ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တိုက်ခိုက်မှုတွင် လက်နက်အချို့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ် တိုက်ခိုက်မှုတွင် လက်နက်အချို့ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ မေလ ၄ရက်တွင် ထုတ်ပြန်သည်။
မေလ ၂ ရက်နေ့ နံနက်က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ...
ကော့သောင်း ယင်းဝါရေလှောင်ကန်တွင် ကလေးတစ်ဦး ရေနစ်သေဆုံး
ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်က ကလေးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ကူညီကယ်ဆယ်ပေးခဲ့ကြသည့် ပရဟိတအဖွဲ့ထံမှ သိရသည်။
အသက် ၁၄ နှစ်အရွယ် ယောင်္ကျားလေးသည် ဧပြီလ ၂၉ ရက်က အရွယ်တူသူငယ်ချင်းများနှင့်တူ ယင်းဝါရေလှောင်ကန်တွင် ရေသွားကူးရာမှ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးတွင်...
ထိုင်းမှ ကော့သောင်းသို့ မြန်မာလုပ်သား ၁၇၀ ကျော် ပြန်လွှဲပေး၊ ကိုးဦးတွင် ကိုဗစ်တွေ့
ထိုင်းနိုင်ငံ ရနောင်းမြို့မှ တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ ယနေ့ ဧပြီလ ၂၄ ရက်တွင် မြန်မာအလုပ်သမား ၁၇၀ ကျော်ကို လွှဲပေးလိုက်ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။
ယင်းအနက် အမျိုးသားကိုးဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း အဆိုပါအဖွဲ့မှ...
ကော့သောင်း ရှမ်းကိုးရွာတွင် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများပိုများလာ
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ရှမ်းကိုးရွာတွင် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ ပိုများလာကြောင်း ဒေသခံအချို့ကပြောသည်။
ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ကမ်းတစ်လျှောက်ရှိ အောင်ချမ်သာကျေးရွာ၊ ရေတွင်းတောင်၊ ဆိပ်ဖူး၊ မာရမ်း၊ ဖော့သုတ်၊ အေးချမ်းသာ၊ လုံးဖော၊ ပါကလပ်၊ ဝိုင်ဒင်း စသည့်ကျေးရွာများကို စုပေါင်းပြီး ရှမ်းကိုးရွာဟု...
ဆိပ်ဖူးရွာ ပျူစောထီးခေါင်းဆောင်နှစ်ဦး ပစ်သတ်ခံရ၊ ဒေသခံရာချီ ထိုင်းဘက်သို့ တိမ်းရှောင်
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ဆိပ်ဖူးကျေးရွာတွင် ဧပြီလ ၁၆ ရက် ညနေပိုင်းက ပျူစောထီးခေါင်းဆောင် နှစ်ဦးကို ရှင်းလင်းခဲ့ပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဆိပ်ဖူးကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ဝင်းနှင့် ဒုခေါင်းဆောင်...
လွတ်ရက်စေ့ မြန်မာလုပ်သား ၁၃၀ ကျော် ကော့သောင်းဘက်ပြန်ပို့
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ပြီးဖြစ်သည့် မြန်မာအလုပ်သမား တစ်ရာသုံးဆယ်ကျော်ကို မတ်လ ၁၇ ရက်နေ့က ကော့သောင်းဘက်သို့ ပြန်ပို့ပေးခဲ့ကြောင်း ၎င်းတို့အား ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှသိရသည်။
ကော့သောင်းဘက်သို့ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား...
ကော့သောင်းတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ
ကော့သောင်းမြို့ တောင်နောက်ရပ်ကွက်က ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ ဦးကျော်မိုးခိုင်ဆိုသူဖြစ်ပြီး ကော့သောင်းမြို့ ၅ မိုင်အနီးရှိ စစ်ကောင်စီတပ်ရင်းသို့ ညအိပ်ရန်လာစဉ် ဆေးတပ်အနီးတွင် မတ်လ ၁၅ရက် ည ၉နာရီခွဲဝန်းကျင်က...
ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ယနေ့စဖွင့်၊ သွားလာသူနည်းပါး
ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို နှစ်နိုင်ငံစလုံးက ယနေ့(မတ် ၇)တွင် စတင်ဖွင့်လှစ်လိုက်သော်လည်း သွားလာသူ မရှိသလောက် နည်းပါးနေသေးကြောင်း စုံစမ်းသိရှိရသည်။
နှစ်နိုင်ငံနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်လိုက်သဖြင့် နိုင်ငံကူးလက်မှတ်ရှိသူများ၊ ထိုင်းနိုင်ငံကထုတ်ပေးသည့် CI စာအုပ် ( မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ရှိသူများပါ နယ်စပ်ဂိတ်မှ တရားဝင်ဖြတ်သန်းသွားလာခွင့်...
ကော့သောင်းတွင် တောမီးထပ်လောင်
ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ယင်းဝါရေလှောင်တမံအပေါ်ဘက် တောင်ရိုးတစ်လျှောက်တွင် မတ်လ ၄ ရက် ည ၆နာရီခန့်က တောမီးလောင်ကျွမ်းကြောင်း ကော့သောင်းဒေသခံတို့မှ သိရသည်။
အဆိုပါတောမီးသည် လေးနာရီဆက်တိုက် မီးလောင်ကျွမ်းခဲ့ပြီး ည ၁ဝနာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း ၎င်းတို့ထံမှ...
ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၄ ရက် နံနက် ၈ နာရီခန့်က ဝိုင်ဒင်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မိနစ်...