ကိုဗစ်၊ ကိုစစ်ကြားက သဘင်သည်များ
diz_admin
November 13, 2022ကိုဗစ်ကူးစက်ရောဂါကြောင့် ရပ်နားထားရသည့် ဇာတ်ပွဲများမှာ ကိုဗစ်အလွန်တွင်လည်း ကိုစစ်ဟု ခေါ်ဆိုကြသည့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တိုက်ပွဲများ၊ နယ်မြေမအေးချမ်းမှုများကြောင့် ဇာတ်ကနိုင်ခြင်း မရှိကြသေးပေ။ ဇာတ်သဘင် လုပ်ငန်းများ ရပ်နေသည်မှာ ၃ နှစ်နီးပါးရှိလာသည်နှင့်အမျှ ဇာတ်ပွဲများကို မှီခိုနေကြရသည့် သဘင်သည်များမှာ စားဝတ်နေရေး အလွန်အမင်း ကျပ်တည်းလာကြပြီး ငတ်မည့်ဘေးကိုပင် ကြုံတွေ့နေကြရသည်။ အထူးသဖြင့် အောက်ခြေဇာတ်အဖွဲ့သားများမှာ ကာလရှည် ထိုင်စားနိုင်လောက်သည့် ငွေကြေးပိုင်ဆိုင် ထားကြသူများမဟုတ်ပေရာ ယခုအခြေအနေမှာ စားရမဲ့၊ သောက်ရမဲ့ အခြေအနေပင်ဆိုက်နေပြီဟု ဆိုကြသည်။ ဇာတ်သမားများတွင် လုပ်နိုင်ကိုင်နိုင်အရွယ်များမှာ ရရာအလုပ်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနိုင်ကြသော်လည်း သက်ကြီးရွယ်အိုများနှင့် မလုပ်နိုင်မကိုင်နိုင် အရွယ်များ၊ သားသမီးနောက်ခံ မရှိသူများမှာ အလွန်ခက်ခဲနေကြရသည်။ ယင်းကြောင့် ယခုအပတ် တင်ဆက်မည့် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဇာတ်သမားများ၏ အခက်အခဲများကို သိရှိနိုင်ကြစေရန် […]


