BREAKING
July 27, 2024
EN MM

ဆောင်းပါး(အမျိုးသမီး/လူငယ်)

ကျားထက်ဆိုးသည့် ရှင်ကြီးများလက်ထဲက ထိုင်းရောက်မြန်မာအမျိုးသမီးများ

Ba Maung

January 25, 2023

“ကျွန်မကို အိမ်ပြန်ပို့ရင် ကိုယ့်ကိုကိုယ် သတ်သေမယ်” လို့ပြောတဲ့ ပန်းနုရဲ့စကားကြောင့် သူ့ကိုကူညီနေကြတဲ့သူတွေ ဆွံ့အသွားခဲ့ရပါတယ်။ အသက် ၁၅ နှစ်အရွယ်ပန်းနုဟာ မြန်မာနိုင်ငံ တောင်ဘက်ပိုင်း ထားဝယ်ကနေ သူ့အမရှိတဲ့ ထိုင်းဘက်ကမ်းကို တရားမဝင် ကူးလာခဲ့တဲ့သူတစ်ယောက်ပါ။ ထိုင်းနိုင်ငံကို သူ့ထက်အရင် ကြိုရောက်နေတဲ့ သူ့အမရဲ့ ကလေးတွေကို ကူထိန်းပေးဖို့ ထိုင်းဘက်ကမ်းဆီ ကူးလာခဲ့တာလည်း ဖြစ်ပါတယ်။ သူ့အမမိသားစုဟာ ထိုင်းနိုင်ငံ ဖန်ငခရိုင်ထဲက ရာဘာစိုက်ခင်းတွေကြားမှာ ရာဘာခြစ်တဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။ ပန်းနုရဲ့အမ၊ အမရဲ့အမျိုးသားအပါအဝင် အလုပ်သမားတွေ ရာဘာခြစ်ဖို့ လုပ်ငန်းခွင်ထဲသွားရချိန်မှာတော့ ပန်းနုဟာ အလုပ်သမားတချို့ကလွဲရင် လူသူအရောက်အပေါက်နည်းတဲ့ ရာဘာတောထဲက အိမ်မှာ တနှစ်အရွယ်ရှိတဲ့ တူမလေးကို ထိန်းဖို့ကျန်နေခဲ့ရပါတယ်။ အဲ့လိုနေထိုင်လာချိန် တညမှာတော့ သူ့အမနဲ့ သူ့ခဲအို အပါအဝင် အလုပ်သမားတွေ ရာဘာခြစ်သွားနေကြချိန်မှာ သူ့ရဲ့ခဲအိုဟာ […]

လှိုင်းကြမ်းကြားက ဘဝတစ်ခု

diz_admin

December 15, 2022

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် ကားလမ်းမကြီးဘေးတွင် ဈေးတန်းကလေးတစ်ခု။ သစ်ပင်အရိပ်ကောင်းတော့ ဈေးတန်းကလေးက အရိပ်ကောင်းကောင်းရနေသည်။ ဈေးတန်းကလေးအတွင်း ရောင်းချနေသူများကြားတွင် အသက် ၂၅ နှစ်အရွယ် အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးကို သတိထားမိကြမည်ဖြစ်သည်။ သူ့နာမည်က မဆုရည်လဲ့ဟုဆိုသည်။ ဈေးတန်းကလေးဆိုသော်လည်း ဆိုင် ၃ ဆိုင်မျှသာရှိပြီး ဈေးဆိုင်ကလေးများမှာ တိုင်းတရားလွတ်တော်ရုံး ခြံဝင်းရှေ့ကပ်လျက် လမ်းဘေးတွင် ခုံလေးများချပြီး ရောင်းချနေကြခြင်းဖြစ်သည်။ မဆုရည်လဲ့က ထမင်းဟင်း၊ လက်လုပ်မုန့်ချိုနှင့် အအေးမျိုးစုံရောင်းနေသူဖြစ်သည်။ ဈေးရောင်းနေသည့် သူမျက်နှာတွင် အပြုံးဆင်ထားသော်လည်း သူ့ဘဝက ပြုံးရယ်နိုင်သည့် အခြေအနေမဟုတ်။ မဆုရည်လဲ့မှာ အဝေးသင်တက္ကသိုလ် (မြန်မာစာ) နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းတွင် သူကိုယ်တိုင် နှစ်ကြိမ်အဖမ်းခံခဲ့ရသလို အမျိုးသားဖြစ်သူလည်းထောင်ကျ၊ မကြာသေးခင်က သူ့အဖေလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံထားရသည်။ အဝေးသင်တက္ကသိုလ်တက်ရင်း မယ်ဒီလန်းဆေးရုံတွင် သူနာပြုအကူ သင်တန်းတက်ခဲ့သည့် […]

တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်

Ba Maung

November 25, 2022

အမျိုးသမီးတွေအများဆုံးပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခုဟာ “တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်” ဆိုတဲ့ကြွေးကြော်သံကို အားကြိုးမာန်တက်ကြွေးကြော်ရင်း စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြနေပါတယ်။ သပိတ်စစ်ကြောင်းမှာတော့ အနီရောင်အကျီတွေဝတ်ဆင်ထားကာ နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ထားတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေကိုတွေ့ရပါတယ်။ ဒီသပိတ်စစ်ကြောင်းတွေကို စစ်အာဏာသိမ်းမှုနှစ်နှစ်နီးပါးရှိတဲ့အချိန်အထိ ထားဝယ်မြို့ရဲ့နေရာ တော်တော်များများမှာ တွေ့နေရဆဲဖြစ်တယ်။ ဒါကတော့အမျိုးသမီးတွေဦးဆောင်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ရဲ့ သပိတ် စစ်ကြောင်းပဲဖြစ်တယ်။ ၂၀၂၁ခုနှစ် သြဂုတ်၂၈က စတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ တတ်ကြွလှုပ်ရှားသူ အမျိုးသမီး တွေစုပေါင်းကာ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု”ကို ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်မှာ စတင်ပြလုပ်ခဲ့ကြတယ်။ ဒီလှုပ်ရှားမှုတွေမှာဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း အနီရောင်အကျီဝတ်၊နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ကာ အမျိုးသမီးအခွင့်အရေးတွေကိုပါတောင်းဆိုခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ထားဝယ်မြို့နယ်၊သရက်ချောင်းမြို့နယ်၊ကံပေါက်၊အရှေ့တော စတဲ့ နေရာတွေမှာပါ အမျိုးသမီးထုဦးဆောင်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ကိုပြုလုပ် ခဲ့ကြတယ်။ တော်လှန်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးထုရဲ့ပါဝင်မှုကလည်း အဓိကအခန်းကဏ္ဍကနေ တည်ရှိနေသင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ၂၀၂၂ ခုနှစ်မတ် ၂၇ မှာတော့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ […]