လုံးဖော‌ရွာတွင် ဒုတိယအကြိမ် ရေကြီးမှုကြောင့် အိမ်ခြေငါးဆယ်ခန့် ပြောင်းရွှေ့ရ

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် လုံးဖောရွာတွင် စက်တင်ဘာလ ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် နေအိမ်ငါးဆယ်ခန့်က ပြည်သူများ ပြောင်းရွှေ့ရကြောင်း လုံးဖောရွာနေသူက ပြောသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာထိပ် မြေနိမ့်ပိုင်းရှိ ဆီအုန်းတောနေရာတို့တွင် ရင်ဘတ်အထိ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များသို့...

ကော့သောင်း မလိဝမ်းရွာအနီးတွင်တိုက်ပွဲဖြစ်ပြီး ရွာသားများထိုင်းဘက်ထွက်ပြေးရ

ကော့သောင်းမြို့နယ် ထိုင်းနယ်စပ်ရှိ မလိဝမ်းကျေးရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း မလိဝမ်းရွာသားအချို့က ပြောသည်။ အဆိုပါ တိုက်ပွဲကြောင့် ရွာသားအချို့ ကြောက်လန့်ကာ ထိုင်းဘက်သို့ လှေဖြင့်ထွက်ပြေးရကြောင်း မလိဝမ်းရွာသားတစ်ဦးက...

ကော့သောင်းတွင် အသက် ၇၀ ဝန်းကျင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ထောင်မွန်ရွာ ဥယျာဥ်ခြံနေအိမ်အတွင်း ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ သြဂုတ်လ ၂ ရက်နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ပစ်သတ်ခံရပြီး အသက် ၇၀ အရွယ်အမျိုးသားနှင့် အသက်...

ကော့သောင်း လုံးဖော‌ရွာတွင် အိမ်ခြေတစ်ရာကျော် ရေနစ်မြုပ်၊ လူလေးရာကျော် ရေဘေးသင့်

ကော့သောင်းခရိုင် ခမောက်ကြီးကော့သောင်းခရိုင် ခမောက်ကြီးမြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။မြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခိုက်ပြီး...

ကော့သောင်းတွင် ပျူစောထီးသုံးဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

ကော့သောင်းတွင် ပျူစောထီးသုံးဦးအား သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာ၊ ရေငန်းချိုင်ရွာရှိ ပျူစောထီး ကင်းစခန်းတစ်ခုကို ဇွန်လ ၂၂ ရက် ညသန်းခောင်ယံအချိန်တွင် ဝင်ရောက်တိုက်ရာ ပျူစောထီးဒုခေါင်းဆောင် ဦးဝမ်းနှင့် တပ်စုမှူး...

ကော့သောင်းသို့ မှောင်ခိုပို့မည် ဆိုင်ကယ်နှစ်စီးကို ထိုင်းစစ်တပ်ဖမ်း၊ ပို့ဆောင်သူ မြန်မာနှစ်ဦးမြစ်ထဲခုန်ချထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့မှ ကော့သောင်းမြို့သို့ မှောင်ခိုပို့ဆောင်မည့် ဆိုင်ကယ်နှစ်စီးကို ထိုင်းတပ်မတော်က ဖမ်းဆီးခဲ့ပြီး ပို့ဆောင်သူ မြန်မာနိုင်ငံသားနှစ်ဦးမှာ မြစ်ထဲသို့ ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၂၁ရက် နံနက် ၁ဝနာရီက ရနောင်းခရိုင်...

ကော့သောင်းမြို့တွင် ပလက်ဖောင်းပေါ် ဈေးရောင်းနေသူများကို ဖယ်ရှားခိုင်း

ကော့သောင်းမြို့ သာယာလှပရေးအတွက်ဟုဆိုကာ ကော့သောင်းမြို့ မြရည်ပုလဲလမ်း ပလက်ဖောင်းပေါ် ဈေးရောင်းချနေသူများကို ဖယ်ရှားခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၁၀ ရက်နောက်ဆုံးထားဖယ်ရှားပေးရန် ကော့သောင်းမြို့ စည်ပင်သာယာရေးအဖွဲ့က စာပို့အကြောင်းကြားထားကြောင်း ဖယ်ရှား‌ပေးရမည့်သူအချို့ကပြောသည်။ “ဖယ်ရှားပေးရမယ့်ဆိုင်တွေကတော့...

ကော့သောင်း ကမ်းနားလမ်းကို ညနေပိုင်း ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်မှု မြို့ခံများမကျေနပ်

ကော့သောင်းမြို့ ဝိတိုရိယပွိင့်နေရာတွင် လမ်းပိတ်ပြီး ညဈေးရောင်းခွင့်ပြုလိုက်သဖြင့် ကား၊ ဆိုင်ကယ်များကို  ညနေပိုင်းတွင် ကမ်းနားလမ်းအထိ ဆင်းခွင့်မပေးတော့ကြောင်း မြို့ခံအချို့ကပြောသည်။ ဗိုလ်ချုပ်လမ်းအဝိုင်းပတ်တွင် ညနေဘက်ဈေးရောင်းနေသည့် သုံးဘီးတွန်းလှည်းဈေးဆိုင်များကို ကမ်းနားလမ်းဘက်သို့ စည်ပင်ကရွေ့ပြောင်းစေခဲ့ပြီးနောက် ညစျေးလုပ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။

ဘုတ်ပြင်းမှ လူနာတစ်ဦး ကိုဗစ်ပိုးတွေ့၍ မြိတ်ဆေးရုံကြီးသို့လွှဲပြောင်း

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှ လူနာအမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် မေလ ၃၁ ရက် ညပိုင်းအချိန်က မြိတ်ပြည်သူ့ဆေးရုံကြီးအား လွှဲပြောင်းခဲ့ကြောင်း သိရသည်။ အဆိုပါ အသက် ၂၀ နှစ်ရှိ အမျိုးသားသည် လေညာရွာနေသူဖြစ်ပြီး အမောဖောက်သဖြင့် မေလ...

ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တိုက်ခိုက်မှုတွင် လက်နက်အချို့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ် တိုက်ခိုက်မှုတွင် လက်နက်အချို့ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ မေလ ၄ရက်တွင် ထုတ်ပြန်သည်။ မေလ ၂ ရက်နေ့ နံနက်က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ...