ထားဝယ်တွင် ကွမ်းသီးခြောက် အမြင့်ဆုံးစျေးရောက်
Dawei Watch
May 9, 2025ထားဝယ်တွင် ကွမ်းသီးနုရာသီအစ မေလ ပထမပတ်အတွင်း ကွမ်းသီးခြောက် အခြမ်း တစ်ပိသာ နှစ်သောင်းခွဲကျပ်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ ပြီးခဲ့သည်နှစ်က ထားဝယ်ဒေသ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များတွင် ကွမ်းသီးနု စျေးကောင်းသည့်အတွက် ခူးယူ ရောင်းချ သူများသဖြင့် ကွမ်းသီးခြောက် ထွက်ရှိမှုနည်းပြီး စျေးတက်နေခြင်းဖြစ်ကြောင်း ထာဝယ်မြို့ ရှိ ကွမ်းသီးပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ကွမ်းသီးခြောက်မှာ တောင်သူများလက်ထဲတွင် ကုန်ခါနီးဖြစ်နေပြီ ဖြစ်သဖြင့် လတ်တလောတွင် စျေးပိုမိုတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲသည့် ဇန်နဝါရီလနှင့် ဧပြီလကြားတွင် ကွမ်းသီးခြောက်အခြမ်း တစ်ပိသာ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြားတွင်သာ စျေးရှိခဲ့ကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။ “အခုစျေးက အမြင့်ဆုံးလို့ ပြောလို့ရမယ်။ ပြီးခဲ့ရာသီက ကွမ်းသီးနု ဆွတ်ရောင်းကြတာများလို့ […]