တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
May 11, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၄ ရက်မှ ၁၀ ရက်အထိ မြန်မာစစ်ခေါင်းဆောင် ရုရှားခရီးစဉ်မှာ တရုတ်သမ္မတနဲ့ တွေ့ခွင့်ရ နှစ် ၈၀ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲဖြစ်တဲ့ ရင်ပြင်နီချီတက်ပွဲကို တက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၉ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာပါ။ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်သေဆုံး ပျက်စီးမှုအပေါ် တရုတ်နိုင်ငံက အကူအညီပေးနေတဲ့ အခြေအနေကို ရှီကျင့်ဖျင်က ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တည်ငြိမ်သင့်လျော်စွာနဲ့ ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှုကို ထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။ […]