မော်တန် ယူးလ်မန်ကို ခေါ်ယူဖို့အတွက် မန်ယူ ကမ်းလှမ်းမှုစတင်၊ ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေသေး
Dawei Watch
July 29, 2025မန်ယူ ဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ မော်တန် ယူးလ်မန် ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ စတင်လိုက်ပါပြီ။ အသက် ၂၆ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ယူးလ်မန်အတွက် မန်ယူကယူရို သန်း ၄၀ (ပေါင် ၃၅ သန်း) နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စပို့တင်းလစ္စဘွန်းဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် အနည်းဆုံးအဖြစ် ယူရို သန်း ၅၀ (ပေါင် ၄၃ ဒသမ ၄ သန်း) လောက်အထိ လိုချင်နေတာကြောင့် ညှိနှိုင်းမှုက အဆင်မပြေသေးပါဘူး။ ယူးလ်မန် ကို ဂျူဗင်တပ်အသင်းကလည်း ခေါ်ယူချင်နေတာကြောင့် မန်ယူအနေနဲ့ အပြိုင်အဆိုင် ကြိုးစားရတာမျိုးတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ မော်တန် ယူးလ်မန် ဟာ ကွင်းလယ်ခံစစ်မှာ အလားအလာကောင်းတွေ […]


