ကော့သောင်းတွင် ရေတွင်းဟောင်းထဲ၌ အမျိုးသားတစ်ဦး သေဆုံး

0
246
ဓာတ်ပုံ - ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ (ကော့သောင်းမြို့)

ကော့သောင်းမြို့ ၊ရွှေပြည်သာရပ်ကွက်ရှိ တပင်ရွှေထီးလမ်းတွင် ယနေ့ နံနက်ပိုင်း က အမျိုးသားတစ်ဦး ရေတွင်းဟောင်းတစ်ခုထဲ ဆွဲကြိုး ချကာ သေဆုံးနေကြောင်း ‌ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ ထံမှသိရသည်။

သေဆုံးသူ၏ လည်ပင်းတွင် ရေပုံးကြိုးပတ်နေကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

” အဲဒီရေတွင်းက မသုံးတာကြာပြီ ရေရှားလို့ ပြန်သုံး‌နေတာ သေသူက စိတ်လည်း သိပ်မမှန်ချင်ဘူး လို့သိရတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

Dawei Watch က ရရှိထားသည့် ဓာတ်ပုံတွင်အမျိုးသားတစ်ဦး ရေတွင်း အလယ်လောက်တွင် လည်ပင်း ၌ ကြိုး တွဲလောင်းဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

မည်သည်အကြောင်းရင်းကြောင့် ယင်းသို့ဖြစ်ရသည်ကိုမူ မသိရသေးပေ။

သေဆုံးသူမှာ အသက် ၄၀ ကျော်အရွက်ရှိ ကိုဖိုးလမင်း ဆိုသူဖြစ်ပြီး အလောင်းကို ကော့သောင်းမြို့ ၂ မိုင်ဆေးရုံ ရင်ခွဲရုံသို့ အထက်ပါအဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။