အပြစ်မဲ့ရတနာလေးများ
diz_admin
November 14, 2020သားသမီးဆိုတာ ရတနာ။ ဟုတ်တာပေါ့။ မိသားစုအတွက် ရတနာလေးတွေ ပါပဲ။ စိန်၊ ရွှေ၊ ကျောက်၊ သံ၊ ပတ္တမြား တွေ မရှိချင်နေပါစေ သူတို့လေးတွေရှိနေရင် မိသားစုအတွက် ပြည့်စုံပါတယ်။ အပြည့်အဝမဟုတ်ပေမဲ့ တစ်စိတ်တစ်ပိုင်းတော့ ပြည့်စုံတယ်လို့ ခံစားမိပါ တယ်။ ကလေးတွေဆိုတာ နိုင်ငံ့ရဲ့ရတနာ။ နိုင်ငံရဲ့အနာဂတ် အရင်းအမြစ်။ နိုင်ငံတည့်တံ့ဖို့ လူသားအရင်းအမြစ်လို တယ်။ ဆိုတော့ ကလေးတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတယ်။ ဒါကြောင့်လည်း သေသေချာချာဂရုစိုက်ပြီး ပြုစုပျိုးထောင် ပေးကြတယ်။ နိုင်ငံချမ်းသာရင် ချမ်းသာသလောက် ကလေးတွေအပေါ်မှာ အာရုံစိုက်ကြတယ်။ ဂရုစိုက်ကြတယ်။ ဘယ်အချိန်ကတည်း ကလည်းဆိုရင် ကိုယ်ဝန်ဆောင်စဉ်ကတည်းကနေပြီးတော့ မွေးဖွားကြီးပြင်း လာတဲ့အထိပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ရက်တစ်ထောင်စီမံကိန်းဆိုတာရှိပါတယ်။ ကလေးတစ်ယောက်ကို ကိုယ်ဝန် စဆောင်ကတည်းကနေပြီး ရက်တစ်ထောင်ပြည့်တဲ့အထိ စောင့်ရှောက်ပေးတယ်။ […]