ထားဝယ်ထောင်တွင် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီးခြေကျိုး

ထားဝယ်အကျဉ်းထောင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုးသွားကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ မတ်လ ၂၂ ရက်တွင် ထောင်အာဏာပိုင်များက သစ်ပင်အကိုင်းခုတ်ခိုင်းသဖြင့် တက်ခုတ်ရာမှ ပြုတ်ကျခြင်းဖြစ်ပြီး ၎င်းကို ထားဝယ်ဆေးရုံသို့...

ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား PDF ရဲဘော်တစ်ဦး ဗုံးမတော်တဆမှုကြောင့်သေဆုံး

ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား အသက် ၂၆ နှစ်အရွယ် PDF ရဲဘော်ပျိုစင်သည် ဗုံးမတော်တဆမှုကြောင့် သေဆုံးကြောင်း အဆိုပါရဲဘော်နှင့်နီးစပ်သူများထံက သိရသည်။ ရေဖြူမြို့နယ်၊ အနောက်ဘက်ကမ်းတွင် မတ်လ ၂၄ ရက်က ဒရုန်း ဗုံးသီးတပ်ဆင်စဉ်...

ရေဖြူ ဇာဒီရွာက သားအဖနှစ်ဦးဖမ်းဆီးခံရပြီး သတင်းအစအနပျောက်နေ

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် မတ်လ ၂၆ ရက်ညက သားအဖနှစ်ဦးကို လက်နက်ကိုင်တစ်စုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ရွာသားများထံမှ သိရသည်။ ဦးအုန်းလွင်နှင့် ၎င်း၏သားဖြစ်သူ ကိုထက်လင်းတို့ နေအိမ်တွင်ရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးဦးခန့်က...

ကော့သောင်းတွင် ကျပ် ၈၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ

ကော့သောင်းတွင် ကာလတန်ဖိုး ကျပ် ၈၅ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၈၅၀ ပြားဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ CCDAC MYANMAR ကထုတ်ပြန်သည်။ မူးယစ်ပူးပေါင်းရဲတပ်ဖွဲ့သည့် မတ်လ...

ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် လိင်တူထိမ်းမြားခွင့်ပြုသော ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်

ထိုင်းနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံး လိင်တူထိမ်းမြားခွင့်ပြုသောနိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေကို အောက်လွှတ်တော်က ယမန်နေ့ (မတ် ၂၇) တွင် တခဲနက် ထောက်ခံအတည်ပြုခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင်...

ထိုင်းဆုန်ခရမ်ပွဲတော်ကာလ ဧပြီ ၁၂ မှ ၁၆ ရက်နေ့အထိ ရုံးပိတ်မည်

ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်သော ဆုန်ခရမ်ရေကစားပွဲတော်ကာလအတွင်း လာမည့် ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ လဝကရုံးများအပါအဝင် တစ်နိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ချင်းမိုင်လဝကရုံးက ထုတ်ပြန်ထားသည်။ ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ...

ထိုင်းမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ဧပြီလအစောပိုင်းအထိ အပူချိန်တိုးနေဦးမည်

ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များနှင့် အလယ်ပိုင်းခရိုင်များတွင် ယခုမတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းရက်များ အထိ အပူချိန်များထက်တိုးနေဦးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အပူချိန်မတိုးမီ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းများတွင် တောင်ဘက်က တိုက်ခတ်လာနေသော လေများကြောင့် မိုးရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသ ညွှန်ကြားရေးမှူး...

တပ်မတော်နေ့ ထားဝယ်ခရိုင် နေရာသုံးခု တိုက်ခိုက်ခံရ၊ နောက်ထပ်သုံးနေရာတွင်လည်း ပစ်ခတ်မှုဖြစ်

ထားဝယ်ခရိုင်တွင် တပ်မတော်နေ့က စစ်ကောင်စီတပ်စခန်း သုံးနေရာ တိုက်ခိုက်ခံရပြီး နောက်ထပ် နေရာသုံးခုတွင်လည်း ပစ်ခတ်မှု ဖြစ်ပွားကာ နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန် ပျက်စီးကြောင်း စုံစမ်း သိရသည်။ မတ်လ ၂၇ ရက် နေ့ပိုင်းတွင် ထားဝယ်မြို့...

စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါမည်

စစ်ကောင်စီက အဓမ္မအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းအစီအစဉ်၏ ပထမဆုံးအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါဝင်မည်ဖြစ်ပြီး မြိတ်မြို့နယ်က အများဆုံးဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။ စစ်မှုထမ်းမည့်သူ ၂၆၀ ကျော်တွင် မြိတ်မြို့နယ်က ၁၂၀ ဦးမှ ၁၅၀ ဦးကြား...

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကွဲပြီး ဓမ္မသရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် ဂျိုးမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်စစ်သင်္ဘောက ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ဒေသခံတို့က ပြောသည်။ စစ်သင်္ဘောက မတ်လ ၂၇ ရက်နေ့...