သိမ်းခံထားရသည့် ကံပေါက် သဘာဝဓာတ်ငွေ့ စီမံကိန်း မှ ကား ၃ စီး ပြန်ပေး

0
445
ပုံစာ - ဇောတိက ဓာတ်ငွေ့တိုင်းတာရေးစခန်း နတ်အိမ်တောင်။ Photo - ZMS

လက်နက်ကိုင် အဖွဲ့တစ်ခုက သိမ်းဆည်းထားသည့် ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသအခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ လုပ်ငန်းသုံးကား ၃ စီးမှာ စီမံကိန်းထံ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း စီမံကိန်းဝန်ထမ်းများထံကသိရသည်။

သိမ်းဆည်းခံရသည့် ကား ၃ စီးစလုံးကို မေလ ၂ ရက်နေ့ ညနေပိုင်းတွင် စီမံကိန်း အော်ပရေးရှင်း စင်တာဧရိယာ၌ ပြန်လည်မြင်တွေ့ရကြောင်း စီမံကိန်းဝန်ထမ်းတစ်ဦးကပြောသည်။

” ညနေ ၃ နာရီလောက်မှာ ကားတွေ အကုန်ပြန်ရောက်လာတယ်။ ဘယ်လို ပြန်ပေးလိုက်လဲတော့ သေချာမသိရဘူး “ ဟု ၎င်းကပြောပြသည်။

သိမ်းဆည်းခံထားရသည့် ကားများ ပြန်လည်လက်ခံရရှိသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ မေးမြန်းရန် စီမံကိန်း အရပ်ဘက်ဆက်ဆံရေးတာဝန်ရှိသူထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

ဧပြီ ၂၅ ရက်နေ့က နတ်အိမ်တောင်ဒေသရှိ ဓာတ်ငွေ့တိုင်းတာရေးစခန်းသို့သွားရောက်စဉ် လမ်းခရီးတွင် ယင်းကား ၃ စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဝန်းထမ်းများထံမှသိရသည်။

သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သိမ်းသွားသည့် အဖွဲ့နှင့် အသိမ်းခံရသည့် ကုမ္ပဏီဘက်က ထုတ်ပြန်ခြင်းမရှိသဖြင့် ဖြစ်စဉ်အသေးစိတ်ကို မသိရပေ။