ကြောက်စရာ မျောက်ကျောက်ရောဂါ
Dawei Watch
August 24, 2024ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်နေ့က ကြေညာထားသည့် မျောက်ကျောက်ရောဂါမှာ အန္တရာယ်ရှိသည့် ကူးစက်ရောဂါဖြစ်သည်။ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်လည်း မျောက်ကျောက်ရောဂါ မျိုးစိတ်သစ် ကူးစက်ခံထားရကြောင်း သံသယရှိသူတစ်ဦးကို ပထမဆုံးတွေ့ရှိဟု ထိုင်းကျန်းမာရေးဌာနက ဩဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ အာဖရိကနိုင်ငံတစ်ခုမှ ထိုင်းနိုင်ငံသို့ ပြန်လာသူတစ်ဦးထံတွင် ကူးစက်မြန်သည့် မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကူးစက်ခံထားရဖွယ်ရှိသည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံနှင့် ထိစပ်မှုများလည်း တနင်္သာရီတိုင်းတွင်လည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုရှိနိုင်သည်ဆိုသော သံသယများလည်း ရှိနေသည်။ မျောက်ကျောက်ရောဂါမှာ လူသေဆုံးနိုင်သည့် ရောဂါတစ်ခုဖြစ်သဖြင့် ရောဂါမကူးစက်စေရန် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိနားလည်ထားရန် လိုအပ်သည်။ မျောက်ကျောက်ရောဂါမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် ရေကျောက်ရောဂါနဲ့ […]


