စျေးတွေတက်လို့ မငတ်ဖို့ရုန်းနေရတဲ့ ပြည်သူတွေ
diz_admin
February 26, 2023အာဏာသိမ်းအပြီး ၂ နှစ်ကျော်အကြာတွင် အထွေထွေကုန်စျေးနှုန်းမှာ အလွန်အမင်းမြင့်တက် လာနေပြီဖြစ်သည်။ စီပွားရေး လုပ်ငန်းအများစုမှာ ရပ်တန့်နေပြီး အလုပ်အကိုင်ရှားပါးမှုများ ဖြစ်နေချိန်တွင် မြင့်မားလာသည့် ကုန်စျေးနှုန်းဒဏ်ကို ပြည်သူအများ ခါးစည်းခံနေကြရသည်။ နေရာအနှံ့တွင်လည်း ပဋိပက္ခများဖြစ်ပွားနေပြီး တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် ပြည်သူအများမှာ အသက်အန္တရာယ်ကျရောက်မည့် အရေးကြောင့် စီးပွားမရှာနိုင် ရှိနေသည့် ပစ္စည်းများထုခွဲရောင်းချကာ နေထိုင်စားသောက်နေကြရသည်။ ဝင်ငွေနည်းပါးကာ ကျပ်တည်းလာမှုကြောင့် ဘဝကိုပုံမှန်အတိုင်း ဖြတ်သန်းနိုင်ခြင်း မရှိကြတော့ဘဲ ဝမ်းဝရုံသာ အဓိကထားနေကြရပြီး အခြားနေ့စဉ်ဘဝအတွက် လိုအပ်သည်များအတွက် အသုံးကို ခြွေတာနေကြရသည်။ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ယင်းအခြေအနေများကို မေးမြန်းဖော်ပြအပ်ပါသည်။ “ထမင်းမငတ်ပါ စေနဲ့လို့ပဲ ဆုတောင်းရတော့မှာ” ထားဝယ်မြို့နယ်က CDM အိမ်ရှင်မ တစ်ဦး။ DW ။ ကုန်ဈေးနှုန်းတွေ ကြီးနေတဲ့ ကြားက စားဝတ်နေရေးကို […]


