❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၃) ❞
Dawei Watch
October 31, 2023ကိုယ်တို့မျက်စိရှေ့မှာပဲ ကိုယ်တို့ကိုင်တွယ်အသုံးပြုခဲ့တဲ့ ငွေစက္ကူတွေကို ၁၉၈၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၇ ခုနှစ်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ရပ်စဲခံလိုက်ရပါတယ်။ ငွေစက္ကူ တချို့ဆိုရင် ထုတ်ဝေထားတာ သိပ်မကြာသေးပါ။ မှတ်မိသမျှ ၇၅ိ/- တန်ကို ထုတ်ဝေထားတာ နှစ်နှစ်ကျော်ကျော်နဲ့ ၃၅ိ/- တန်က တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဒီကာလတွေမှာ ပြည်သူလူထုရဲ့ မကျေမနပ်ဖြစ်စရာ ပေါက်ကွဲချင်စရာ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒုတိယအကြိမ် ငွေစက္ကူတွေ ရပ်စဲခံရပြီး သိပ်မကြာခင် ၁၉၈၇ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘ့ာကုလသမဂ္ဂကနေ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျဆုံးစာရင်းမှာ ထည့်သွင်းလိုက်ပြန်ပါတယ်။ တနည်းပြောရရင် ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို လူမွဲတွေအဖြစ် ကမ္ဘာသိအောင် ကြေညာခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါတွေကို လက်မခံနိုင်တဲ့ တက္ကသိုလ်အချို့က […]


