ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

လမ်းလွှဲမှမောင်းပါ

diz_admin

December 5, 2020

ရုပ်ကို စိတ်ကဆောင်တယ်။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုသလိုပါပဲ စိတ်နွမ်းရင် လူပါပန်းတော့တယ်။ စိတ်သန်မှ လူကစွမ်းတယ်မဟုတ်လား။ စိတ်ပျို ကိုယ်နုဆိုတာလည်း ရှိသေး။ ဆိုတော့ စိတ်နဲ့ရုပ်ဟာ တိုက်ရိုက်အချိုးကျတယ်လို့ ဆိုနိုင်လိမ့်မယ်။ မနက်စောစောအိပ်ရာထချိန် စိတ်လန်းနေဖို့လိုတယ်။ ဒါမှ တစ်နေ့တာ ခရီးကို ဖြတ်သန်းရ အဆင်ပြေမယ်။ မနက်ကတည်းက စိမ်းချမ်းမြေ့မှုမရလျှင် တစ်နေကုန် အပေါက်အလမ်းမတည့်တော့။ ဒါကြောင့်ပဲထင်တယ်၊ မြန်မာ လူမျိုးအများစုက တရားဓမ္မနဲ့ နိုးထဖို့ ကြိုးစားကြတယ်။ ချစ်စရာ ဓလေ့တစ်ခု ပါပဲ။ လူ့ဘဝဆိုတာက အမြဲတမ်း အဆီအငေါ်တည့်နေတာမျိုးတော့ မဟုတ်။ အိမ်မှာအဆင်ပြေပေမဲ့ အလုပ်မှာ အဆင်ပြေချင်မှပြေမယ်။ တစ်ခါတစ်ခါ အလုပ်မှာ အဆင်ပြေပေမဲ့ အိမ်မှာ အဆင်ပြေချင်မှ ပြေမယ်။ တစ်ခါတစ်ခါကြပြန်တော့ နှစ်နေရာစလုံးမှာ အဆင်မပြေဖြစ် တတ်ပြန်သေးတယ်။ အဲဒီလိုမျိုး ဖြစ်ခဲ့ရင် စိတ်ပန်းလူပန်း […]

ပြောင်းလဲလာနိုင်သည့် ကပ်ဘေးကာလ တုံ့ပြန်မှုများ

diz_admin

November 28, 2020

သည်ကာလမှာ ကြုံကြရတဲ့ ကပ်ဘေးတုံ့ပြန်မှုတွေကို လေ့လာတဲ့အခါ အောက်ပါအတိုင်း တွေ့ရပါတယ်။ ပရိုအတ်တစ်(Proactive) Proactive ဆိုတာ ကပ်ဘေးအတွက် စိုးရိမ်တကြီး စောင့်ကြည့်ပြီး ကြိုတင်ကာ သတိပေးလိုသူ ပြင်ဆင်လိုသူတွေကို ဆိုလိုတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် စပြီး တွေ့ရှိစဉ်ကတည်းကိုက စောင့်ကြည့်ပြီး တုံ့ပြန် အသင့်ပြင်ဆောင်ရွက်သင့်တာတွေ သတိပေးသလို ဖြစ်တန်စွမ်းတွေကိုလည်း ကြိုတင်မှန်းဆ သတိပေးကြသူတွေ ဖြစ်တယ်။ ပထမလှိုင်းကာလမှာ သူတို့ ခန့်မှန်းချက်တွေ လွဲခဲ့ပေမဲ့ စက်တင်ဘာလ မှာစတဲ့ ကိုဗစ်-၁၉ ကပ်ဘေး ဒုတိယလှိုင်း ကာလဟာ မကြာမတင်မှာပဲ ခန့်မှန်းတဲ့ အတိုင်း များပြားစွာ ကူးစက်မှုတွေ တွေ့လာကြရတယ်။ အသေအပျောက်ပါ အများအပြား ရှိလာခဲ့ပါပြီ။ ခန့်မှန်းချက်အရ အဲသည့်ထက် ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း အစောကတည်းက ကြိုတင်တွက်ဆလို့ ပြင်ဆင်နေကြပါပြီ။ သည်ညနေ […]

လမ်းခွဲပါတီ

diz_admin

November 16, 2020

လမ်းခွဲပါတီဆိုလို့ နိုင်ငံရေးပါတီလို့တော့ မထင်လိုက်ပါနဲ့။ ချစ်သူနှစ် ယောက် လမ်းခွဲကြတဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်တဲ့ ပါတီပွဲနာမည်တစ်ခု။ သမီးရည်းစားနှစ်ယောက် ဘဝတိုး တက်ရာတိုးတက်ကြောင်းရှာဖို့ ကြိုးစားကြရင်း ညှိနှိုင်းမှုမရလို့ နောက်ဆုံး လမ်းခွဲ ဖို့ဆုံးဖြတ်လိုက်ကြရတယ်။ သူတို့ နှစ်ယောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကို သူငယ်ချင်းတွေကို အသိပေးဖို့အတွက် ပါတီပွဲလေးကျင်းပကြဖို့ နှစ်ယောက်သား စိတ်ကူးမိကြတယ်။ သူတို့ရဲ့ ပါတီပွဲလေးကိုတော့ လမ်းခွဲပါတီလို့ နာမည် ပေးလိုက်ကြတယ်။ ကြားကြားချင်းတော့ သူငယ်ချင်းတွေ မှင်တက်မိကုန်တယ်။ လမ်းခွဲ ပါတီဆိုတာက တစ်ခြားသောပါတီမျိုးလည်းမဟုတ်။ ဆိုတော့ ဝမ်းနည်းကြောင်း ပြတဲ့အနေနဲ့ အမည်းရောင်ဝတ်စုံပဲ ဝတ်ပြီးသွားရတော့မလို။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ပဲ လက်ဆောင်တွေကို ရွေးပြီးပေးရမလို။ ပါတီပွဲရောက်ချိန်မှာလည်း ဝမ်းနည်းကြောင်းအမှတ်တရစကားပဲ ပြောပေးရမလိုလိုနဲ့ အတော်လေးကို ဦးနှောက်ခြောက်ကုန်တယ်။ ဒီနေရာမှာ ချစ်သူနှစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းလေးကိုတော့ ချီးကျူးဖို့ကောင်းပါတယ်။ […]

အပြစ်မဲ့ရတနာလေးများ

diz_admin

November 14, 2020

သားသမီးဆိုတာ ရတနာ။ ဟုတ်တာပေါ့။ မိသားစုအတွက် ရတနာလေးတွေ ပါပဲ။ စိန်၊ ရွှေ၊ ကျောက်၊ သံ၊ ပတ္တမြား တွေ မရှိချင်နေပါစေ သူတို့လေးတွေရှိနေရင် မိသားစုအတွက် ပြည့်စုံပါတယ်။ အပြည့်အဝမဟုတ်ပေမဲ့ တစ်စိတ်တစ်ပိုင်းတော့ ပြည့်စုံတယ်လို့ ခံစားမိပါ တယ်။ ကလေးတွေဆိုတာ နိုင်ငံ့ရဲ့ရတနာ။ နိုင်ငံရဲ့အနာဂတ် အရင်းအမြစ်။ နိုင်ငံတည့်တံ့ဖို့ လူသားအရင်းအမြစ်လို တယ်။ ဆိုတော့ ကလေးတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတယ်။ ဒါကြောင့်လည်း သေသေချာချာဂရုစိုက်ပြီး ပြုစုပျိုးထောင် ပေးကြတယ်။ နိုင်ငံချမ်းသာရင် ချမ်းသာသလောက် ကလေးတွေအပေါ်မှာ အာရုံစိုက်ကြတယ်။ ဂရုစိုက်ကြတယ်။ ဘယ်အချိန်ကတည်း ကလည်းဆိုရင် ကိုယ်ဝန်ဆောင်စဉ်ကတည်းကနေပြီးတော့ မွေးဖွားကြီးပြင်း လာတဲ့အထိပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ရက်တစ်ထောင်စီမံကိန်းဆိုတာရှိပါတယ်။ ကလေးတစ်ယောက်ကို ကိုယ်ဝန် စဆောင်ကတည်းကနေပြီး ရက်တစ်ထောင်ပြည့်တဲ့အထိ စောင့်ရှောက်ပေးတယ်။ […]

အသည်းမခွဲပါနဲ့ “မဲ”သမားများ

diz_admin

November 10, 2020

“မဲ” သမားတွေ ကျွန်တော်တို့ကို အသည်းမခွဲစေလိုပါ။ ရွေးကောက်ပွဲမှာ ပြည်သူ့မဲနဲ့ စင်ပေါ်တက်လာတဲ့ “မဲ” သမားတွေ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသည်းကို ငါးနှစ်တာ မခွဲကြပါနဲ့။ စာရှုသူ ဒီစာကို ဖတ်နေချိန်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲရဲ့ ရလာဒ်တွေကို သိရှိပြီးဖြစ်ပါလိမ့်မယ်။ အများခန့် မှန်းခဲ့ကြတဲ့အတိုင်း ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ လက်ရှိအာဏာရ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမတ်လောင်းတွေပဲ အားလုံးနီးပါး အနိုင်ရတယ်ဆိုတာကိုလည်း သိရှိပြီးဖြစ်ပေလိမ့်မယ်။ နောက်ထပ် ငါးနှစ် ကျွန်တော်တို့ တိုင်းရဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စအဝ၀ကို လူထုကိုယ်စား ပြည်တောင်စုနဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ အဆိုပြုမယ့်အမတ်တွေနဲ့ တိုင်းအစိုးရအဖွဲ့ထဲမှာ ပါဝင်လာပြီး တိုင်းရဲ့အမိအဖအစိုးရ ဖြစ်လာကြမယ့် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ကျွန်တော်တို့ ရရှိကြပါတော့မယ်။ လွန်ခဲ့တဲ့ […]

ပိုးတွေ့လူနာနဲ့ ထိစပ်မိတဲ့အခါ

diz_admin

November 7, 2020

ကိုဗစ်-၁၉ ရဲ့ လတ်တလောအခြေအနေကိုဗစ်-၁၉ ရဲ့ ဒုတိယ လှိုင်း၏ အဟုန်သည် စက်တင်ဘာလအတွင်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ယင်းနှင့် ဆက်စပ်သည့် အရှိန်သည် ယနေ့ အထိ တအုံနွေးနွေး တောက်လောင်ဆဲ ဖြစ်ပါသည်။ ယနေ့ ၂၈-၁၀-၂၀၂၀ ည ၈ နာရီအချိန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာချက်အရ စုစုပေါင်း အတည်ပြု လူနာ ၄၇၀၇၂ ဦးရှိပြီးဖြစ်ကာ သေဆုံးသူ ၁၁၇၂ ဦးရှိ ခဲ့ပြီဟု သိရပါသည်။ တိုင်းအတွင်း ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၀ဝ ကျော်ခဲ့ပြီး ဖြစ်ကာလာမည့် အပတ်အတွင်း ဆက်လက်၍လည်း တိုးတက်လာမည့်သဘော တွေ့ရပါသည်။ ရန်ကုန်မြို့တွင် ပိုးတွေ့သူနှင့် ဒေသတွင်း ကူးစက်မှု မြင့်မားလာခဲ့သော […]

လူကောင်းတွေ လွတ်မနေစေဖို့

diz_admin

November 7, 2020

ဒီရွေးကောက်ပွဲမှာ လူကောင်းတွေကိုပဲ ရွေးပြီး မဲပေးမယ်ဆိုတာတွေ ကြားရတဲ့အခါ နောက်ဆက်တွဲ စဉ်းစားမိတာတွေ ရှိလာပါတယ်။ တကယ်တော့ ဒီဟာက ဘာမှ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပါပဲ။ ကောင်းမယ်ထင်တဲ့သူ၊ ကောင်းမယ်ထင်တဲ့ ပါတီကို မဲပေးခဲ့ကြတာချည်းပါပဲ။ လက်ရှိ ရွေးကောက်ခံထားရတဲ့သူတွေဟာ မရွေးကောက်ခင်တုန်းက လူ ကောင်းတွေလို့ အထင်ခံခဲ့ရသူတွေပါပဲ။ ပြီးတော့မှ ကိုယ်ထင်ထားသလို ဖြစ် မလာတာ။ တချို့တွေက ဖောက်ပြန်သွား ကြတာဖြစ်ပါတယ်။ အခုလူတွေရော ရွေးကောက်ခံပြီးသွားရင် ဘယ်လောက် စိတ်ချရမှာလဲ။ အဲဒီလိုစဉ်းစားကြည့်ရင် အာမခံချက်ရှိ မနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူကတော့ ပိုကောင်းမယ်ဆိုတဲ့ အထင်နဲ့ပဲ ကျွန်တော်တို့ဟာ မဲပေးဖို့ စဉ်းစားကြရတာဖြစ်ပါတယ်။ အထင်ဆိုတာကတော့ အထင်ပဲ။ သေချာမနေပါဘူး။ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပေးတာက ကောင်းမယ်ထင်လို့ မဲပေးလိုက်ကြတယ်။ ပြီးတော့မှ […]

ကိုဗစ်ကာလ သည်းညည်းခံရခြင်းများ

diz_admin

November 1, 2020

တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းသလို ကျင့်ကြံအားထုတ်ဖို့ အတော်ခက်ခဲတဲ့ စကားလုံးလေးကတော့ သည်းညည်းခံခြင်းလို့ အဓိပ္ပာယ်ရတဲ့ Tolerance ဆိုတဲ့ စကားလုံးလေးပါပဲ။ တစ်နေ့ ရန်ကုန်စာနယ်ဇင်း အတတ်ပညာသင်ကျောင်းက ဖိတ်ခေါ်မှုနဲ့ Online ကနေ အလုပ်ရုံ ဆွေးနွေးပွဲလေး တက်ဖြစ်တယ်။ သည်းညည်းခံခြင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲအလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က အဲသည် သည်းညည်းခံနေရတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ကိုဗစ်ရဲ့ ရိုက်ခတ်မှုကြောင့် ချောင်ပိတ်ခံနေကြရတဲ့ ပြည်သူတွေရဲ့ ဟဒယကို စာပေနဲ့ ဘယ်သို့ ဖျောင်းဖျ ကြမလဲ၊ ဘယ်လို ထွက်ပေါက် ဖွင့်ပေးကြမလဲ ဆိုတာဆွေး နွေးကြဖို့ ဖြစ်တယ်။ ထူးခြားတာ တစ်ချက်က ဆွေးနွေးကြတဲ့ စာရေးသူတွေ ကိုယ်တိုင်ကိုက အဲသည် ကိုဗစ်ကပ်ဘေး မှာ ကိုယ်ရောစိတ်ပါ ပိတ်မိလို့ မွန်းကျပ် နေကြရတဲ့သူတွေ ဖြစ်နေတာ […]