PDF တွေက ပြည်သူတွေကို စစ်သင်တန်းပေးနေတယ်ဆိုပြီး ကျေးရွာတွေကို တိုက်ခိုက်ဖို့ သတင်းအမှားဖြန့်လှုံ့ဆော်

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒေသခံပြည်သူတွေကို စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ရေးသားဖြန့်ဝေနေပါတယ်။ အဲဒီလို ဖြန့်ဝေနေတာကို Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာကို တွေ့ရပါတယ်။ ပြည်သူတွေကို ပစ်မှတ်ထားတဲ့လှုံ့ဆော်မှု

ဗိုလ်ကြီးဟောင်းနေမျိုးဇင် သေဆုံးပြီဆိုသည့် သတင်းအမှား

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အပါအဝင် ဆိုရှယ်မီဒီယာ အ‌ကောင့်တို့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ဖြန့်ချီနေကြသည်။ ယင်းအပေါ် Dawei Watch က အချက်လက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါသတင်းကို စတင်ဖြန့်ချီသူမှာ Naung Taw Lay အမည်ဖြင့် တယ်လီဂရမ်ချန်နယ်ဖြစ်ပြီး ဧပြီလ ၁...

ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းရောဂါဖြစ်တယ်ဆိုတဲ့ အယူအဆအမှား

ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းစွဲလိမ့်မယ်ဆိုတဲ့စကားဟာ ပတ်ဝန်းကျင်မှာ အမြဲကြားရလေ့ပြီး အဲဒီအယူအဆကို အမှန်လို့ထင်နေသူတွေ များပါတယ်။ တကယ်တော့ ထမင်းစားပြီး ရေဖျဉ်းစွဲတယ်ဆိုတဲ့ အယူအဆဟာ မှားယွင်း ပါတယ်။ အဲဒီအကြောင်းကို Dawei Watch က ကျွမ်းကျင်ဆရာဝန်ကို...

ပုလောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ငါးဆယ်ကျော်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာတိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ငါးဆယ်ကျော် သေဆုံးတယ်လို့ “နေပြည်တော်” အမည်ရ တယ်လီဂရမ်ချန်နယ်က ဖြန့်ချီနေပါတယ်။  အဲဒီဖြန့်ချီချက်အပေါ် Dawei Watch က စိစစ်ကြည့်ရာမှာတော့ အချက်အလက်မှားယွင်းနေတာကို တွေ့ရပါတယ်။  နေပြည်တော် အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကို Suscribe ပြုလုပ်ထားသူ ခုနစ်ထောင်ခြောက်ရာကျော်ရှိပါတယ်။ အဲဒီချန်နယ်က “ပုလောတပ်စခန်းသိမ်းဆည်းရရှိပြီထင်ပြီးနောက် ဗုံးကြဲခံလိုက်ရလို့ PDF ပဒက်...

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ လွတ်မြောက်တယ်ဆိုတဲ့ သတင်းအမှား

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးရာမှာ သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ လွတ်မြောက်လာတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသား၊...

ကော်သူးလေတပ်မတော် ဒုစစ်ဦးစီးချုပ်ကွယ်လွန်တာ လက်နက်ကြီးထိမှန်လို့ဆိုပြီး အချိန်ကိုက်သတင်းမှားဖြန့်

ကော်သူးလေတပ်မတော် (KTLA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါး လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာကို ဆေးကုသနေရင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆေးရုံတစ်ရုံမှာ ဒီဇင်ဘာလ ၂၈ ရက်ညက သေဆုံးသွားတယ်လို့ လူမှုကွန်ရက် အကောင့်တချို့မှာ ဖော်ပြနေကြပါတယ်။ အဲဒီဖော်ပြချက်တွေ Dawei Watch က အချက်အလက်စစ်ဆေးကြည့်ရာ အချက်အလက်မှားယွင်းနေတာကို တွေ့ရှိ ရပါတယ်။ အဲဒီသတင်းအမှားတွေဟာ...

သတင်းအတု၊ သတင်းအမှားတွေကြားက တနင်္သာရီ

“ရွာထဲကို စစ်ကြောင်းဝင်လာနေတယ်တဲ့” ပြောလက်စ လက်ကိုင်ဖုန်းကိုချပြီး ထမင်းဝိုင်းဖက်လှည့်ကာ ကိုမိုးနိုင်က အသံခပ်အုပ်အုပ်နဲ့ အသိပေးလိုက်တယ်။ တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြောပြလာတဲ့ သတင်းစကားကို သူ့မိသားစုကို တစ်ဆင့်ပြန် ပြောပြလိုက်တာ ဖြစ်ပါတယ်။

သားဆက်ခြားနည်း အယူအဆအမှား

အခုခေတ်မှာ ကိုယ်ဝန်မရအောင်တားဆီးတဲ့နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲမှာ စိတ်ချရတဲ့နည်းလမ်းတွေရှိသလို စိတ်မချရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ သန္ဓေတားနည်းအားလုံးဟာ ရာနှုန်းပြည့်စိတ်ချရတာမျိုး မရှိပါဘူး။ အဲဒီအထဲမှာမှ မိန်းမကိုယ်ပြင်ပ သုတ်လွှတ်တာ၊ ရက်ရှောင်တာ၊ အရေးပေါ်သန္ဓေတားဆေး အမြဲသုံးစွဲတာက ရာနှုန်းပြည့်စိတ်ချရတယ်လို့...

သတိ . . ! လေယာဉ်လက်မှတ် လိမ်ရောင်းသူတွေရှိနေတယ်

လုံခြုံရေးအခက်အခဲကြောင့် ခရီသည်တင်ကားနဲ့ ခရီးသွားလာသူနည်းပါးလာပြီး လေကြောင်းနဲ့ ခရီးသွားလာသူ များလာ ပါတယ်။ တနင်္သာရီတိုင်းတွင်း၊ တိုင်းပြင်ပ ခရီးသွားဖို့ လေယာဉ်လက်မှတ် ကြိုတင်အော်ဒါတင်သူတွေနဲ့ ပြည့်နှက်နေကြပြီး လက်မှတ်ရရှိဖို့ လချီကြာစောင့်ဆိုင်းနေကြရပါတယ်။  အဲဒီလို လေယာဉ်လက်မှတ်ရရှိဖို့ ခက်ခဲလာချိန်မှာ လက်မှတ်လိမ်လည်ရောင်းချသူတွေလည်း အချိန်ကိုက် ပေါ်လာနေကြပါတယ်။

ရေဖြူ မူးဒူးရွာမှာ KNU နဲ့ PDF ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အချိန်ကိုက်သတင်းမှားဖြန့်

ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က KNU နဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ် လိုက်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ အဲဒီအကြောင်းအရာကို Dawei Watch...