ခဲသတ္တု ပြင်ပပေါက်ဈေးမငြိမ်

ထားဝယ်အရှေ့တောနယ်မှ ထွက်ရှိသည့် ခဲသတ္တုဈေးနှုန်းမှာ ဈေးတည်ငြိမ်မှုမရှိဘဲ အတက်အကျများနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင် ခဲထုတ်လုပ်(ဒေသအခေါ် ခဲယင်းသူ)သူများက ပြင်ပဝယ်လက်များထံ ရောင်းချသည့် ဈေးနှုန်းမှာ မတည်ငြိမ်ဖြစ်‌နေခြင်းဖြစ်သည်။ ဩဂုတ်လနှောင်းပိုင်းက...

မွန်တွင် ဆေးဝါးအချို့ပြတ်လပ်သဖြင့် သုံးစွဲသူများအခက်အခဲဖြစ်

မွန်ပြည်နယ် ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေသည့်အတွက် သုံးစွဲနေရသူများ အခက်အခဲကြုံတွေ့ နေရကြောင်း သုံးစွဲသူအချို့တို့ထံမှ သိရသည်။ ဆေးဝါးများကို ပြည်ပမှဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရပြီး ဒေါ်လာရရှိရန် အခက်အခဲရှိသည့်အပြင် ဈေးအဆမတန် မြင့်တက်နေခြင်း၊ ဆေးဝါးသွင်းကုန်လိုင်စင်များ ကန့်သတ်ခံရခြင်းတို့ကြောင်းပြည်တွင်းဈေးကွက်တွင် ဈေးကြီးမြင့်ကာ...

ထိုင်းထုတ် အသင့်စား ခေါက်ဆွဲနှင့် ကြာဇံထုတ်များ ဈေးနှစ်ဆတက်

ထားဝယ်တွင် ယခင်က ကျပ် ၂၅၀ ဝန်းကျင်ဖြင့် ပေးဝယ်ရသော မျက်လုံးပုံတံဆိပ် မာမားနှင့် ကြာဇံတစ်ထုတ်ဈေးမှာ ယခု ဈေးနှစ်ဆတက်သွားကာ ကျပ် ၅၀၀ ကျော် ပေးဝယ်နေကြရသည်။ ပြည်ပမှ တင်သွင်းရသည့် အသင့်စားကုန်နှစ်မျိုးဖြစ်သည့် မာမားနှင့်...

ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်

ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဝယ်နည်းပြီး အရောင်းများနေသည့် ထားဝယ်ဆိုင်ကယ်စျေးကွက်

သွားလာရေးအတွက် ဆိုင်ကယ်သာအားပြုစီးနင်းကြသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၏ ဆိုင်ကယ်စျေးကွက်မှာ ရောင်းလိုသူများနေပြီး ဝယ်သူနည်းပါးနေသည်။ လူတစ်ဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း အနည်းဆုံးရှိနေသည့် တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံခြုံမှုများ၊ ဘတ်စျေးမြင့်မားမှုနှင့် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာမှုတို့မှာ ဆိုင်ကယ်စျေးကွက်ကို ရိုက်ခတ်မှုဖြစ်ပေါ်လာစေသည်။

ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီးနှစ်ဦးသေဆုံးဟုဆို

ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးပြီး ပျူစောထီးနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံက် ၅ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပဲ့ဒိုင်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာပြည်သူ့စစ်(ခေါ်)ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ရွာသားများ ကပြောသည်။

ရုရှားက မြောက်ကိုရီးယားလက်နက်များ ဝယ်ယူနေဟု အမေရိကန်ထုတ်ပြန်

စီးပွါးရေး ပိတ်ဆို့ခြင်းက ရုရှားစစ်တပ်အတွက် လိုအပ်ချက်များ ဝယ်ယူရန် အခက်အခဲရှိလာရာ မြောက်ကိုရီးယားမှ စစ်သုံး ပစ္စည်းများ ရုရှားက ဝယ်ယူနေရသည်ဟု အမေရိကန်အရာရှိတစ်ဦးကို ကိုးကားလျက် BBC က ဖော်ပြထားသည်။ စစ်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ရုရှားသည် မြောက်ကိုရီးယားလက်နက်များကို...

မြန်မာလုပ်သား လေးဦးသေဆုံးမှုတွင် ထိုင်းပွဲစား နှစ်ဦးကိုဖမ်းမိ၊ မြန်မာပွဲစား မမိသေး

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားမှောက်သဖြင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား များကို စွန့်ပစ်ခဲ့သော ထိုင်းပွဲစား နှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၅ ရက် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စန်ခရာဘူရီဒေသ...

ထားဝယ်တွင် ဆားဈေး ၂၀၀ ခန့်ထပ်တက်

ထားဝယ်တွင် ဆားဈေး ကျပ် ၂၅၀ ခန့်ထပ်တက်လာကြောင်း သရက်ချောင်းမြို့နယ်မှ ဆားချက်တောင်သူအချို့က ပြောသည်။ ယခုနှစ် မေလ နွေရာသီက မီးချက်ဆား တစ်ပိဿာ ငွေကျပ် ၅၀၀ ခန့်သာရှိသော်လည်း ယခု စက်တင်ဘာလတွင် တစ်ပိဿာ...

ထိုင်းဓါတ်မြေဩဇာ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်ကြုံ

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုလဲဓါတ်မြေဩဇာများ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်အခဲကြုံနေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။ တောင်သူများနှစ်စဉ် ဝယ်သုံးနေကျ ထိုင်းနိုင်ငံထုတ် ပုလဲဓါတ်မြေဩဇာ တစ်အိတ် ပြီးခဲ့သည့်နှစ် စပါးစိုက်ချိန်က ကျပ်လေးသောင်းခွဲသာရှိရာမှ ယခုနှစ်စပါးစိုက်ချိန်တွင် ကျပ်တစ်သိန်းခွဲအထိ...