ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

None

တပေါင်းလပြည့်နေ့ ထားဝယ်မြို့အတွင်း သံဃာတော်များ လှည့်လည်ပရိတ်ရွတ်မည်

Dawei Watch

March 11, 2025

ထားဝယ်မြို့အတွင်းရှိ အဓိကလမ်းမကြီးတစ်လျှောက်တွင် တပေါင်းလပြည့်နေ့၌ သံဃာတော်များက လှည့်လည်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ မတ်လ ၁၃ရက် တပေါင်းလပြည့်နေ့ တပေါင်းပွဲတော်နေ့ ညနေ ၄ နာရီမှစ၍ ထား၀ယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းမှ နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်သည့်လမ်းကြောင်းအတိုင်း သံဃာတော်များ ပရိတ်ရွတ်ကာ စတင်ထွက်ခွာမည် ဖြစ်ကြောင်း အထက်ပါအသင်းတာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “ဒါကတော့ ပထမအကြိမ်ပါ။ ကျွန်တော်တို့ မြို့ပေါ် အခြေစိုက် ပရဟိတအသင်းတွေ အရေးပေါ်လူနာတင်ယာဉ် အသင်းတွေလည်း ဝန်းရံပူးပေါင်းလိုက်ပါကြဖို့ ရှိတယ်။ ဆရာတော်တွေ စီးတဲ့ယာဉ်၊ ပရိတ်ရေ၊ အိုးတင်တဲ့ယာဉ်အပါ ဆိုရင် အားလုံး မော်တော်ယာဉ် အစီး ၂၀ လောက်ပါမယ်”ဟု ၎င်းက ပြောဆိုသည်။ မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဖော်ပွဲကို ထားဝယ်မြို့အခြေစိုက် […]

KNU ထားဝယ်မြို့နယ်တရားသူကြီး၏သား သတ်ဖြတ်အလောင်းဖျောက်ခံရ

Dawei Watch

January 13, 2025

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ် (ထားဝယ်မြို့နယ်) တရားသူကြီး စောကဲဒို၏ ဒုတိယမြောက်သားဖြစ်သူ သတ်ဖြတ်အလောင်းဖျောက်ခံရကြောင်း KNU တပ်မဟာ (၄) နှင့် အရှေ့တောဒေသခံအချို့ထံမှ သိရသည်။ မြို့နယ်တရားသူကြီး စောကဲဒို၏ သားဖြစ်သည့် စောကညောဒိုစိုးမှာ ဒီဇင်ဘာ ၂၀ ရက်က ၎င်း၏ ကလေးမွေးနေ့အတွက် ပစ္စည်းဝယ်ရန် ထားဝယ်မြို့သို့ သွားစဉ် ပျောက်ဆုံးသွားကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ယင်းနောက် ရက်ပေါင်း ၂၀ ခန့်အကြာ ဇန်နဝါရီလ ၁၀ ရက်တွင် ဝကုန်းကျေးရွာက ရေတွင်းတစ်ခုထဲ၌ အလောင်းကိုပြန်လည်တွေ့ရှိကြောင်း ၎င်းက ဆိုသည်။ “သူ့အလောင်းပေါ်မှာ သူ့ဆိုင်ကယ်လည်း ရှိတာပေါ့နော်။ (သတ်ဖြတ်တဲ့သူတွေ) သူတို့ သွားမြှုပ်ထားတာ၊ […]

၂၀၂၅ အတွက် ဘာဘာဗန်ဂါနဲ့ နော်စတာဒါးမတ်စ်ရဲ့ ဟောချက်တွေ မှန်တော့မလား

R Yu

January 10, 2025

၂၀၂၅ ခုနှစ်ဟာ ပေါင်းခြင်းအရ ၉ ဂဏန်းကို ရရှိပေမယ့် နှစ်ကောင်းမဟုတ်ဘဲ နှစ်ကြမ်းဖြစ်တယ်လို့ ဘာဘာဗန်ဂါနဲ့ နော်စတာဒါးမတ်စ်တို့က ကြိုတင်ဟောကိန်းတွေ၊ နမိတ်ကြိုတဘောင်တွေ ထားရှိခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် နှစ်အစမှာတင် အဖွင့်တွေက သိပ်မလှပါဘူး။ တိဗက်ငလျှင်ကြီး လှုပ်ခဲ့သလို ကမ္ဘောဒီးယားအတိုက်အခံဝန်ကြီးချုပ်ဟောင်း အသတ်ခံလိုက်ရပါတယ်။ တရုတ်မှာ ရောဂါတွေ တစ်ကျော့ပြန်ဖြစ်လာပြီး WHO ကနေပြီးတော့တောင် အားလုံးကို အိမ်ထဲမှာနေဖို့ သတိပေးချက် ထုတ်လိုက်ရပါတယ်။ ထူးခြားလွန်းတာက ဒီနှစ်ကို အခုနောက်ပိုင်း ခေတ်သစ်ဟောကိန်းပညာရှင်တွေက အကောင်းတွေဘက်ဆီ ဦးတည်ဖို့ အလှည့်အပြောင်းဖြစ်မယ့်နှစ်လို့ ဟောထားပြီး အတိတ်ကာလရဲ့ထိပ်ခေါင်တွေဖြစ်ကြတဲ့ ဘာဘာဗန်ဂါနဲ့ နော်စတာဒါးမတ်စ်တို့လို ပညာရှင်တွေကတော့ နှစ်ဆိုး၊ နှစ်ကြမ်းလို့ ဟောထားတာပဲဖြစ်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

December 20, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြင်သစ်မှာ အမျိုးသားက ဇနီးသည်ကို ဆေးခတ်ပြီး မိတ်ဆွေများနဲ့အတူ ဆယ်စုနှစ်ကြာအောင် အဓမ္မကျင့် ပြင်သစ်မှာ အမျိုးသားဖြစ်သူက ဇနီးသည်အမျိုးသမီးကို ဆေးခတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာအောင် ကိုယ်တိုင် အဓမ္မကျင့်ခဲ့တဲ့အပြင် တခြားသူတွေကိုပါ ဖိတ်ခေါ်ပြီး အဓမ္မကျင့်စေခဲ့ပါတယ်။ ခံရတဲ့သူကတော့ ဂျီဆဲလ်ပီလီကော့ (Gisèle Pelicot) လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ဆေးခတ်ခံရပြီး သူမအသိမရှိနေတဲ့အချိန်မှာ အမျိုးသားဖြစ်သူက သူမကို အဓမ္မကျင့်ဖို့အတွက် အွန်လိုင်းပေါ်ကနေ အခြားသူတွေကို ဖိတ်ခေါ်ခဲ့တာပါ။ အမျိုးသားကတော့ ဒိုမနစ်ပီလီကော့ (Dominique Pelicot) လို့ခေါ်ပြီး သူမကို အဓမ္မကျင့်ရာမှာ အခြားအမျိုးသား ၅၀ အထိ ပါဝင်ခဲ့တာကို တရားရုံးမှာ […]

ဒီဇင်ဘာလ ၁၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

December 17, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ဒီဇင်ဘာလ ၁၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

December 13, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။