BREAKING
May 11, 2025

ပြည်တွင်းသတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 11, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၄ ရက်မှ ၁၀ ရက်အထိ မြန်မာစစ်ခေါင်းဆောင် ရုရှားခရီးစဉ်မှာ တရုတ်သမ္မတနဲ့ တွေ့ခွင့်ရ နှစ် ၈၀ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲဖြစ်တဲ့ ရင်ပြင်နီချီတက်ပွဲကို တက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၉ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာပါ။ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်သေဆုံး ပျက်စီးမှုအပေါ် တရုတ်နိုင်ငံက အကူအညီပေးနေတဲ့ အခြေအနေကို ရှီကျင့်ဖျင်က ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တည်ငြိမ်သင့်လျော်စွာနဲ့ ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှုကို​ ထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။ […]

ငလျင်ကြောင့် ရပ်နားထားသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ဇွန်လဆန်းတွင် ပြန်ကျင်းပမည်

Dawei Watch

May 9, 2025

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ဆိုင်းငံ့ခဲ့သည့် ဓမ္မာစရိယစာမေးပွဲနှင့် ကျင်းပရန်စီစဥ်ထားသော ပထမပြန်စာမေးပွဲများကို ဇွန်လဆန်းတွင် ပြန်ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ယနေ့ မေလ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည် ။ ဖြေဆိုဆဲ ဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ပြန်ကျင်းပမည်ဖြစ်ပြီး ငလျင်မတိုင်မီ ဖြေဆိုထားသည့် ကျမ်း ၂ ကျမ်းကို ပြန်လည်ဖြေဆိုရန် မလိုတော့ကြောင်း စာမေးပွဲကြီးကြပ်ဆရာတော်များထံမှ သိရသည်။ “ငလျင်လှုပ်ပေမယ့် စာဖြေဌာနတော်တော်များများက စာမေးပွဲအချိန် ပြီးသွားကြတယ်။ စစ်ကိုင်းနဲ့ မန္တလေးလို ငလျင်ထိတဲ့ ဒေသတွေတော့ ဖြေရင်းတန်းလန်း ပိတ်မိတာမျိုးဖြစ်ကြတယ်။ ငလျင်ဒဏ်သင့် စာဖြေဌာနတွေအတွက် ကုစားအနေနဲ့ ဒုတိယကျမ်း ပထမရက်အောင်ရင် တစ်ကျမ်းလုံးအအောင်ပေးဖို့ စီစဥ်ထားတယ်လို့ သိရတယ်” […]

RFA မြန်မာပိုင်းအစီအစဉ်များ လုံးဝရပ်နားကြောင်း ကြေညာ

Dawei Watch

May 9, 2025

ရန်ပုံငွေ မသေချာ မရေရာမှုများကြောင့် RFA မြန်မာပိုင်းအစီအစဉ်များထုတ်လွှင့်မှုများကို လုံးဝ ရပ်နားတော့မည် ဖြစ်ကြောင်း RFA မြန်မာပိုင်းက ယနေ့ မေလ ၉ရက်တွင် ကြေညာသည်။ “ကျွန်တော်တို့ RFA မြန်မာပိုင်းအစီအစဉ်တွေ လုံးဝ ရပ်နားရပါတော့မယ်။ ပရိသတ်များအားလုံးကို ဝမ်းနည်းစွာနဲ့ပဲ နှုတ်ဆက်စကား ဆိုရပါတော့မယ်” ဟု RFA မြန်မာပိုင်း၏ ဌာနမှူး ဦးကျော်ကျော်အောင်က ပြောဆိုသည်။ RFA မြန်မာပိုင်းအစီအစဉ်ကို နှစ်ပေါင်းများစွာ နားဆင်ခဲ့ကြသည့် ပရိသတ်များ၏ အားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်းကြေညာချက်တွင် ဖော်ပြသည်။ VOA နှင့် RFA သတင်းဌာနများကို ငွေကြေးထောက်ပံ့နေသည့် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်းအဆုံးစွန်ထိ လျှော့ချရန် မတ်လ ၁၅ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန်သစ် […]

ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်

Dawei Watch

May 6, 2025

ရခိုင်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစော (ခေါ်) ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် မေလ ၅ရက်ညတွင် ကွယ်လွန်ကြောင်း နီးစပ်သည့် နိုင်ငံရေးအသိုင်းအဝိုင်းထံမှ သိရသည်။ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း အသက် ၇၂နှစ်အရွယ် ဦးဦးလှစောသည် လည်ချောင်း ကင်ဆာရောဂါကို ဆေးကုသမှု ခံယူနေစဉ် မေလ ၅ရက် ည ၁၁နာရီကျော်တွင် ကွယ်လွန်ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးဦးလှစောသည် အာရက္ခတပ်တော် (AA/ULA) တွင် နိုင်ငံရေးမှူး တာဝန်ယူခဲ့သည်။ ၂၀၂၂ခုနှစ်က စစ်ကောင်စီပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားကို AA/ULA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ဦးဦးလှစောသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တွင် ပါဝင်ခဲ့ပြီး စစ်အစိုးရက ပါတီကို ဖျက်သိမ်းခဲ့သည်။ ယင်းနောက် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 3, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အထိ သိမ်းထားတဲ့မြို့တွေကနေ ပြန်ဆုတ်ဖို့ စစ်ကောင်စီပြန်တောင်းဆိုမှု တအာင်းတပ်ငြင်း သိမ်းယူထားတဲ့ မြို့တွေကနေ တအာင်းတပ် TNLA ပြန်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပြီး တအာင်းတပ်ဘက်က ငြင်းပယ်တာကြောင့် ဆွေးနွေးပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်တို့ဟာ ဧပြီလ ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ဆွေးနွေးခဲ့ကြတာပါ။ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ် သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၊ မန်တုံမြို့နယ်အထိ […]

သိမ်းထားသည့်မြို့များမှ ပြန်ဆုတ်ရန် စစ်ကောင်စီတောင်းဆိုမှု တအာင်းတပ်ငြင်း၊ တရုတ်တွင် ကျင်းပသည့်ဆွေးနွေးပွဲ သဘောတူညီမှုမရ

Dawei Watch

May 2, 2025

တရုတ်နိုင်ငံက ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်းတပ် TNLA တို့ ဧပြီလကုန်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု မရခဲ့ကြောင်း တအာင်းတပ်က ထုတ်ပြန်သည်။ တအာင်းတပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် ဧပြီလ ၂၈ နှင့် ၂၉ ရက်တွင် ဆွေးနွေးကြခြင်းဖြစ်သည်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသော ဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းအထိ တအာင်းတပ် ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့သည့်အပေါ် တအာင်းတပ်ဘက်က သဘောမတူသဖြင့် ဆွေးနွေးပွဲ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်သွားကြောင်း ဖော်ပြသည်။ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြောင်း ဆိုသည်။ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ […]

ရခိုင်နယ်စပ်တွင် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် မူအရ လက်ခံ

Dawei Watch

April 28, 2025

စစ်ဘေးဒဏ်သင့် မြန်မာနိုင်ငံသားများအတွက် ရခိုင််ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံ တည်ဆောက်ရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မူအရ လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံတည်ဆောက်လိုတယ်။ (ဘင်္ဂလားဒေ့ရှ်) အသွင်ကူးပြောင်းရေးကာလအစိုးရက ဒါကို မူအားဖြင့် သဘောတူလိုက်ပြီ။ အကောင်အထည်ဖော်မဖော်ကတော့ အခြေအနေအချို့အပေါ် မူတည်တယ်” ဟု ဘင်္ဂလားဒေ့ရှ်အသွင်ကူးပြောင်းရေးကာလအစိုးရ နိုင်ငံခြားရေးရာအကြံပေးပုဂ္ဂိုလ် Md. Towhid Hossain က ယမန်နေ့ တနင်္ဂနွေနေ့က ဒါကာမြို့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ “အဲဒါက လူသားချင်းစာနာမှုအကူအညီပေးရေး လမ်းကြောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခြေအနေအချို့ ရှိတယ်။ အသေးစိတ်တော့ ကျွန်တော် မပြောတော့ဘူး။ ဒီစည်းမျဉ်းတွေနဲ့ ကိုက်ညီရင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

April 26, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိ တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို စစ်ကောင်စီပြန်ရ တရုတ်ကြားဝင်ဖိအားပေးစေ့စပ်မှုနဲ့ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက ပြန်လည်ဝင်ရောက်အုပ်ချုပ်ခွင့်ရပါတယ်။ ရှစ်လကျော်ကြာ သိမ်းယူထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်တွေ ထွက်ခွာသွားပြီးနောက် ဧပြီလ ၂၂ရက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားအစီးရေ ရာနဲ့ချီ လားရှိုးမြို့ထဲ ပြန်လည်ဝင်ရောက်နေရာယူလိုက်ပါတယ်။ လားရှိုးမြို့ကို ပြန်လွှဲပြောင်းရေးအတွက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်ဘက်က ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့လည်း ရောက်ရှိနေပါတယ်။ စစ်ကောင်စီဟာ ရပ်ကွက် ၁၂ ခုရှိတဲ့ မြို့ပေါ် ကို အုပ်ချုပ်ခွင့်ရမှာဖြစ်ပြီး မြို့ဘေးပတ်ပတ်လည်နဲ့ ကျေးရွာတွေကိုတော့ ကိုးကန့်တပ်က အုပ်ချုပ်မယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတချို့မှာ […]