographic

ပြည်တွင်းရွှေ့ပြောင်းလူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်း

Dawei Watch

June 29, 2024

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။ အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ ဒေသကိုစွန့်ခွာနေကြရတာပါ။ တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေ အပါအဝင် အမျိုးမျိုးသော တင်းကျပ်မှုတွေကြောင့် လူငယ်၊ လူရွယ်အများစု ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေကြရပါတယ်။ ဒါပေမဲ့လည်း အခက်အခဲမျိုးစုံကို ဆက်လက်ရင်ဆိုင်နေကြရဆဲပါ။ ဒါကြောင့် ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး

Dawei Watch

June 4, 2024

တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲတွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆိုထားပါတယ်။ ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြိုနယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။ တော်လှန်ရေးအားကောင်းလာလို စစ်ရေးတွေ ပိုမိုပြင်းထန်လာဖိုရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆိုမှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာနေရင် ဒါတွေသတိထားပါ

Dawei Watch

May 17, 2024

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက် မတူညီတဲ့ ဓလေ့တွေနဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိလိုက်နာဖို့လိုအပ်လှပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ အခြေခံ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို နားလည်သဘောပေါက်ရမှာဖြစ်ပြီး လိုက်လျောညီထွေစွာ နေထိုင်ပြောဆိုရမှာဖြစ်ပါတယ်။ ဒါမှသာ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား ပဋိပက္ခနည်းနည်းနဲ့ အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံမှာနေရင် ဘာတွေသတိထားသင့်တယ် ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

စစ်ဘေးရှောင်တို့အတွက် ကျန်းမာရေး

Dawei Watch

May 17, 2024

တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူမှုဘဝအခြေအနေများကို မှတ်တမ်းပြုစုဖော်ပြနေသည့် Fe5 တနင်္သာရီအဖွဲ့က ပြုစုထားသည့် စာရင်းအရ တိုင်းအတွင်း စစ်ဘေးရှောင် အရေအတွက်မှာ ယခုဧပြီလတွင် ခြောက်သောင်းနီးပါးရှိနေပြီး အများစုက ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ပါသည်။ စစ်ဘေးရှောင်များမှာ နေရေး၊စားရေး အခက်အခဲများအပြင် ရာသီအလိုက် မတူညီသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။ ယင်းကြောင့် စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ဖော်ပြလိုက်ပါသည်။

ကြိုတင်ကာကွယ်ရမယ့် သွေးလွန်တုပ်ကွေး

Dawei Watch

May 1, 2024

မကြာခင်မှာ မုတ်သုန်ဝင်ရောက်လာပြီး မိုးရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးအဖြစ်များလေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်လာရင်လည်း တိုက်ပွဲတွေ၊ ညမထွက်ရအမိန့်တွေ စတဲ့ကန့်သတ်ချက်တွေကြောင့် ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲပြီး ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိတဲ့ ပြဿနာလည်း ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်လာရင် အသက်သေဆုံးနိုင်တဲ့အတွက် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေနဲ့ ပြုစုရမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

Dawei Watch

April 16, 2024

ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။