BREAKING
July 26, 2024
EN MM

စီးပွားရေးသတင်း

တန်ဖိုးထက်ဝက်ကျသွားတဲ့ ကျပ်ငွေ

Dawei Watch

August 14, 2023

အာဏာသိမ်းအပြီး ရက်ပေါင်း ၉၀၀ အကြာမှာတော့ မြန်မာငွေတန်ဖိုး ထက်ဝက်ကျဆင်းသွားပါပြီ။ အာဏာမသိမ်းခင်က ကျပ်တစ်သိန်းကို ထိုင်းဘတ် ၂၀၀၀ ရနေတာကနေ အခုတော့ ကျပ်တစ်သိန်းကို ဘတ်တစ်ထောင်ပဲ ရပါတော့တယ်။ အာဏာမသိမ်းခင်က ဘဏ်ထဲမှာ ကျပ်သိန်း ၁၀၀ အပ်ထားသူရဲ့ ငွေတန်ဖိုးက အခုတော့ ကျပ်သိန်း ၅၀ ပဲရှိတော့တဲ့သဘောပါ။

အကျဘက်မှာ ဆက်ရှိနေသည့် ရွှေ၊ ဘတ်၊ ဓာတ်ဆီစျေးကွက်

diz_admin

September 24, 2022

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုဘဝအတွက် အရေးပါလှသည့် ဘတ်၊ရွှေဈေးနှုန်းမှာ ယခုအပတ်တွင် အကျကြမ်းခဲ့သည်။ ထိုင်းဘတ်နှင့် ရွှေမှာ ပြီးခဲ့သည့်အပတ်က ကျရိပ်ပြပြီးနောက် ယခုအပတ်တွင် သိသိသာသာ ဈေးကျသွားပြီး စက်သုံးဆီဈေးမှာမူ ဖြည်းဖြည်းချင်းသာ ကျနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ သိန်းဂဏန်းအထိ ဈေးကျသည့်ရွှေ ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးဖွင့်ထားသည့် အခေါက်ရွှေသည် ယခုအပတ်တွင် တစ်ကျပ်သားလျှင် ငွေကျပ်သိန်းဂဏန်းအထိ ဈေးကျသွားသည်။ အမေရိကန်ဒေါ်လာ အတက်အကျနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာ စက်တင်ဘာလ ၁၉ ရက် (ယခုအပတ်တနင်္လာနေ့)တွင် နှစ်ဆယ့်ရှစ်သိန်းကျော်သာ ဈေးပေါက်တော့သည်။ ယင်းနေ့တွင် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သည်။ […]

အတက်ကြမ်းခဲ့သည့် ကုန်စျေးနှုန်း အနည်းငယ်ပြန်ဆင်း

diz_admin

September 23, 2022

ဆက်တိုက်အတက်ကြမ်းခဲ့သည့် အခြေခံစားသောက် ကုန်စျေးနှုန်းများမှာ ယခုအပတ်တွင် အနည်းငယ်ပြန်လည် ကျဆင်းလာခဲ့သည်။ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည့် ဆန်ကြမ်းတစ်အိတ်လျှင် ငါးရာကျပ်နှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်သောင်းငါးထောင်ကျော်အထိ ဈေးကျလာခဲ့သည်။ ထို့ပြင် စားအုန်းဆီ(ပုံးဝါ)သည် ၉၃၀၀၀ ကျပ်မှ ၈၆၀၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ပြီး ဒေသထွက် ပုဇွန်ခြောက်ဈေးနှုန်းအနည်းငယ်ပြောင်းလဲခဲ့သည်။ သားငါးဈေးကွက်တွင် ဝက်သားဈေး တစ်ထောင်ကျပ်တက်ခဲ့ပြီး ကြက်သွန်ဖြူ/နီ ဈေး အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရသည်။ အခြေခံစားသောက်ကုန်များ ဈေးကျမှုရှိခဲ့သော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုအခြေခံလူတန်းစားအများစုမှာ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။

ယနေ့ ရွှေ၊ဘတ်၊ဓာတ်ဆီ စျေးနှုန်းများ (စက်တင်ဘာ ၂၁)

diz_admin

September 21, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေစျေး၊ ဘတ်စျေးနှင့် ဓာတ်ဆီစျေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ ဓာတ်ဆီစျေးမှာ ရည်ညွှန်းစျေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပစျေးကွက်ပေါက်စျေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီစျေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုစျေးမြင့်လေ့ရှိပြီး စျေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပစျေးကွက်၏ အနိမ့်ဆုံးစျေးနှင့် အမြင့်ဆုံးပေါက်စျေးကို ရယူဖော်ပြပါသည်။

ထားဝယ်တွင် ရွှေအတိုးနှုန်းတက်

diz_admin

September 13, 2022

ရွှေပေါင်နှံသူများပြားနေသည့် တနင်္သာရီတိုင်း ထားဝယ်တွင် အပေါင်ဆိုင်များက ရွှေအတိုးနှုန်း တိုးမြှင့်လိုက်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် စပေါင်ချိန်တွင် ပေးလိုက်သည့် ငွေတန်ဖိုးမှာ ပြန်ရွေးချိန်တွင် တန်ဖိုးလျော့ကျသွားပြီဖြစ်သဖြင့် အပေါင်ဆိုင်များအနေဖြင့် အရှုံးကာမိစေရန် ယင်းသို့အတိုးနှုန်း တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ ယခင်က ရွှေအပေါင်ထားပြီး ငွေကျပ်တစ်သိန်းချေးလျှင် တစ်ထောင့်ငါးရာကျပ် အတိုးယူနေရာမှ စက်တင်ဘာလမှစတင်ကာ အတိုးနှစ်ထောင်ကျပ်ယူနေကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်တစ်ရာလျှင် တစ်ကျပ်ခွဲအတိုးနှုန်းယူနေရာမှ လက်ရှိတွင် နှစ်ကျပ်သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ရွှေပေါင်မည်ဆိုပါ စည်ပင်သာယာလိုင်စင်ရအပေါင်ဆိုင်ထက် ရွှေဆိုင်များတွင်သာ အပေါင်ထားပြီး ငွေချေးကြသည်။ မြန်မာနိုင်ငံ၏ ရွှေပေါက်ဈေးမှာ ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြစ်သွားခဲ့သလို၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄၇၀၀ ကျပ်နှင့် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၀ […]

ထိပ်စည်းပြောင်းသွားသည့် ထားဝယ်ရွှေဈေး

diz_admin

September 13, 2022

ဈေးဆက်တိုက်မြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် ယနေ့ နေ့လယ်ပိုင်းက ထားဝယ်ဈေးကွက်တွင် ထိပ်စည်းပြောင်းသွားပြီး အကျဘက်ပြန်ရောက်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော် (၃,၀၄၀,၀၀၀ ကျပ်) ပေါက်ဈေးရှိခဲ့သည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၉၀၀၀၀ ကျပ်ဖြစ်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင် အချို့ထံမှ သိရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဩဂုတ်လကုန်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ၁၃ ရက်အကြာတွင် သိန်း ၃၀ အောက်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး မကျသော်လည်း ဒေါ်လာဈေးကျနေသည့်အတွက် ရွှေဈေး ဆက်ကျနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ခန့်မှန်းသည်။ စက်တင်ဘာလ ၁၃ ရက် နေ့လယ်အချိန်၏ […]