သရက်နှစ်ခွရွာတွင် ‌ကျောင်းပိတ်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေး၊ စစ်ကောင်စီက ဆက်ဖွင့်ရန် ဖိအားပေး

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် ကျောင်းဆက်လက် မဖွင့်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေးပြောဆိုထားသလို စစ်ကောင်စီကမူ ကျောင်းဆက်ဖွင့်ထားရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲသို့...

လောင်းလုံး ကျေးရွာအချို့တွင် ညဖက်ကင်းလှည့်၊ ကင်းပုန်းဝပ်မှုများကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဇွန်လ ၁ ရက်ကစပြီး စစ်ကောင်စီတပ်က ညဖက်ကင်းလှည့်ခြင်း ကင်းပုန်း ဝပ်ခြင်းများ နေ့စဉ်ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြစ်ကမ်းဘေးတွင်ရှိသည့် သာယာကုန်း၊ သဲပုံ၊ အင်းဝန်း၊ ကမြောကြီး...

သရက်ချောင်းက ကျေးရွာလေးရွာထက်မနည်းကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ရှာဖွေ

သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့တွင် ကျေးရွာ လေးရွာထက်မနည်းကို ဆက်လက်ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၆ ရက် နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာကြောင်း...

ထားဝယ်တွင် ကျောင်းအပ်သူများ၍ ပြင်ပဈေးကွက်တွင် ပုံနှိပ်စာအုပ်ဈေးနှစ်ဆတက်

ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် ယခုပညာသင်နှစ်(၂၀၂၃-၂၀၂၄)တွင် ကျောင်းအပ်သူ များပြားလာသည့်အတွက်ကြောင့် ပြင်ပဈေးကွက်တွင် အတန်းစုံအခြေခံပညာ ပုံနှိပ်စာအုပ်များ ဈေးနှစ်ဆ တက်လာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ် အရောင်းဆိုင်များထံမှသိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG မှ G 12 အထိ အခြေခံပညာ ပုံနှိပ်စာအုပ်များ၏တန်ဖိုးမှာ...

လောင်းလုံး အထက်တန်းကျောင်း ဖျက်ဆီးခံရ

လောင်းလုံးမြို့ အထက်တန်းကျောင်းကို အမည်မသိလူများက ဝင်ရောက်ပြီး ကျောင်းစာသင်ခန်းအချို့ကို ဖျက်ဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်သည့် ဇွန်လ ၄ ရက်နေ့တွင် ဝင်ရောက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကျောင်းထဲရှိ စာသင်ခန်းအချို့၊...

ဥတ္တူရွာက နေအိမ်နှစ်လုံးမီးရှို့ခံရ

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၆ ရက် ယနေ့ နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ရွာထဲက...

ထားဝယ်တွင် ကိုဗစ်လူနာ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် အသက် ၇၃ နှစ်ခန့်ရှိ ကိုဗစ်လူနာအမျိုးသမီးကြီးတစ်ဦး ယနေ့ ဇွန်လ ၄ရက်တွင် ထပ်မံသေဆုံးကြောင်း ပရဟိတအသင်းအဖွဲ့များထံက သိရသည်။ အထက်ပါအမျိုးသမီးမှာ ပလောက်မြို့နယ် ကျောက်တောင်ရွာက ဒေါ်ခင်ယုဆိုသူဖြစ်ပြီး မေလ ၃၀ ရက်က ထားဝယ်ဆေးရုံကြီးတွင်...

သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာအနီး ကားတစ်စီးပစ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာနှင့် ချောက်ချောင်းရွာကြား ၃၂ မိုင်အနီးတွင် ဇွန်လ ၁ ရက် ည ၈ နာရီကျော်ခန့်က ကားတစ်စီးပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ဖရဲသီးသယ်သည့်ကားကို...

သရက်ချောင်း၊ ညောင်ဇင်ရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရ

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာက အသက် ၅၅နှစ်အရွယ် ဦးခင်ဇော်ဆိုသူ ဇွန်လ ၁ ရက် ည ၅ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ နေအိမ်နှင့် အနည်းငယ်ဝေးသည့် လယ်ကွင်းအစပ်က...

လောင်းလုံးကျေးရွာအချို့ ပြောင်းရွေ့ရမည်ဆိုသောသတင်းကြောင့် ထားဝယ်အိမ်ခြံမြေစျေးကွက်လှုပ်ခတ်

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ငါးရက်အတွင်း ပြောင်းရွှေ့ပေးရမည်ဆိုသည့် ကောလာဟလ သတင်းများ ပျံ့နှံ့လာသဖြင့် ဒေသခံများအကြားတွင် စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်။ သို့သော် ယင်းသတင်းနှင့် ပတ်သက်၍ အတည်ပြုပေးနိုင်သူ မရှိသေးပေ။ ထားဝယ်အိမ်ခြံမြေ...