အုပ်စုအဖွင့်ပွဲမှာ မြန်မာအသင်းက အနိုင်ယူခဲ့တဲ့ ဩစတြေးလျ ယူ-၂၃ အသင်းနဲ့ ဖိုင်နယ်မှာထပ်တွေ့
Dawei Watch
August 17, 2025ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ရဲ့ ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းက အိမ်ရှင် ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် ဖိုင်နယ်မှာ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ မြန်မာနဲ့ ဩစတြေးလျ ယူ-၂၃ အသင်းတို့ ပြန်ဆုံကြတော့မှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းကို အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပါတယ်။ ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းဟာ အိမ်ရှင် ဗီယက်နမ်ကို ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်ပြီးဆုံးချိန်ကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တာပါ။ အသင်းက အဲ့ဒီလို အရေးနိမ့်နေပေမယ့် ဗီယက်နမ်ပရိသတ်တွေ၊ ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးကြတဲ့ ဗီယက်နမ်နိုင်ငံ အကြီးအကဲတွေက […]


