ကော့သောင်းတွင် အသက် ၇၀ ဝန်းကျင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

0
1827

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ထောင်မွန်ရွာ ဥယျာဥ်ခြံနေအိမ်အတွင်း ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။

သြဂုတ်လ ၂ ရက်နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ပစ်သတ်ခံရပြီး အသက် ၇၀ အရွယ်အမျိုးသားနှင့် အသက် ၆၀ နီးပါးအရွယ် အမျိုးသမီးတို့နှစ် ယင်းနေရာတွင် သေဆုံးခဲ့ကာ အသက် ၂၀ ကျော်အရွယ် သားဖြစ်သူသည်လည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။

လာရောက်ပစ်သတ်သူမှာ တစ်ဦးတည်းဖြစ်ပြီး မည်သူမည်ဝါဟု မသိရသော်လည်း ပစ်ခတ်ရာတွင် လက်လုပ်တူမီးသေနတ်ကို အသုံးပြုသွားသည်ဟု ဒေသခံများ ကဆိုသည်။

“ပစ်သွားတဲ့သူက တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းလို့ပြောတယ်။ တစ်ညပေးအိပ်ဖို့ပြောဆိုရာကနေ အိမ်ရှင်နဲ့ စကားများကြပြီး ပစ်သွားတာလို့သိရတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။

ယခင်နှစ်ကုန်ပိုင်းမှစပြီး တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အတွင်းတွင် လက်သည်မပေါ်ဘဲ ပစ်သတ်ခံရမှုများရှိလာနေသည်။