ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီ လွတ်ငြိမ်းတွင် ဝန်ကြီး၊ ဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားသားများပါဝင်

diz_admin

November 17, 2022

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဝန်ကြီးချုပ်ဟောင်းနှင့် NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေး အပါအဝင် နိုင်ငံခြားသားများ ပါဝင်လာသည်။ ယနေ့ ကျရောက်သည့် အမျိုးသားနေ့တွင် စစ်ကောင်စီက အကျဉ်းသား ၅၇၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်သည်။ ယင်းစာရင်းတွင် NLD အစိုးရလက်ထက်က အတိုင်ပင်ခံရုံဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့ ပါဝင်သည်။ ဒေါက်တာ လဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရခြင်းဖြစ်သည်။ ဦးသန်းဌေးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုကာ ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ပြစ်ဒဏ်ချခံရသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့မှာ […]

ဒေါက်တာလဲ့လဲ့မော်နှင့်အတူ ကုမ္ပဏီတာဝန်ရှိသူများ ပြန်လွတ်

diz_admin

November 17, 2022

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိအမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် GGS ကုမ္ပဏီတာဝန်ရှိသူများ ယနေ့ပြန်လည်လွတ်မြောက်လာ‌ကြောင်း စုံစမ်းသိရှိရသည်။ “ဒီနေ့အကုန်လုံးပြန်လွတ်လာပါပြီ။ ဦးသိန်းထွေးပါတယ်။ ဒေါ်လဲ့လဲ့မော်ပါတယ်။ ဦးအောင်မြတ်ပါတယ်။ အခုထောင်ရှေ့မှာပါ။ ကျွန်တော်သူတို့ဘေးမှာရှိနေပါတယ်” ဟု ဦးသိန်းထွေး၏ မိတ်ဆွေ ဦးစိုးနိုင်က‌ ပြောသည်။ ဦးစိုးနိုင်သည် GGS ကုမ္ပဏီတာဝန်ရှိသူများ ထားဝယ်မြို့တွင် တရားရင်ဆိုင်နေစဉ်က မကြာခဏလာရောက်ခဲ့သူဖြစ်သည်။ GGS ကုမ္ပဏီမှာ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် လက်ထက်က ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော် အဂတိအမှု ၄ မှုနှင့်တရားစွဲခံရသည့်အထဲ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ဂက်စ်ဖိုးငွေ ၉ ဘီလီယံနီးပါးပေးချေရန် ပျက်ကွက်ခဲ့မှု၊ ဒေါက်တာလဲ့လဲ့မော်ပိုင် နေအိမ်နှင့်ခြံကို ကျပ်သိန်း ၂၀၀၀ ဈေးပေးပြီး ဝယ်ယူခဲ့မှုတို့ဖြင့် GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ခံဦးအောင်မြတ်တို့မှာ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရခြင်းဖြစ်သည်။ အထွေထွေမန်နေဂျာဖြစ်သူ ဦးသူရအုံမှာလည်း ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသည်။  ယင်းထောင်ဒဏ်ချမှတ်ခံထားရသူ သုံးဦးအနက် ဦး‌သိန်းထွေး၊ […]

ပိုလန်ဘက်ကျသည့် ဒုံးကျည်မှာ လေကြောင်းရန်ကာကွယ်ရေး ယူကရိန်းဒုံးကျည်ဖြစ်နိုင်ဟု နေတိုးအကြီးအကဲဆို

diz_admin

November 17, 2022

ပိုလန်နိုင်ငံ နယ်နမိတ်အတွင်းသို့ ကျရောက်ပေါက်ကွဲကာ လူ (၂) ဦးသေဆုံးသွားခဲ့သော ဒုံးကျည်သည် ယူကရိန်းဒုံးကျည် ဖြစ်နိုင်ကြောင်း နေတိုး(မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့)အထွေထွေ အတွင်းရေးမှူး ဂျန်စ်စတော်တန်ဘာ့ဂ် က BBC ကို ပြောကြားခဲ့သည်။ “ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ဖြစ်ဖို့များပါတယ်” ဟု ယူကရိန်းနယ်စပ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းကို ကျူးကျော်မှုများ ပြုလုပ်နေသည့် ရုရှားကိုသာ အပြစ်တင်ရပေလိမ့်မည် ဖြစ်ကြောင်း Nato အတွင်းရေးမှူးက ထောက်ပြသွားခဲ့သည်။ အဆိုပါ ဒုံးကျည်ကို ရုရှားဘက်ကသာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းဘက်က ပြောဆိုနေဆဲ ဖြစ်သည်။ “ဒီ ဒုံးကျည်ဟာ ကျွန်တော့်တို့ရဲ့ဟာ မဟုတ်တာကို လုံးဝသံသယမရှိပါဘူး” ဟု သမ္မတဗိုလိုဒီမာ ဇီလန်စကီး က ရုပ်သံတစ်ခုတွင် […]

ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် လယ်ယာလုပ်ငန်းများ အခက်ကြုံ

diz_admin

November 16, 2022

အထွေထွေစရိတ်ကြီးမြင့်လာမှုနှင့်အတူ လယ်ယာလုပ်ငန်းတွင်လည်း သွင်းအားစုစရိတ်များမြင့်တက်လာပြီး လယ်လုပ်သည့်တောင်သူများ တွက်ခြေမကိုက်ဖြစ်လာကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။ လယ်ကို စတင်ထွန်ယက်သည့်အချိန်မှ ရိတ်သိမ်းသည်အထိ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲခန့် ကုန်ကျကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။ မိမိပိုင်လယ်၊ မိမိပိုင်ထွန်စက်နှင့် မိမိဘာသာလုပ်သည်ကိုပင် သုံးပုံ တစ်ပုံသာကိုယ့်အတွက်ကျန်သည်ဟု သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “အခနဲ့ ငှားပြီးလုပ်ရမယ်ဆိုရင် သူ့ဟာနဲ့သူ ဒုံရင်းဒုံရင်းပဲ၊ အပိုငွေဆိုတာ မရှိဘူး၊ ဘာလို့လဲဆို ပစ္စည်းဈေးတွေက ကြီးနေတယ်လေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ စက်သုံးဆီဈေးကြီးခြင်း၊ ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် လယ်ဧက နည်းနည်းလုပ်ကိုင်သူများအဖို့ ပို၍တွက်ခြေမကိုက်ဖြစ်ကြသည်ဟု လယ်သမားအချို့က ဆိုသည်။ လယ်အခြေအနေနှင့် ဓာတ်မြေဩဇာကျွေးနိုင်မှုပေါ်မူတည်ကာ လယ်တစ်ဧကကို စပါး တင်း […]

ထားဝယ် မောင်မယ်ရှောင်တွင် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဖမ်းမိ

diz_admin

November 16, 2022

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ညီအစ်ကို ဝမ်းကွဲတော်စပ်သည့် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများမှာ မောင်မယ်ရှောင်ရွာသား ကိုသားထူးနှင့် ကိုစိုးစိုးဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့နှစ်ဦးက တစ်ဝမ်းကွဲ ညီအစ်ကိုတော်တယ်။ ရွာထဲမှာလည်း မူးယစ်ဆေး သုံးစွဲရောင်းဝယ်နေကြတယ်လို့ နာမည်ကြီးတယ်။ ကိုစိုးစိုးကတော့ မူးယစ်ဆေးအမှုနဲ့ ထောင်ကျခဲ့ဖူးတယ်။ အာဏာသိမ်းပြီးမှ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတယ်” ဟု ၎င်းက ပြောသည်။ မူးယစ်ဂိုဏ်းအဖွဲ့ဝင် အဆိုပါ အမျိုးသားနှစ်ဦးကို ထားဝယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dawei Guerrilla Revolutionary Force -DGRF အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ထားချက်အရသိရသည်။ ဖမ်းဆီးရမိစဉ် ကိုစိုးစိုးထံမှ […]

သရက်ချောင်း ညောင်ဇင်ရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

diz_admin

November 16, 2022

သရက်ချောင်းမြို့နယ် ညောင်ဇင်စံပြကျေးရွာတွင် နိုဝင်ဘာလ ၁၅ ရက် နံနက် ၆ နာရီကျော်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၅၀ အရွယ် ဦးနိုင်ဆိုသူကို ညောင်ဇင်ရွာရှိ ၎င်း၏နေအိမ်တွင် အမည်မသိအဖွဲ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါအမျိုးသားမှာ သေနတ်ဒဏ်ရာများဖြင့် ထားဝယ်တွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်ခဲ့သည်ကိုလည်း မသိရသေးပေ။ ဦးနိုင်ဆိုသူမှာ ရွာတွင် ဆိုင်ကယ်တက္ကစီ ဆွဲနေသူဖြစ်ပြီး စစ်တပ်၊ ရဲများနှင့် ပြောဆိုသွားလာ ပူးပေါင်းကာ သတင်းပေးဒလန်ဟု ကျေးရွာတွင်နာမည်ထွက်နေသူဖြစ်ကြောင်း ညောင်ဇင်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူက အစကတည်းက အဲဒီလိုင်းနဲ့ ပတ်သက်တယ်။ စီးပွားရေးအရလည်း ဖြစ်ချင်ဖြစ်မယ်။ သူက […]

မြို့တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် တိုက်ပွဲဆက်ဖြစ်မည်ကို တနင်္သာရီမြို့သားများ စိုးရိမ်

diz_admin

November 16, 2022

တနင်္သာရီမြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ထဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း တနင်္သာရီမြို့ခံများက ပြောသည်။ နိုဝင်ဘာလ ၁၄ ရက် နံနက် နာရီမှ ညနေ ၅နာရီအထိ မြို့တစ်ဖက်ကမ်း ဗောဓိကမ်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း မဟာမိတ်တပ်က ထုတ်ပြန်ထားသည်။ ယင်းနေ့ ညတွင် တနင်္သာရီမြို့ထဲတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကားတန်းကို ဗောဓိကမ်းရွာ တံတားအနီးမှနေ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်က ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးခဲ့ပြီး မြို့ပေါ်က အရပ်သားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း မြို့ခံတို့က ပြောဆိုသည်။ “ဟိုဖက်ကမ်း ဒီဖက်ကမ်း ပစ်ကြတာပေါ့။ သေတဲ့သူက လူငယ်ပဲသေး။ မင်းမင်းလို့ခေါ်တယ်။ မရင်းကြီးရွာက အလောင်းတောင် မနေ့ကမှကောက်ပြီး သဂြိုဟ်လိုက်ရတယ်” ဟု ဒေသခံ […]

ဒီဇယ်ဈေးကျသလောက် မြိတ်မီတာခ ဈေးပြန်မကျ

diz_admin

November 16, 2022

မြိတ်မြို့တွင် ဒီဇယ်ဆီဈေးနှုန်း သိသိသာသာ ကျဆင်းနေသော်လည်း လျှပ်စစ်မီတာခဈေး သိသိသာသာမကျဘဲ တစ်ယူနစ်လျှင် ၂၅ ကျပ်သာ ကျဆင်းကြောင်း မြိတ်မြို့မှ လျှပ်စစ်မီးသုံးစွဲသူတို့က ပြောသည်။   ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်ငါးသိန်းနီးပါးရှိခဲ့သည့် ဇူလိုင်လက မီတာခ တစ်ယူနစ်လျှင် ၉၄၇ ကျပ် ကောက်ခံခဲ့သည်။ ယင်းနောက် ဩဂုတ်လတွင် ဒီဇယ်ဈေး ကျပ်ရှစ်သိန်းအထိ မြင့်တက်သဖြင့် တစ်ယူနစ်လျှင် ၁၁၅၃ ကျပ်အထိ တိုးမြှင့်ကောက်ခဲ့ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့က ပြောသည်။ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဒီဇယ်တစ်ပီပါလျှင် ကျပ်ခြောက်သိန်းခုနှစ်သောင်းအထိ ဈေးပြန်ကျဆင်း ခဲ့ချိန်တွင်လည်း တစ်ယူနစ်လျှင် ၁၁၂၈ ကျပ် ကောက်ခံနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်တစ်သိန်းသုံးသောင်းအထိ ဈေးကျခဲ့သော်လည်း မီတာခ တစ်ယူနစ်လျှင် ၂၅ ကျပ်သာ ဈေးကျဆင်းခြင်းဖြစ်သည်။ […]