ရေဖြူ ဖြူနပ်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ဖြူနပ်ရွာတွင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ဥယျာဥ်ခြံထဲရှိ အိမ်တွင် ဧပြီလ ၆ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူသည် အုန်းပင်ကွင်းကျေးရွာအုပ်စု၊...

မြိတ်မြို့တွင် ယခုနှစ် တစ်လပိုစောပြီး သောက်သုံးရေအခက်အခဲဖြစ်

မြိတ်မြို့နယ်တွင် ယခင်နှစ်များထက် ယခုနှစ်တွင် တစ်လပိုစောပြီး သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း ပါရမီ နာ‌ရေးကူညီမှုနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း (မြိတ်) ထံမှ သိရသည်။ မြိတ်မြို့တွင် နှစ်တိုင်းဧပြီလ အစောပိုင်းကလတွင် သောက်သုံးရေ ပြတ်လပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် မတ်လ...

ရေဖြူတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ပြီး လူငယ်တစ်ဦးသေ၊ ငါးဦးဒဏ်ရာအပြင်းအထန်ရ

ရေဖြူမြို့နယ် အလယ်စခန်းရွာအနီးတွင် ဧပြီလ ၇ရက်နေ့ ညနေပိုင်းက ရန်ကုန်မှ ကော့သောင်းအထိ ပြေးဆွဲသည့် ရတနာတိုး ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစ်စီးတိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ အပြင်းအထန်ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူများထံမှ သိရသည်။ အဆိုပါခရီးသည်တင်ယာဉ်မှာ ရေးဘက်မှ ထားဝယ်မြို့ဘက်သို့...

ထားဝယ်အထူးစီးပွားရေဇုန်ဒေသကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာအချို့ကို ယနေ့ (ဧပြီ ၇ )နံနက်ပိုင်းက စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။ စစ်ကောင်စီတပ်သည် ကားနှစ်စီးဖြင့် ယနေ့မနက်ပိုင်းက ဝက်ချောင်းရွာသို့က‌နဦးရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးကာ ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

ရေဖြူ၊ ညင်းထွေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

ရေဖြူမြို့နယ် ၊ ကျောက်ကညာရွာနှင့် ညင်းထွေးရွာအကြားရှိ ညင်းထွေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂ဝ ဦးကို ဧပြီလ ၄ ရက် ညနေက ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ “...

သင်္ဃန်းညီနောင်စစ်ဗျူဟာကို သိမ်းယူလိုက်ကြောင်း KNLA ထုတ်ပြန်၊ မြဝတီ ခလရ ၂၇၅ တပ်က လက်နက်ချရန် ညှိနှိုင်းနေဟု သတင်းထွက်

စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ရက် ညတွင် သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဗဟိုက သတင်းထုတ်ပြန်သည်။ KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်)...

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးမတော်တဆမှုကြောင့် ဆေးကုနေရသည့်ရဲဘော်သေဆုံး

ဗုံးမတော်တဆမှုကြောင့် ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁) က အသက် ၂ဝ ဝန်းကျင်အရွယ် ရဲဘော်ပိုးစိုင်သည် ဧပြီလ ၅ ရက်တွင် သေဆုံးကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းစတင်သည့် ဓာတ်ပုံများ စစ်ကောင်စီထုတ်ပြန်

တနင်္သာရီတိုင်းက စစ်မှုထမ်းသင်တန်း စတင်သည့် ဓာတ်ပုံများကို စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက ထုတ်ပြန်လာသည်။ ပုလောမြို့နယ် ပလောက်မြို့ စစ်ကောင်စီတပ်၏ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ‌စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် စစ်မှုထမ်းပုံများကို ထုတ်ပြန်လာခြင်းဖြစ်သည်။

အရေးပေါ်ကိစ္စများအတွက် ရေး – သရက်ချောင်းလမ်းပိုင်းကို ညပိုင်းသွားလာခွင့်ပြုမည်

ရေးတောင်ပိုင်းမှ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အထိ ညဘက်သွားလာခွင့်ပိတ်ထားသော်လည်း အရေးပေါ်ကိစ္စများ အတွက် ခွင့်ပြုကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစုများက ယနေ့ ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်သည်။ ယင်းလမ်းကို ည ၆နာရီ မှ နံနက်...

ထားဝယ်ထောင်ပြင်ပ ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရ

ထားဝယ်အကျဉ်းထောင် ပြင်ပသို့ခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ ဧပြီလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ မတ်လ ဒုတိယအပတ်က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က...