Dawei Watch, Dawei News, Dawei News Media

စိတ်ကြွဆေးပြား ၄၀ဝ နီးပါး ဖမ်းမိ၊ ကွင်းဆက်အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲ

ကော့သောင်းမြို့နယ်တွင် စိတ်ကြွ ဆေးပြား ၄၀ဝ နီးပါးဖမ်းမိခဲ့ပြီး အမှုနှင့် ဆက်စပ်သည့် အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မာရမ်းနယ်မြေရဲစခန်းတွင် အမှု ဖွင့်ထားသည့် အခြားအမှုမှ မသင်္ကာ တရားခံတစ်ဦးဖြစ်သူ အသက်...
Dawei Watch, Dawei News, Dawei News Media

၀န်ထမ်းများ တည်းခိုစရိတ် ခံစားခွင့်ရမည်

နိုင်ငံ့ဝန်ထမ်းများ ပြည်တွင်းခရီး သွားပါက တည်းခိုစရိတ်ကို အစိုးရမှ ထုတ်ပေးနေပြီဖြစ်သည်။ သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် ခံစားခွင့်ရမည့် တည်းခိုစရိတ်ကို ယခု ဘဏ္ဍာနှစ်မှစတင်ကာ ခွင့်ပြုလိုက်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးနေ လင်းထက်က ဆိုသည်။
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ရွေးကောက်ပွဲကပြောသော ကိန်းဂဏန်းများ NLDက ကြံ့ခိုင်ရေးထက် မဲရလဒ် လေးဆကျော်ပို

နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲရလဒ်အရ တနင်္သာရီတိုင်းတွင် လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) က တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့သည်ကို အားလုံးသိပြီးဖြစ်သည်။ ထွက်ပေါ်လာသည့် ရလဒ်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည်...
Dawei Watch, Dawei News, Dawei News Media

ကျွဲနွားများ တရားမဝင်သယ်ယူမှုဖြင့် မြန်မာနိုင်ငံသားခုနစ်ဦးအား ထိုင်းဘတ် ၅၅၀ဝ စီ ဒဏ်ရိုက်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခရီခန်ခရိုင်၊ ထပ်စကဲမြို့တွင် နိုဝင်ဘာလ ၂ ရက်နေ့က ကျွဲနွား အကောင်ရေ ငါးဆယ်ကျော်ကို တရားမဝင်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ခုနစ်ဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀ဝ နှင့် ဆိုင်းငံထောင်ဒဏ်လေးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။
Dawei Watch, Dawei News, Dawei News Media

ရန်ကုန်သောင်တင်နေသူများ အိမ်ပြန်နိုင်ရေး ရောင်ခြည်

ကိုဗစ်ကပ်ဘေး ကန့်သတ်ချက်များကြောင့် ရန်ကုန်တွင် သောင်တင်နေသည့် ထားဝယ်သားများအိမ်ပြန်နိုင်ရေး ရောင်ခြည်သမ်းလာသည်။ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင်ကန့်သတ်ခဲ့သည်။ ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီတိုင်းသားများမှာ ရန်ကုန်မြို့တွင်...
Dawei Watch, Dawei News, Dawei News Media

မွန်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရရှိခဲ့သည် ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲရလဒ်အရ သိရသည်။ မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၄၅...
ရေးပေါ်ယာဉ်နှင့် ဆိုင်ကယ် တိုက်

အရေးပေါ်ယာဉ်နှင့် ဆိုင်ကယ် တိုက်၊ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေ

မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ကြံတော လမ်းဆုံမီးပွိုင့်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြစ်သည့် အရေးပေါ်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါ ချစ်ကြည်ရေးအသင်း ကျန်းမာရေးအထောက်အကူပြုအရေးပေါ်ယာဉ်မှာ ကဘင်းရွာရှိ...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း ကော့သောင်း နယ်စပ်မှတစ်ဆင့် နေရပ်ပြန်သူ သုံးထောင်နီးပါးရှိ

ကိုဗစ်-၁၉ ကူးစက်မှုများရှိနေသည့် ကာလအတွင်း ကော့သောင်းနယ်စပ်မှ တစ်ဆင့် နေရပ်သို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သုံးထောင် နီးပါးခန့်ရှိကြောင်း Foundation for Education and Development(FED) ၏ ရုံးတာဝန်ခံ ဦးမိုးဝေထံမှ သိရသည်။
Dawei Watch, Dawei News, Dawei News Media

လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည်

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေလုံး၊ ငွေရင်းအသုံး စာရိတ်မှ ကျပ်သိန်းပေါင်း တစ်ထောင်ကျော်(၁၃၉၀ သိန်း) အသုံးပြုမည်ဖြစ် ကြောင်း ယင်းဌာနထံမှ သိရသည်။ ယင်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ မြေသားလမ်း၊ ဂါလံငါးထောင်ဆံ့ ‌ရေကန်ငါးကန်နှင့် ဂါလံတစ်သောင်းဆံ့...
Dawei Watch, Dawei News, Dawei News Media

ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် ထားဝယ်ခရိုင်က အားကစားသမားအများစု ဆုရ

ကိုဗစ်ကာလအတွင်း မြေပြင်အား ကစားပွဲများ ရပ်နားထားချိန်တွင် လူစု လူဝေးမဖြစ်စေဘဲ အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုအကဲဖြတ်ပေးသည့် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို တိုင်းအတွင်း နိုဝင်ဘာလ ဒုတိယအပတ်က ကျင်းပခဲ့သည်။ အားကစားနှင့် ကာယပညာဦးစီး ဌာနက ဦးစီးကျင်းပသည့် ယင်းပြိုင်ပွဲ မြို့နယ်အားလုံးမှ...