BREAKING
July 26, 2024
EN MM

ရုပ်ပုံလွှာ

ပြန်မလာတော့ဘူး ဆိုပေမဲ့

Dawei Watch

June 21, 2024

ပင်လယ်ပြင်ကို ငေးရင်း ‘ဟင်း’ခနဲ ချလိုက်တဲ့ သက်ပြင်းနဲ့အတူ ဇာတိကိုလွမ်းစိတ်ဟာ သူ့ရင်ဘက်ထဲမှာ ငြိမ်ကျသွားပါတယ်။ ပင်လယ်သားတစ်ယောက် ပင်လယ်ကို အချိန်ကြာကြာ ငေးကြည့်နေတာက ကမ်းခြေကို အပန်းဖြေလာကြတဲ့ အရပ်တစ်ပါးကလူတွေနဲ့ မတူတဲ့ ခံစားမှုနဲ့ပါ။ စိတ်တွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်၊ ပင်လယ်ထဲက သူ့အတိတ်ဆီ။ အခု သူရောက်နေတာက ထိုင်းနိုင်ငံတောင်ပိုင်းက ပင်လယ်ပြင်။ နောက်တစ်မျိုးပြောရရင် တစ်ချိန်က မုန်းတီးစွာ ‘တာ့တာ’ပြခဲ့တဲ့ ပင်လယ်ပြင်။ ဒီနေရာမှာ သူ့ခြေရာတွေကို သူ ပြန်တွေ့နေရတယ်။ တချို့အရာတွေက ခေတ်စနစ်တွေနဲ့အတူ ပြောင်းလဲသွားကြပြီ။ တချို့နေရာတွေကတော့ အတိတ်ပုံရိပ်တွေ ထင်ကျန်နေဆဲ။ အဲဒါတွေကိုမြင်တိုင်း ‘အဲဒီတုန်းကပေါ့’ ဆိုတဲ့ ခံစားမှုဟာ သူ့စိတ်ထဲကို ဝင်လာစမြဲ။ “ခါးသီးမှုတွေ၊ အနိုင်ကျင့်မှုတွေ အများကြီးကြုံခဲ့ရတယ်” လို့ ပြောရင်း ဘီယာဘူးကို နှုတ်ခမ်းမှာ […]

ပါချန် ပုံပြင်

Dawei Watch

June 11, 2024

စစ်အာဏာအရိပ်မည်းတွေ လွင့်ပျယ်သွားပြီဆိုတဲ့ ခံစားမှုဟာ ၂၈ နှစ်အရွယ် လူငယ် ကိုထွန်းလတ်(အမည်လွှဲ)အတွက် မြန်မာနိုင်ငံမှာ ကျောင်းတစ်ခုဖွင့်ပြီး လူငယ်တွေကို စာသင်ပေးဖို့ အိပ်မက်တွေ ဖြစ်လာစေခဲ့ပါတယ်။ သူဟာ ဇနီးနဲ့ သားသမီးတွေနဲ့အတူ ထိုင်း-မြန်မာ နယ်ခြားမြစ်ဖြစ်တဲ့ ပါချန်မြစ်ကို လှေနဲ့ဖြတ်ကူးခဲ့ကြပါတယ်။ မြစ်လယ်ကို ရောက်တဲ့အခါမှာတော့ ကိုထွန်းလတ်ဟာ သူ့အိတ်ထဲကနေ တစ်စုံတစ်ရာကို ဆွဲထုတ်ယူလိုက်ပါတယ်။ စာရွက်စာတမ်းတချို့ သူ့လက်ထဲမှာ ပါလာပါတယ်။ သူတို့ ဇနီးမောင်နှံအပြင် ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တဲ့ သမီးနဲ့ သားအတွက် ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေ၊ သက်သေခံကတ်ပြားတွေ စတဲ့ မှတ်တမ်းမှတ်ရာ အထောက်အထားတွေဖြစ်ပါတယ်။ ကိုထွန်းလတ်ဟာ အဲဒါတွေအကုန်လုံးကို မြစ်ရေထဲမှာ မျှောချလိုက်ပါတော့တယ်။ ဒီမိုကရေစီလင်းပွင့်စ မိမိတိုင်းပြည်ထဲမှာပဲ အခြေချနေထိုင်တော့မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ပါပဲ။ ထိုင်းနိုင်ငံကို တရားမဝင်ပုံစံနဲ့ နောက်တစ်ကြိမ် လာစရာမလိုတော့ဘူးဆိုတဲ့ […]

မီးလောင်ပြင်က ပန်းတစ်ပွင့်

Dawei Watch

May 22, 2024

ထားဝယ်မြို့ လူစည်ကားသော လမ်းမထက်တွင် စက်ဘီးစီးအမျိုးသမီးတစ်ဦး ထမင်းဟင်းများကို ထုပ်ပိုးကာ တစ်နေရာရာကို ဦးတည်နေသည်။ ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ဈေးလမ်းသွယ်ထဲသို့ ချိုးကွေ့ဝင်လိုက်သည်နှင့် သူ့ကိုစောင့်ကြိုနေသူတို့က ပြိုင်တူအသံပေးကြသည်။ “ဝုတ်…ဝုတ်…ဝုတ်” ပါလာသည့်ထမင်းဟင်းများကို ခွက်ထဲ ကျကျနနထည့်ချကျွေးလိုက်ပြီး ဘေးမှရပ်ကြည့်ရင်း ပီတိဖြာနေသူမှာ ဒေါ်စန်းဝေပင်။ “ကျွန်မကျွေးတာကို မြိန်ရေရှက်ရေနဲ့ စားနေတာကို မြင်နေရာကိုက ကျွန်မပီတိဖြစ်တယ်” ဟု အသက် ၄၈ နှစ်အရွယ် ၎င်းက ဆိုသည်။ ဒေါ်စန်းဝေမှာ သာမန်ဆင်းရဲသားတစ်ဦးဖြစ်သော်လည်း လမ်းဘေးခွေးများအပေါ် လွန်စွာစာနာတတ်သူပင်။ ဆန်းချီတိုးချဲ့မြို့သစ်ရှိ သူမ၏နေအိမ်ခြံဝင်းမှာလည်း ခွေးအော်သံတို့ဖြင့် ဆူညံပွက်နေလေ့ရှိသည်။ ထိုခြံဝင်း‌ထဲရှိ အကြမ်းထည်တစ်ထပ်တိုက်ရှိ ပြတင်းပေါက်များကို သစ်သားပြားများဖြင့် ဖြစ်သလို ကြက်ခြေခတ်ကာရံထားသည်။ ထိုခြံဝင်းမှာ လမ်းဘေးခွေးတစ်သိုက်နှင့်အတူ ဒေါ်စန်းဝေတို့ မိသားစုဝင်လေးဦး ကွန်းခိုရာ။ တစ်ချိန်က ထားဝယ်ဆေးရုံတွင် မွေးကင်းစ ကလေးများကို […]

အိမ်မှာ မလွတ်လပ်တော့သော အခါ-လူငယ်တို့အတွက် ရွေးချယ်စရာ

diz_admin

October 1, 2021

မျှော်လင့်ချက်ဖြင့် ပြန်လာကြသည်။ သို့သော် ထိုမျှော်လင့်ချက်ကို ပြိုပျက်သွားပြီဟု သေချာသွားသောအခါ တကျော့ပြန် ခရီးပြန်ထွက်ရပြန်သည်။ အချို့က စီးပွားရေးကြောင့်၊ အချို့က မတည်ငြိမ်သော ဝန်းကျင်ကြောင့်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ အသက် ၂၀ ကျော်အရွယ် ကိုကောင်းဆက် (အမည်လွှဲ) ကတော့ စီးပွားရေးကြောင့် အပြင် မတည်ငြိမ်သော ဝန်းကျင်ကြောင့်လည်း ပါသည်။ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ဖူးသော ကိုကောင်းဆက်ကို ထင်သလို ဖမ်းဆီးမှုများမှ ရှောင်ရှားနိုင်ရန် မိဘများက ဖိအားပေးခဲ့သည်။ ထိုကြောင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် အကြောင်းဖန်လာသည်။ “ကျွန်တော့်အိမ်က အန္တရာယ်ကင်းအောင်ဆိုပြီး သွားဖို့ ပြောလွန်းလို့ လာခဲ့ရတာ”ဟု ကိုကောင်းဆက်က ပြောသည်။ စစ်အာဏာမသိမ်းမီက ပိုမိုပွင့်လင်းလာသော အခွင့်အလမ်းများကြောင့် အမျိုးမျိုးသော မျှော်လင့်ချက်များဖြင့် ပြည်တော်ပြန်လာကြသော ရွှေ့ပြောင်း […]

ဘုရားကြီးထဲက အိုဘားမား

diz_admin

August 31, 2021

“ဆုတံဆိပ်တွေလား..၊ တစ်ခုမှ မရှိ တော့ဘူးကွ၊ မက်လည်း မမက်မော အားလုံး ပေးပစ်လိုက်ပြီ..”သူ့အသံက တစ်ခုခုကို သရော်ချင် စိတ်တွေ..၊ ဘဝကို ဟားတိုက်ပစ်လိုက် ချင်စိတ်တွေနှင့်အတူ ရောပြွမ်းထွက် ကျလာ၏..။ ထားဝယ်ဘုရားကြီးဝင်းရှိ နောင်တော်ကြီးစေတီ၏ ဆည်းလည်းသံလေးများကလည်း သူ့အခံဓာတ်ကို ထောက်ပံ့တိုးဆွပေးနေ သယောင်ယောင်..၊ ကလူကျီစယ်နေသယောင်ယောင်..။ သူ့အမည်ကို “ဦးစိန်ဝင်း” ဟု မိတ်ဆက်လျှင် မည်သူမျှ အရေးတယူ မရှိနိုင်..။ သို့သော်… “ဒါ မြန်မာ့ဘောလုံး ရွှေခေတ်ရဲ့ မဟာတံတိုင်းကြီးလေ..၊ ဘားမားစိန်ဝင်းကွ” ဆိုလျှင် တခုတ်တရ ရှိကြကြည့်ကြ မိတ်ဆက်ကြလိမ့်မည် ထင်ပါသည်။ ယင်းဆည်းလည်းသံများကို မရိုး မအီ ဆယ်စုနှစ်ချီ လာထိုင်နားထောင်နေတတ်သော..၊ အသားညိုညစ်ညစ် ပိန် ပိန်ရှည်ရှည် တောသားဂိုက်ပေါက်နေသော အဖိုးအိုကြီးတစ်ဦးကို ဘုရားဖူးများ နှင့်တကွ သူ့အကြောင်း အတွင်းကျကျ […]

ကိုကိုင်ဇာ၏ ကိုဗစ်ကာကွယ်ရေး

diz_admin

April 7, 2020

အဝေးကကြည့်လိုက်လျှင် ထီသည် ကားအလားထင်ရသည်။ ကိုကိုင်ဇာဝင်း က သူပိုင်ယာဉ်၏ နောက်ခန်းတစ်ခုလုံးကို ကွန်တိန်နာ အအေးခန်းကားကဲ့သို့ မှန် အထူဖြင့် စီမံလိုက်သည်။ ကြမ်းခင်းတစ်ခုလုံးကိုလည်း အလွယ် တကူ ဆေးကြောရလွယ်ရန် ရေလုံအောင် စီမံထားသည်။ ပြီးတော့ ကားအင်ဂျင် ဖြင့် ၂၄ နာရီအဲယားကွန်းမောင်းနိုင်သလို အတွင်းရှိလေ အပြင်မထွက်ဘဲ သံသရာ လည်နိုင်အောင်လည်း သူကပြုလုပ်ထား သည်။ ထို့အပြင် လူတစ်ယောက်တက် ဆင်းပြီးတိုင်း အတွင်းရောအပြင်ပါ ကား တစ်စီးလုံး၏ ပတ်ပတ်လည်တွင် အလို အလျောက် ပိုးသတ်ဆေးဖျန်းသည့် စနစ် ကိုလည်း သူကတပ်ဆင်ထားသေးသည်။ အသက် ၃၈ နှစ် ရှိပြီဖြစ်သော ကိုကိုင်ဇာဝင်း ရည်ရွယ်သည်က ကိုဗစ် နိုင်တီး သံသယလူများနှင့် ယာဉ်မောင်း များ ဘေးကင်းလုံခြုံရေးအတွက် အထူး […]