ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

စိတ်ကြေးမုံ

diz_admin

August 11, 2020

တစ်နေ့က ကျောင်းဆရာလူထွက် သူငယ်ချင်းတစ်ယောက်နဲ့ Video call ပြောဖြစ်ပါတယ်။ ထားဝယ်ပညာရေး ကောလိပ်မှာ ဆရာအတတ်ပညာတွေ နှစ်နှစ်တာ အတူတူသင်ယူခဲ့ကြဖူးတော့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလို ပါပဲ။ ပညာရေးကောလိပ်ဆင်းပြီး ဌာနမှာ နှစ်နှစ်ကျော်လောက် တာဝန်ထမ်း ဆောင်ပြီးတဲ့နောက် သူအလုပ်ထွက် လိုက်ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ အဲဒီကတည်းက ဝေးသွားတယ်လို့ ဆိုရမှာပဲ။ သူလည်း သူ့အလုပ်နဲ့သူ။ ကျွန်တော်လည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆို တော့ သိပ်ပြီး စကားမပြောဖြစ်တော့ဘူး။ ခုတော့ Video call ခေါ်ပြီး ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်ပါတယ်။ သူကတော့ အလုပ်အသစ်မှာ ပျော်နေပြီတဲ့။ ဝန်ထမ်းမဟုတ်တော့ဘူးဆိုတော့ နောင်ရေးအတွက် စဉ်းစားပြီး အများကြီး ကြိုးစားနေပါတယ်တဲ့။ တော်လိုက်တာဟ။ သတ္တိ ရှိလိုက်တာဟလို့ စိတ်ထဲက ချီးကျူးရင်း အလုပ်ထွက်စာတင်တုန်းက ဌာနကလူကြီးတွေ […]

ရုံးရောက် ဂတ်ရောက်နေ့ရက်များ

diz_admin

August 5, 2020

နယူးဇီလန်ရဲ့ဆောင်းနဲ့ အသားကျလာတာနဲ့အမျှ အိမ်ပြန်ရမယ့် အချိန်တွေလည်း နီးကပ်လို့လာတယ်။ မြန်မာပြည်မှာတော့ ပြည်ပလေကြောင်းလိုင်းတွေကို ခွင့်မပြုသေးဘဲ လေဆိပ်ပိတ်ထားဆဲ။ ကျွန်တော်တို့ ဝယ်လင်တန် ဝိတိုရိယ တက္ကသိုလ်က မဟာတန်းပြီးလို့ အိမ်ပြန် ရမယ့် မြန်မာကျောင်းသူ ကျောင်းသား အချို့ လေယာဉ်မရှိလို့ နယူးဇီလန်မှာ စောင့်နေရဆဲ။ မြန်မာအစိုးရက သြစတေးလျ ဆစ်ဒနီမြို့ကို ရန်ကုန်ကနေ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) စီစဉ်ပေးပါတယ်။ နယူးဇီလန်မှာ မြန်မာသံရုံးရယ်လို့ သီးခြားမရှိတာမို့ သြဇီ ကမ်ဘာရာမြို့က မြန်မာသံရုံးကပဲ နယူးဇီလန်ရောက် မြန်မာတွေအတွက် တာဝန်ယူပါတယ်။ လေယာဉ်ခရီးစဉ်ကိစ္စတွေအတွက် သံရုံးကပဲ တာဝန်ယူညှိနှိုင်းဆောင်ရွက် ပေးပါတယ်။ ပြန်မယ့်သူကများလေတော့ လူတိုင်းကို လေယာဉ်နဲ့ ခေါ်မသွားနိုင်တာမို့ တချို့ကျန်ခဲ့လေရဲ့။ နောက်တစ်စီး ထပ်စောင့်ပေါ့လေ။ ပြီးတော့ လေယာဉ်စီးဖို့အတွက် နယူးဇီလန်ကနေ သြဇီကို သွားဖို့က […]

ဖြောင့်ချက်

diz_admin

August 5, 2020

လွန်ခဲ့သည့် ၅ နှစ်၊ (၂၀၁၆-၁၇) ပညာသင်နှစ်၏ ဇူလိုင်မိုးဖွဲများ အသာအယာ ကြွေကျနေသော နေ့တစ်နေ့။ ထိုနေ့နံနက်ပိုင်း၏ ပထမဆုံးသော စာသင်ချိန်တွင် ဒုတိယတန်းကလေးများ ကို ကျွန်တော် သင်္ချာဘာသာရပ် သင်ပြနေသည်။ နမူနာ ပုစ္ဆာသုံးပုဒ်ကို သင်ပုန်းတွင် ရှင်းပြတွက်ပြပြီးသောအခါ ပုံနှိပ်စာအုပ်ပါ လေ့ကျင့်ခန်းထဲမှ ပုံစံတူသည့် ပုစ္ဆာငါးပုဒ်ကို တွက်ခိုင်းလိုက်သည်။ ကလေးများက ပုစ္ဆာများကို တွက်ပြီးလျှင်ပြီးချင်း ကျွန်တော့်ဆီလာ၍ တန်းစီကာ အမှတ်လာပြကြ၏။ မှန်သည့် ကလေးများ ရှိကြသလို မှားသည့်ကလေးများလည်း ရှိပါသည်။ အချို့က ငါးပုဒ်စလုံး မှားသည်။ မှားသည့်ပုစ္ဆာကို ကြက်ခြေခတ်ပစ်ကာ ပြန်တွက်စေသည်။ ကလေးများကို ဘယ်နေရာက ဘယ်အချက်ကြောင့် မှားရသည်ကို မပြောပြ မရှင်းပြဘဲနှင့် ကြက်ခြေခတ်များကိုသာ ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ဘာကြောင့်မှားသလဲ ဆိုသည်ကို […]

ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

diz_admin

August 5, 2020

ဒီကို ဘယ်လိုရောက်လာခဲ့သလဲ ၁၉၈၈ နှစ်လယ်ဟာ မြန်မာပြည်မှာ ရှစ်လေးလုံး အုံကြွမှုမဖြစ်ပေါ်ခင် ရန်ကုန်မြို့တက္ကသိုလ်နယ်မြေတွေမှာ တင်းမာနေချိန် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတွက် အရေးကြီးတဲ့မှတ်တိုင်တစ်ခု ဇွန်လ ၂၃ ရက်မှာဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန်လွှတ်တော် ကော်မတီမှာ နာဆာအာကာသသိပ္ပံအဖွဲ့ရဲ့သိပ္ပံပညာရှင် ဂျိမ်းစ်ဟန်ဆန်(James Han-sen) က ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ထွက်ဆိုတင်ပြခဲ့တာပါ။ “ဖန်လုံအိမ်အာနိသင်အကျိုးသက်ရောက်မှုကို တွေ့ ရှိခဲ့ကြပြီ။ သူဟာကမ္ဘာ့ရာသီဥတုကို ပြောင်းလဲ ပြစ်နေပြီ” လို့ ဟန်ဆန်က ထွက်ဆိုခဲ့ပါတယ်။ “ဥတု ရာသီပြောင်းလဲမှုကို တိုက်ပွဲဝင်ရန် ရုပ်ကြွင်း လောင်စာသုံးစွဲမှုကို သိသိသာသာလျှော့ချဖို့ တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တဲ့ ဒီကိစ္စဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု သမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် ကျန်ခဲ့ပါပြီ။ နှစ် ၃၀ […]

Go Vote

diz_admin

August 5, 2020

No Vote ဆိုပြီး အသံတွေ ညံလာ သဗျ။ ဒီမိုကရေစီပဲဗျာ ကြိုက်တာအော်လို့ ရပါတယ်။ သူတို့အော်နေတာကို မအော်နဲ့လို့ သွားမတားပါနဲ့။ အမှန်တရားကို မြတ်နိုးတဲ့ … နိုင်ငံ ကြီးသားပီသတဲ့ လူငယ်တွေ No Vote ဆိုတာတွေကို သွားမတိုက်ပါနဲ့။ သူတို့ကို တိုက်ခိုက်နေမယ့်အစား Go Vote ဆိုတာ နဲ့ ပိုပြီး လှုပ်ရှားပြလို့မရဘူးလား။ ခုဆိုရင်ဗျာ မဲစာရင်းတွေကြည့်နေ ကြတယ်။ မှားတယ်ဆိုပြီး အော်နေကြတယ်။ ဒီအချိန်မှာ Go Vote လုပ်ချင်တဲ့ လူငယ်တွေအတွက် အခွင့်ကောင်းပဲ။ မှားနေတဲ့ မဲစာရင်းတွေကို အမှန်တိုင်းဖြစ်အောင် ငါတို့ ဘယ်လို ကူညီဆောင်ရွက် ပေးနိုင်မလဲ။ အမှန်တရားအတွက် Go Vote တွေ ဘယ်လိုတိုက်ပွဲဝင်ပေးနိုင်မလဲ။ No Vote […]

လူထုကိုယ်စားပြု အမတ်မင်းများ အလိုရှိသည်

diz_admin

July 27, 2020

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လူထုအကျိုး စီးပွားကို ဆောင်ရွက်ပေးမယ့် လူထု ကိုယ်စားလှယ်တွေကို အလိုရှိပါတယ်။ ဘယ်နိုင်ငံရေးပါတီကိုပဲ ကိုယ်စားပြုပြီး ဝင်ရောက် အရွေးခံသည်ဖြစ်စေ မိမိ မဲဆန္ဒနယ်က လူထုရဲ့ လိုအင်ကို ဖြည့် ဆည်းပေးပြီး နိုင်ငံအဆင့် ပြုပြင်ပြောင်းလဲ ရေးကိစ္စတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်တဲ့ ကိုယ်စားလှယ်များကို အလိုရှိပါတယ်။ နိုင်ငံရေးပါတီအသီးသီးဟာ မတူ တဲ့ နိုင်ငံရေးနောက်ခံတွေ၊ နိုင်ငံရေး ခံယူချက်တွေ၊ ရှေ့ဆက်ဆောင်ရွက်လို တဲ့ နိုင်ငံရေးလမ်းစဉ်တွေ ရှိပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ အဲဒီဆောင်ရွက် ချက်တွေ အားလုံးဟာ လူထုရဲ့ပကတိ လိုအပ်ချက်ကို တစ်နည်းနည်းနဲ့ ဖြည့်ဆည်း ပေးတာဖြစ်ဖို့ လိုပါမယ်။ လက်ရှိ ကျွန်တော်တို့ တွေ့ကြုံ ဆက်ဆံနေရတဲ့ လူထုကိုယ်စားလှယ် အတော်များများဟာ လူထုလိုအပ်ချက် ကို […]

အမေ့ခံ တန်ဖိုးများ

diz_admin

July 27, 2020

လမ်းလျှောက်ပြီးအပြန် ထမင်းကြော် စားနေကျဆိုင်ကို ဝင်ပါသည်။ ယနေ့ အိပ်ရာထနောက်ကျသောကြောင့် အပြန် လည်း နောက်ကျသည်။ ထမင်းကြော် ဆိုင်တွင် လူများသည်။ ကျွန်တော်က ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်သည်။ ထမင်းကြော်ကို မှာနေစရာမလိုပါ။ ကျွန်တော့်အတွက် ကြက်ပေါင်းသို့မဟုတ် ငါးကြော် တစ်ခုခုနှင့် လာချမည်သာဖြစ် သည်။ ကိုယ့်အလုပ်က သတင်းစာဖတ်ရင်း ရေနွေးကြမ်းသောက်ကာ စောင့်ရုံသာ ဖြစ်သည်။ “ဦးလေး ဒီမှာထိုင်မယ်နော်” “ထိုင်ပါဗျာ … ထိုင်ပါ” အမျိုးသမီးနှစ်ယောက်နှင့် ကျောင်း သားတစ်ယောက် ကျွန်တော့်ခုံတွင် ဝင်ထိုင်ကြသည်။ ကျွန်တော့် ထမင်းကြော်စားပွဲက ရောက်လာပြီ။ ယနေ့ ကြက်ပေါင်းကုန်ပြီ ထင်သည်။ ငါးကြော် နှင့် ဖြစ်သည်။ “သားသား မှာလေ … ဘာဟင်းနဲ့ စားမလဲ” “သိဘူးလေ … မေမေပဲမှာ” […]

မျိုးစေ့မှန်မှ ပင်သန်မည်

diz_admin

July 21, 2020

ဂျပန်နိုင်ငံ၏ နာမည်ကျော် စိုက်ပျိုး ရေး ကုမ္ပဏီကြီးတစ်ခုမှ ဥက္ကဋ္ဌမှာ အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ သူက တစ်နေ့တွင် အစည်းအဝေးတစ်ခုခေါ်သည်။ “ကျွန်မ အသက်ကြီးပြီ … ကျွန်မတို့ ကုမ္ပဏီအတွက် အားကိုးလောက်တဲ့ စီအီးအို တစ်ယောက်လောက် လိုချင် တယ်… အဲဒါ ကုမ္ပဏီထဲက ဘယ်သူ့ကို ခန့်ရင်ကောင်းမလဲ” ဟု မေးလိုက်သည်။ အားလုံး ပြောရခက်နေကြသည်။ တစ်ဦးက “အတွေ့အကြုံ အရည်အချင်း ရှိတာက လူကြီးတွေလောက်ပဲ ဥက္ကဋ္ဌကြီး” “အဲဒါက လူငယ်တွေကို လျှော့ တွက်တာပဲ … သူတို့ကို အရည်အချင်း မရှိဘူးလို့ ပြောချင်တာလား … အရည် အချင်း ရှိလား … မရှိဘူးလားဆိုတာ ရှင်တို့ တာဝန်ပေးကြည့်ပေးပြီလား … ကျွန်မကတော့ အရည်အချင်း […]