Home သတင်း ပြည်တွင်းသတင်း

ပြည်တွင်းသတင်း

This is news for Local.

ဝေဖန်ခံနေရသော ညောင်ခါးရှည် စစ်ဆေးရေးဂိတ် စစ်ဆေးမှုများဖြေလျှော့

အချိန်ကြာမြင့်စွာ စစ်ဆေးမှုကြောင့် ဝေဖန်ခံနေရသည့် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဖြေလျှော့ပေးလိုက်သဖြင့် ယခင်လို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုတော့ကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများထံမှသိရသည်။ ယခင်က ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပိတ်ဆို့နေ၍ နာရီပေါင်းများစွာ စောင့်ဆိုင်းရသည့်...

မုဒုံ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ လေးဦးဒဏ်ရာရ

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ ယနေ့ နံနက် ၁၀...

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ

မော်လမြိုင်တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း သေနတ်ကိုင်ထားသူတစ်ဦး ဝင်ရောက်လာကာ ဓားပြတိုက်သွားကြောင်း မြို့ခံများထံမှ သိရသည်။ သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရွှေဆိုင်တွင် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး ဆိုင်ထဲဝင်လာပြီး...

မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ် ပြန်ပြေးဆွဲမည်

ကိုဗစ်ဖြစ်ပွားပြီးနောက် ရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းခရီးစဉ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း မော်လမြိုင်ဌာနခွဲမှ သိရသည်။ မော်လမြိုင်-ရန်ကုန် လေးကြောင်းလိုင်းခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာနှင့် သောကြာ နှစ်ရက်...

ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း (ခေါ်) ရှမ်းလေးသည် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က...

မိုးကြောင့် မွန်ရှိ ဆားကွင်းများပျက်စီး၊ ဆားအထွက်နောက်ကျနိုင်

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်ရန် ပင်လယ်ရေစလှန်းသည့် နိုဝင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဆားကွင်းများပျက်စီးကာ ဆားထုတ်လုပ်မှုနောက်ကျနိုင်ကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင် တို့ထံမှ သိရသည်။ ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှ စတင်ပြင်ဆင်ကြကာ နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး...

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ လူသတ်မြေမြှုပ်မိုင်း...

တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်နားကပ်လာ၊ တရုတ်စီမံကိန်းများအနီးတွင်ဖြစ်ပွားမှု နှစ်ဆတိုးလာဟုဆို

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းအနီးဝန်းကျင်နှင့် အနီးတဝိုက် ဆက်စပ်နေရာများတွင် ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု နှစ်ဆနီးပါးတိုးလာပြီး အကြိမ်ရေအားဖြင့် ၂၀၀ ထက်မနည်းရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ယနေ့ ထုတ်ပြန်သည်။ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှ...

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော ကလေးတစ်ဦးအပါအဝင် မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း ကန်ချနဘူရီသတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ နောင်းလူရွာတွင် မြန်မာအလုပ်သမားများအား...