ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်မည်ဟု ပကဖ ထုတ်ပြန်

ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်သွားမည်ဟု ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့် လှုပ်ရှားနေသော အချိန်အခါဖြစ်သည့်အတွက် မိမိတို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တော့မည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းကြောင့် ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်နှင့်...

ဘုတ်ပြင်းတွင် KNLA ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံရ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီဝန်းကျင်က ပြည်ကြီးမဏ္ဍိုင်မြို့၊...

ကော့သောင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးတပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယနေ့ ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ လက်နက်ခဲယမ်း အပြည့်အစုံပါပြီး အင်အား ၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ၂၂ မိုင်မှ လှေသုံးစီးဖြင့်...

ဘုတ်ပြင်းတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာအခြေစိုက်တပ်ရင်းက ယနေ့ နံနက် ၉ နာရီခွဲမှစ၍ မွန်းလွဲအထိ မြို့ပြင်သို့ လက်နက်ကြီးဖြင့်...

ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးထပ်တက်၊ ကျပ် ၆ သိန်းနီးပါးဖြစ်လာ

အာဏာသိမ်းပြီးချိန်မှစတင်ကာ ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီး ယခုအခါတွင် လက်မှတ်တစ်ကြောင်းစာ တစ်စောင်ကို ကျပ် ၆ သိန်းနီးပါးအထိ ဖြစ်လာကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ အာဏာမသိမ်းမီအချိန် ၂၀၂၀ ခုနှစ်က ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်တစ်စောင်လျှင်...

မလေးရှားပို့မည့် ကျပ်ဘီလီယံတစ်ရာကျော်တန်ဖိုးရှိမူးယစ်ဆေး ကော့သောင်းတွင် ဖမ်းမိ

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတို့အား အောက်တိုဘာလ ၃၀ ရက်နေ့က ကော့သောင်းမြို့တွင် ဖမ်းမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာတွင် စစ်ကောင်စီ...

မန်ကျည်းပင်ပေါ်တွင် ဓာတ်လိုက်သတိလစ်နေသည့် လူငယ်အား ကရိန်းဖြင့်ကယ်

မန်ကျည်းပင်ပေါ်တက်၍ မန်ကျည်းသီးခူးရာမှ ဓာတ်လိုက်နေသည့် လူငယ်အမျိုးသားတစ်ဦးကို ကရိန်းယာဉ်ငှား၍ ကယ်တင်ခဲ့ရကြောင်း ကော့သောင်းမြို့ ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့ထံမှသိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ရွှေမင်းဝံဗဟိုလမ်းပေါ်ရှိ မန်ကျည်းပင်ပေါ်တွင် အသက် ၂၀ ကျော်အရွယ်...

ကော့သောင်းတွင် နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းတွေ့

ကော့သောင်းမြို့ ဆိပ်ကမ်းသာပန်းခြံတွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ "ပိုင်ရှင်မဲ့အလောင်းတွေက အိမ်ခြေယာမဲ့တွေပါ" ဟုရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဝင် က ပြောသည်။

လုံးဖော‌ရွာတွင် ဒုတိယအကြိမ် ရေကြီးမှုကြောင့် အိမ်ခြေငါးဆယ်ခန့် ပြောင်းရွှေ့ရ

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် လုံးဖောရွာတွင် စက်တင်ဘာလ ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် နေအိမ်ငါးဆယ်ခန့်က ပြည်သူများ ပြောင်းရွှေ့ရကြောင်း လုံးဖောရွာနေသူက ပြောသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာထိပ် မြေနိမ့်ပိုင်းရှိ ဆီအုန်းတောနေရာတို့တွင် ရင်ဘတ်အထိ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များသို့...

ကော့သောင်း မလိဝမ်းရွာအနီးတွင်တိုက်ပွဲဖြစ်ပြီး ရွာသားများထိုင်းဘက်ထွက်ပြေးရ

ကော့သောင်းမြို့နယ် ထိုင်းနယ်စပ်ရှိ မလိဝမ်းကျေးရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း မလိဝမ်းရွာသားအချို့က ပြောသည်။ အဆိုပါ တိုက်ပွဲကြောင့် ရွာသားအချို့ ကြောက်လန့်ကာ ထိုင်းဘက်သို့ လှေဖြင့်ထွက်ပြေးရကြောင်း မလိဝမ်းရွာသားတစ်ဦးက...