နှစ်သစ်ကို ကြိုချင်ကြလား
diz_admin
December 31, 2022ဒီဇင်ဘာလ ၃၁ ရက်နေ့ရောက်ပြီဆိုလျှင် ကမ္ဘာနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း လူငယ်၊ လူကြီး၊ လူလတ်မရွေး အားလုံး နှစ်သစ်ကိုကြိုဖို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပေပြီ။ သို့သော် မြန်မာနိုင်ငံသားတွေ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ကြ။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခကြောင့် ဒေသအတော်များများတွင် အေးချမ်းမှုမရှိ။ တောထဲရောက်နေသူ၊ ထောင်ထဲရောက်နေသူ၊ ပြည်ပထွက်ခွာသွားသူ၊ တော်လှန်ရင်း ကျဆုံးသွားသူ စသဖြင့် အကွဲကွဲအပြားပြား။ ယခုနှစ်တွင်တော့ နှစ်သစ်ကို ကြိုလိုသူ နည်းလှမည်။ အရင်အချိန်တွေကို ပြန်တမ်းတရင်း လွမ်းနေသူတွေက ပိုများလှမည်ထင်သည်။ ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ‘နှစ်သစ်ကို ဘယ်လိုဖြတ်သန်းကြမလဲ’ ဆိုသည်ကို မေးမြန်းဖော်ပြလိုက်ပါသည်။ “အခုဆို နှစ်သစ်ကို မကြိုဆိုတာ ၂ နှစ်ရှိပြီ။ ဒီနှစ်ပါဆိုရင် သုံးနှစ်ပေါ့” မြိတ်မြို့နေ အသက် ၃၀ နှစ်ရှိ […]


