BREAKING
July 27, 2024
EN MM

သတင်း

ထိုင်းနိုင်ငံ အရှေ့မြောက်နှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိ

Dawei Watch

May 28, 2023

မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ပင်လယ်ကွေ့တို့တွင် အားအသင့်အတင့် ရှိ အနောက်တောင်မုတ်သုံလေအပြင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် လေဖိအားနည်း ရပ်ဝန်း ကိုပါ တွေ့ရှိရသည့် အတွက် ထိုင်းနိုင်ငံ၏ အရှေ့မြောက် ၊ အရှေ့နှင့်အနောက်တောင် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ လေပြင်းများတိုက်ခတ်နိုင်သည့်အပြင် ကပ္ပလီပင်လယ်ပြင်တွင် နှစ်မီတာမြင့်သော လှိုင်းများ ရှိလာနိုင်ကာ ပင်လယ်ကွေ့တွင် လှိုင်းသည် ၂မီတာ အထိ ရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် မုန်တိုင်းသင့်နိုင်သည့် ဒေသများတွင်မူ ၂မီတာ ကျော်သော လှိုင်းများ ရှိနိုင်သည့်အတွက်  ရေလွှာလျှောစီးသူများကို သတိဖြင့် လုပ်ဆောင်ရန် နှင့် အဆိုပါ ဒေသများကို ရှောင်ရှားကြရန် အကြံပြုထားသည်။ မိုးလေဝသဌာန ၏ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ဒေသ၏ ၆၀ […]

တနင်္သာရီဆောင်း ပုံမှန်ထက်ပိုအေးမည်

diz_admin

December 22, 2022

တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ နောက်ဆုံးဆယ်ရက်တွင် ပုံမှန်ထက်အအေးပိုမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ ၂၁ ရက်မှ လကုန်သည်အထိ ဆယ်ရက်အတွင်း ပုံမှန်ညအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းကြောင့် တနင်္သာရီတိုင်းတွင် ယခင်နှစ်ဒီဇင်ဘာလကထက် အနည်းငယ်ပိုအေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသင့်အတင့်ရှိသည့် လာနီညာရာသီဥတု စတင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကထုတ်ပြန်ထားသည်။ လာနီညာရာသီဥတုမှာ စိုစွတ်၊ အေးမြသည့် ရာသီဥတုအမျိုးအစားတစ်ခုဖြစ်သည်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာဦးမည်

diz_admin

December 6, 2022

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာဦးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ် သို့ရောက်ရှိကာ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီဇင်ဘာ ၆ ရက်မှ ၈‌ ရက်နေ့အထိ ၇၂ နာရီအတွင်း တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ တနင်္သာရီတိုင်းတွင် နိုဝင်ဘာလကတည်းက မိုးရက်ဆက်ရွာသွန်းမှုများ ဖြစ်ပေါ်နေသဖြင့် ဒေသခံတောင်သူများ ကုန်ထုတ်လုပ်မှုအပိုင်းတွင် နှောင့်နှေးကြန့်ကြာခြင်းများ၊ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နေသည်။ အထူးသဖြင့် စပါးရိတ်သိမ်းချိန်တွင် မိုးရွာခြင်းကြောင့် တောင်သူလယ်သမားများမှာ အခက်အခဲများကြုံတွေ့နေပြီး […]

မိုးကြောင့် တိုင်းအတွင်းက တောင်သူများအခက်တွေ့၊ ဆုံးရှုံးမှုများရှိ

diz_admin

December 1, 2022

အချိန်အခါမဟုတ် ရွာသွန်းနေသည့်မိုးကြောင့် တောင်သူများ အခက်တွေ့နေကြရကြောင်း ဒေသခံတောင်သူများက ပြောသည်။ ပွင့်လင်းရာသီဖြစ်သည့် သီတင်းကျွတ်ကာလမှ နိုဝင်ဘာလကုန်အထိ မိုးရွာသွန်းခဲ့ပြီး ယခုဒီဇင်ဘာလတွင်လည်း မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။ သရက်ချောင်းမြို့နယ်တွင် မကြာခဏ မိုးရွာနေသဖြင့် ကွမ်းသီးခွဲခြင်း၊ နေလှန်းခြင်းပြုလုပ် မရဖြစ်နေကြောင်း ဆင်းကူးကျေးရွာမှ ဒေသခံတောင်သူ ဒေါ်ဝင်းဝင်းခက်က ပြောသည်။ “ကွမ်းသီးလှန်းရတာလည်း အဆင်မပြေ၊ အလုပ်သမား ဈေးကလည်းကြီး၊ ကွမ်းသီး ဈေးကလည်း မရှိနဲ့ ဒီတစ်နှစ်မှာ ဒုက္ခဖြစ်တာ မပြောနဲ့တော့။ မိုးက နေ့တိုင်းရွာတယ်။ မနက်ပိုင်း တနပ်စာလှန်း၊ ၁၁ နာရီထိုးရင် ပလပ်စတစ်ပိုင်းတွေ ဝယ် ဖုံး၊ ဖုံးလို့ မခံတဲ့ဟာတွေက (စို) ရွဲ။ အဲဒီလိုဖြစ်နေတယ်ပေါ့” ဟု ဒေါ်ဝင်းဝင်းခက်က ဆိုသည်။ မိုးရေထိသည့် ကွမ်းသီးများမှာ အနီရောင်၊ […]

တိုင်းအတွင်း ဒီဇင်ဘာလတွင်လည်း မိုးရွာဦးမည်

diz_admin

December 1, 2022

တနင်္သာရီတိုင်းအတွင်း မြို့နယ်များတွင် နိုဝင်ဘာလအတွင်းက မိုးရက်ဆက်ရွာသွန်းခဲ့ပြီး ယခု ဒီဇင်ဘာလ ၁၀ ရက်နေ့အထိလည်း မိုးရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် တနင်္သာရီတိုင်းတွင် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်နေ့အထိ လေးရက်မှ ခြောက်ရက်ခန့် ရွာသွန်းမြဲထက် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ်ရှိဒေသအများအပြားတွင် မိုးရက်ဆက်ရွာသွန်းခဲ့သလို မြိတ်နှင့် ကော့သောင်းတို့တွင်လည်း၏ နှစ်ရက်၊ သုံးရက်ခြား မိုးရွာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ […]

ပုလောနှင့် ကျွန်းစုက ဒီရေတော ဧကလေးထောင်ကျော်ကို ကာကွယ်တောအဖြစ်သတ်မှတ်

diz_admin

November 25, 2022

မြိတ်ခရိုင် ကျွန်းစုနှင့် ပုလောမြို့နယ်တို့ရှိ ဒီရေတောဧရိယာ ၄၀၅၇ ဧက ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် လိုက်ကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်ရှိ အကျယ်အဝန်း ၃၃၄၀ ဧကရှိသော မအိုင်ကျွန်းဒီရေတောနှင့် ပုလောမြို့နယ်ရှိ အကျယ်အဝန်း ၇၁၇ ဧကရှိသော ကျောက္ကာအနောက်ကျွန်းတို့ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ မအိုင် ဒီရေတောအား ဩဂုတ်လကတည်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကျောက္ကာအနောက်ကျွန်းကိုမူ နိုဝင်ဘာလ ၁၅ ရက်က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ မအိုင်ကျွန်း ဒီရေတောအတွင်း လမု၊ သမဲ့၊ ကန့်ပလာ၊ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ မဓမ၊ ပင်လယ်အုန်း၊ ခရာ အစရှိသည့် ဒီရေတောပင်များ ပေါက်ရောက်လျက်ရှိပြီး ရေငန်ငါးအမျိုးမျိုး၊ ပုစွန်၊ ကဏန်း၊ ခရုစုပ်ငှက်၊ နှုတ်သီးဝိုင်း ရေညောင့်ငှက်၊ […]