ရာသီပေါ်စ ဒူးရင်းသီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဈေးကောင်းမရ
Dawei Watch
May 4, 2025မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဒူးရင်းသီး စပေါ်နေပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကောင်းမရဘဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲများကြောင့် ပြည်ထောင်စုလမ်းတစ်လျှောက် သယ်ယူပို့ဆောင်ရန် အဆင်မပြေသည့်အတွက် ဈေးကောင်းမရခြင်း ဖြစ်ကြောင်း ဒူးရင်းသီးရောင်းဝယ်သူအချို့က ဆိုသည်။ “ကားလမ်းပိတ်လိုက်တော့ ဒူးရင်းသီးဈေးတွေ တအားကျနေတယ်။ ပေါ်ဦးပေါ်ဖျားဆိုပေမယ့် အခြားဒေသတွေကို တင်ပို့ မရတော့ ဈေးက ရှယ်ကျနေတယ်” ဟု ဒူးရင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။ ယမန်နှစ်က ဒူးရင်းသီးအကြီးတစ်လုံးလျှင် ငွေကျပ်တစ်သောင်းဝန်းကျင် ဈေးရသော်လည်း လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယင်းအပြင် ဒူးရင်းသီး အသေးတစ်လုံးလျှင် ယမန်နှစ်က ကျပ်လေးထောင်ဝန်းကျင်ရှိရာက ယခုနှစ်တွင် ကျပ်နှစ်ထောင်ဝန်းကျင်သာ ဈေးရတော့ကြောင်း သိရသည်။ ဒူးရင်းသီး၏ အရွယ်အစားအပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေခြင်းဖြစ်သည်။ မုတ်သုန်ရာသီမဝင်မီ မိုးရွာသွန်းနေခြင်းကလည်း ဒူးရင်းစိုက်တောင်သူများအတွက် […]