ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

စစ်ဘေးရှောင်များနှင့် ဆောင်းရာသီအခက်အခဲ (၂)

Dawei Watch

November 22, 2024

နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ခံအမျိုးသမီးတစ်ဦး (တနင်္သာရီမြို့နယ်) ပွင့်လင်းရာသီအစတွင်ပင် စစ်ကောင်စီတပ်၏ ရက်ရှည်စစ်ကြောင်းထိုးမှုများကြောင့် တိုင်းအတွင်းစစ်ရေးပိုမိုပြင်းထန်လာနေပြီး စစ်ဘေးရှောင်များလည်း ပိုမိုများပြားလာသည်။ အထူးသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်များ ပိုများလာနေသလို၊ ဒေသအချို့တွင် ရိက္ခာသယ်ယူရ ခက်ခဲသည့်အခြေအနေ၊ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရသည့် အခြေအနေများလည်း ရှိနေသည်။ ယင်းအခြေအနေတွင် ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သဖြင့် ရာသီအကူးအပြောင်း ဖျားနာမှုများအပြင် ရာသီရောဂါများလည်း ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်များအတွက် ဆေးဝါးအကူအညီများလည်း အလွန်လိုအပ်နေသည်။ ရိက္ခာအခက်အခဲပင် ပြေလည်မှုမရှိသေးသည့် အခြေအနေတွင် ဆေးဝါး၊ အဝတ်အထည် စသော အခြားလိုအပ်ချက်များလည်း ထပ်တိုးလာနေသည်။ စစ်ဘေးရှောင် အကူအညီပေးနေသူများမှာလည်း တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ အခြားအခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။ ယင်းကြောင့် ပုလောနှင့် တနင်္သာရီ ဒေသမှစစ်ရှောင်များ၏ အခြေအနေနှင့် အကူအညီပေးနိုင်မှု အနေအထားကို […]

စစ်ဘေးရှောင်များနှင့် ဆောင်းရာသီအခက်အခဲ (၁)

Dawei Watch

November 21, 2024

မြိတ်ခရိုင်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ပွင့်လင်းရာသီအစတွင်ပင် စစ်ကောင်စီတပ်၏ ရက်ရှည်စစ်ကြောင်းထိုးမှုများကြောင့် တိုင်းအတွင်းစစ်ရေးပိုမိုပြင်းထန်လာနေပြီး စစ်ဘေးရှောင်များလည်း ပိုမိုများပြားလာသည်။ အထူးသဖြင့် အောက်တိုဘာလလယ်မှစကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့် ပုလောဒေသတွင် စစ်ဘေးရှောင်များ ပိုများလာနေသလို၊ ဒေသအချို့တွင် ရိက္ခာသယ်ယူရ ခက်ခဲသည့်အခြေအနေ၊ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရသည့် အခြေအနေများလည်း ရှိနေသည်။ ယင်းအခြေအနေတွင် ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သဖြင့် ရာသီအကူးအပြောင်း ဖျားနာမှုများအပြင် ရာသီရောဂါများလည်း ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်များအတွက် ဆေးဝါးအကူအညီများလည်း အလွန်လိုအပ်နေသည်။ ရိက္ခာအခက်အခဲပင် ပြေလည်မှုမရှိသေးသည့် အခြေအနေတွင် ဆေးဝါး၊ အဝတ်အထည် စသော အခြားလိုအပ်ချက်များလည်း ထပ်တိုးလာနေသည်။ စစ်ဘေးရှောင် အကူအညီပေးနေသူများမှာလည်း တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ အခြားအခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။ ယင်းကြောင့် ပုလောနှင့် တနင်္သာရီ ဒေသမှစစ်ရှောင်များ၏ အခြေအနေနှင့် အကူအညီပေးနိုင်မှု အနေအထားကို သိရှိနိုင်စေရန်အတွက် […]

အကျိုးစီးပွားမက်လုံးနဲ့ ငြိမ်းချမ်းရေး

Dawei Watch

November 20, 2024

“မွဲတေ ဆင်းရဲကြလို့၊ မဖွံ့ဖြိုးလို့ လက်နက်ကိုင်တိုက်ခိုက်နေကြတယ်။ စီးပွားရေးအခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးရေးလမ်းစတွေသာ ရလာခဲ့ရင်၊ ချမ်းသာလာကြရင် လက်နက်တွေမကိုင်တော့ဘဲ အပစ်ရပ်ပြီး ဖွံ့ဖြိုးရေး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြမှာပါပဲ” ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဒီလိုအမြင်မျိုးနဲ့ ချဉ်းကပ်ကြသူတွေရှိကြပါတယ်။ အပစ်ရပ်ကြပြီး စီးပွားရေးလုပ်၊ ဖွံ့ဖြိုးအောင်လုပ်ကြ ဆိုတဲ့ အခြေအနေကို ယေဘုယျအားဖြင့် အပစ်ရပ်စီးပွားရေး လို့လည်း သိကြပါတယ်။ ဒီလိုပုံစံမျိုးကိုပဲ ငြိမ်းချမ်းရေး တည်ဆောက်မှု လို့ ခေါင်းစဉ်တပ်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအကျိုးစီးပွားမက်လုံးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ချဉ်းကပ်တာက တကယ်ရော အလုပ်ဖြစ်သလား လို့ မေးခွန်းထုတ်ကြသူတွေရှိပါတယ်။ အကြောင်းကတော့ ဒီချဉ်းကပ်မှုမျိုးနဲ့ လုပ်ဆောင်ခဲ့တဲ့ အပစ်ရပ် စီးပွားရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်စဉ်တွေဟာ မလိုလားအပ်တဲ့ အကျိုးဆက်အချို့ ထွက်လာခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။ စီးပွားရေး ကြီးပွားရေးပဲ ပြောမှာလား နဝတ/နအဖ လက်ထက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်ရပ်ခဲ့ပြီး […]

ထားဝယ်တန်ဆောင်တိုင် ဝိရောဓိ

Dawei Watch

November 15, 2024

ယခုနှစ် ထားဝယ်တန်ဆောင်တိုင်မှာ စစ်အာဏာသိမ်းကာလအတွင်း အစည်ကားဆုံး ပွဲတော်ဖြစ်ခဲ့သည်။ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဒေသဓလေ့တစ်ခုကို မပျောက်သွားစေရေးအတွက် ဘုရားလှည့်ပွဲကို ကျင်းပရသည်ဟု ပြောဆိုမှုများရှိသလို လူတိုင်းပါဝင်နိုင်ခြင်း မရှိသည့် အခြေအနေမျိုးတွင် ယခုလို မကျင်းပသင့်ဟု ထောက်ပြသူများလည်း ရှိကြသည်။ ယင်းအပြင် ဖျော်ဖြေရေးယာဉ်များဖြင့် လှည့်လည်ခဲ့ကြပြီး သီချင်းသံများ ကျယ်လောင်စွာ ဖွင့်၍ ကခုန်ခဲ့မှုအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။ ယခင်က လူငယ်များဖြင့် အဓိကထားကျင်းပခဲ့သည့် ဘုရားလှည့်ပွဲမှာ ယခုနှစ်တွင် လူငယ်များ မပါနိုင်တော့ဘဲ ဆယ်ကျော်သက်များနှင့် လူကြီးများကသာ ပါဝင်လုပ်ဆောင်ခဲ့သည်မှာလည်း ထူးခြားချက်တစ်ခုဖြစ်ခဲ့သည်။ ဘုရားလှည့်ပွဲတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စွာ ချထားမှုကလည်း ဘုရားပွဲကို အကျည်းတန်စေသည်ဟု ဆိုသူများကလည်း ဆိုကြသည်။ မြို့ပေါ်တွင် ဘုရားလှည့်ပွဲ ပျော်ပျော်ပါးပါးနွှဲနေချိန်မှာ မြို့အနီးဝန်းကျင် ကျေးရွာများကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် […]

စစ်ရှောင်တွေရဲ့ တော်လှန်ရေးမျှော်လင့်ချက် (အပိုင်း – ၂ )

Dawei Watch

November 11, 2024

အာဏာသိမ်းကာလ ရက်ပေါင်း ၁၄၀၀ နီးပါးရှိလာချိန်တွင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်နေရသူ ခြောက်သောင်းဝန်းကျင်အထိ ရှိနေသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်နှင့် တိုက်ပွဲများဖြစ်ပွားလာချိန်တွင် အရပ်သားများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းလုပ်ကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင် ကြရခြင်းဖြစ်သည်။ ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး နီးစပ်ရာ မြို့ရွာများ၊ တောတောင်ဥယျာဉ်ခြံများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြရသည်။ အဆိုပါနေရာများတွင် စား၊ဝတ်၊နေရေး အခက်အခဲမျိုးစုံကို ရင်ဆိုင်နေထိုင်ကြရသဖြင့် စစ်ဘေးရှောင် အားလုံးနီးပါးက နေရပ်ပြန်ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းရန် အာသီသပြင်းထန်နေကြသည်။ စစ်ဘေးရှောင်းများ နေရပ်ပြန်ကာ ယခင်လိုအေးချမ်းစွာ နေထိုင်နိုင်ရေးမှာ စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်တွန်းလှန် နိုင်မှသာဖြစ်နိုင်မည့် အခြေအနေဖြစ်ရာ တော်လှန်ရေးအောင်မြင်စွာ အပြီးသတ်ရန် မျှော်လင့်နေသူများလည်း အများအပြားရှိနေသည်။ ထိုကြောင့် တော်လှန်ရေးအပေါ် စစ်ဘေးရှောင်နေရသူများ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်၊ […]

စစ်ရှောင်တွေရဲ့ တော်လှန်ရေးမျှော်လင့်ချက် (အပိုင်း – ၁)

Dawei Watch

November 11, 2024

အာဏာသိမ်းကာလ ရက်ပေါင်း ၁၄၀၀ နီးပါးရှိလာချိန်တွင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်နေရသူ ခြောက်သောင်းဝန်းကျင်အထိ ရှိနေသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်နှင့် တိုက်ပွဲများဖြစ်ပွားလာချိန်တွင် အရပ်သားများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းလုပ်ကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင် ကြရခြင်းဖြစ်သည်။ ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး နီးစပ်ရာ မြို့ရွာများ၊ တောတောင်ဥယျာဉ်ခြံများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြရသည်။ အဆိုပါနေရာများတွင် စား၊ဝတ်၊နေရေး အခက်အခဲမျိုးစုံကို ရင်ဆိုင်နေထိုင်ကြရသဖြင့် စစ်ဘေးရှောင်အားလုံးနီးပါးက နေရပ်ပြန်ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းရန် အာသီသပြင်းထန်နေကြသည်။ စစ်ဘေးရှောင်းများ နေရပ်ပြန်ကာ ယခင်လိုအေးချမ်းစွာ နေထိုင်နိုင်ရေးမှာ စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်တွန်းလှန် နိုင်မှသာဖြစ်နိုင်မည့် အခြေအနေဖြစ်ရာ တော်လှန်ရေးအောင်မြင်စွာ အပြီးသတ်ရန် မျှော်လင့်နေသူများလည်း အများအပြားရှိနေသည်။ ထိုကြောင့် တော်လှန်ရေးအပေါ် စစ်ဘေးရှောင်နေရသူများ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်၊ အားမလိုအားမရဖြစ်မှုများကို […]

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဒါတွေသတိထား

Dawei Watch

November 10, 2024

တနင်္သာရီတိုင်း မြိတ်မြို့တွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေပြီး ဆေးရုံတက်ရောက် ကုသနေရသူ အများအပြားရှိနေသည်။ ယင်းကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရာအချက်များကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်ပါသည်။ DW ။ ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် ဘယ်လိုမျိုးရှေးဦးပြုစုရမလဲခင်ဗျား။ ဖြေ ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုတာနဲ့ ၂ ခါ ၃ ခါလောက်ဝမ်းသွားပြီပေါ့နော်။ ဝမ်းက အရည်သွားပြီဆိုရင် ပထမဆုံး ကိုယ့်ဝမ်း(မစင်)ကို ကိုယ်မရွံဘဲနဲ့ကြည့်သင့်တယ်ပေါ့နော်။ သွေးစသွေးနတွေပါလား။ အမြှုပ်တွေလား။ အဖြူ(ရောင်)အရည်တွေလား။ ပြီးရင် ရိုးရိုးဝမ်းအသားချည်းပဲလား။ မဲမဲပျစ်ပျစ်ဝမ်းတွေလား။ ဝမ်းရဲ့အရောင် အနံ့ အဲဒါတွေကြည့်ထားသင့်တယ်ပေါ့လေ။ ပုံမှန်ဆိုရင်တော့ ဝမ်းအသားပဲ၊ အဝါရောင်၊ အရည်၊ အမြှုပ်နည်းနည်းပါမယ်။ အနံ့ကလည်း ဝမ်းအနံ့လောက်ပဲ မနံဘူးဆိုရင်တော့ ရိုးရိုးတန်းတန်း ဝမ်းပျက်ဝမ်းလျှောပေါ့။ အဲဒါဆိုရင်တော့ ဖင်ကထွက်သမျှ ဥပမာ ၁ လီတာလောက်ထွက်တယ်ဆိုရင် […]

တောင်ပိုင်းတနင်္သာရီတွင် ဇီဝကများ အလိုရှိသည်

diz_admin

November 7, 2024

အာဏာသိမ်းပြီး လေးနှစ်အတွင်းချင်းနင်းဝင်ရောက်ချိန်တွင် တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်သည့် နယ်မြေအများအပြား ပေါ်ပေါက်လာသလို တိုက်ပွဲဖြစ်သည့် စစ်နယ်လည်း ကျယ်ပြန့်လာသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးမှုများ ပိုများလာပြီး တိုက်ပွဲများလည်း ပြင်းထန်နေရာ စစ်ဘေးရှောင်အများအပြားလည်း ရှိနေသည်။ တိုက်ပွဲပြင်းထန်သည့် နယ်မြေများကို ဆေးဝါးအပါအဝင် အခြားရိက္ခာပစ္စည်းများ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ဆေးဝါးရှားပါးမှုဖြင့် ရင်ဆိုင်နေရသည်။ တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်း အများအပြားက CDM လုပ်ကြသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ဆေးပေးခန်းအများအပြား ဆေးကုသမှု လုပ်ငန်းများ ရပ်နားသွားကြသည်။ ထိုအခင်းအကျင်းတွင် တော်လှန်ရေးတပ်များ၏ ဆေးမှူးများနှင့် ကူညီပေးနေသည့် ဆေးအဖွဲ့များရှိသော်လည်း ဒေသခံနှင့် စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်ကုသမှုအတွက် ဆရာဝန်နှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် […]