ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ၊ ပုဂေါဇွန်းရွာတွင် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

November 22, 2022

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာတွင် အသက် ၅၀ ကျော် အရွယ်ရှိ ရဲတပ်ဖွဲ့ဝင်ဟောင်း အမျိုးသားတစ်ဦး ယနေ့ နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ပုဂေါဇွန်းရွာသား ဦးတင်ထွန်း (ခေါ်) ဂန်ကျိုးဆိုသူဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပုဂေါဇွန်းရွာ အနောက်မြောက်ဘက် ဆီအုန်းတောစပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက လည်ပင်းမှာ နှစ်ချက်တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူမှာ လွန်ခဲ့သည့် ၁၀နှစ်ကျော် ဝန်းကျင်ကတည်းက ယင်းကျေးရွာသို့ ရွှေ့ပြောင်းရောက်ရှိလာပြီး ပုဂေါဇွန်းရွာသူနှင့် အိမ်ထောင်ကျနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဦးတင်ထွန်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei watch […]

ထိုင်းတွင် ၁၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည်ဟုဆိုကာ မြန်မာလုပ်သားဖမ်းဆီးခံရ

diz_admin

November 22, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် နေထိုင်သော အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်ဒေသ မယ်ပကရမ်းရွာတွင် မိဘအုပ်ထိန်းသူများ အလုပ်သွားနေချိန် အိမ်တွင် တစ်ဦးတည်းကျန်ခဲ့သော မိန်းကလေးကို မြန်မာအလုပ်သမားက အိမ်ထဲသို့ဝင်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားထား သည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၃ နှစ်အရွယ် မောင်ထူးလေး အမည်ရှိသူ မြန်မာအလုပ်သမားဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မိန်းကလေးငယ်သည် အိမ်တွင် တစ်ဦးတည်းကျန်ရှိနေစဉ် အိမ်တံခါးကို လာခေါက်သဖြင့် သူမ၏ မောင်ဖြစ်သူဟု ထင်မှတ်ကာ နေအိမ်တံခါးကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဖွင့်လိုက်ချိန်တွင် မောင်ဖြစ်သူမဟုတ်ဘဲ မြန်မာအလုပ်သမားသည် နေအိမ်အတွင်းသို့ ဝင်လာပြီး […]

လောင်းလုံးဆေးရုံအနီး ပစ်ခတ်ခံရမှုကြောင့်သေဆုံးသူမှာ ပဉ္စသီမော်ရွာသားဖြစ်နေ

diz_admin

November 22, 2022

လောင်းလုံးမြို့ ပြည်သူ့ဆေးရုံအနီး နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည့် အမည်မသိ အမျိုးသားမှာ သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော်ရွာသား အသက် ၃၁ နှစ်အရွယ်ရှိ ကိုကျော်လွင်ဦး ဆိုသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်က ဆိုင်ကယ် ရပ်ခိုင်းသည်ကို မရပ်တန့်ဘဲ ထွက်ပြေးသည်ဟုဆိုကာ စစ်ကားပေါ်က ပစ်ခတ်မှုဖြစ်စဉ်တွင် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအနက်တစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် ရေမြောင်းထဲ ကျပြီးသေဆုံးခဲ့ကာ နောက်တစ်ဦးဖြစ်သည့် အသက် ၁၆နှစ်အရွယ် သဗျာရွာသား မောင်အောင်ဝေယံမှာ သေနတ်ဒဏ်ရာဖြင့် ဆေးရုံသို့ ယူဆောင်စဉ် လမ်းခရီးတွင် သေဆုံးခဲ့သည်။ “အဲဒီနေ့က နှစ်ဦးသေဆုံးတယ်လို့ ကြားရပေမယ့် တစ်ယောက်က ဘယ်သူဘယ်ဝါဆိုတာ မသိဘူး။ (ကိုကျော်လွင်ဦး) […]

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ၊ ပိတ်မိနေသူများစွာရှိ

diz_admin

November 22, 2022

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမကြီးတွင် ငလျင်လှုပ်ခတ်သွားခဲ့ရာ လူ ၁၆၀ ကျော် သေဆုံးပြီး ဒဏ်ရာရပိတ်မိသူများ ရှိနေကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။ပိတ်မိနေသူ အရေအတွက်ကိန်းဂဏန်း အတိအကျကို မသိရသေးပေ။ အနောက်ဂျာဗား စီယန်ဂျာတွင် နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်သွားခဲ့သော ငလျင်သည် ပြင်းအား ၅ ဒသမ ၆ ခန့်ရှိပြီး ငလျင်ဗဟိုချက်က တိမ်သဖြင့် ထိခိုက်မှုများခဲ့ကြောင်း သတင်းများအရသိရှိရသည်။ ဆေးရုံသို့ လူများစွာ ရောက်ရှိနေပြီး၊ အများအပြားကို ဆေးရုံအပြင်တွင် ကုသပေးနေရလျက် ရှိသည်။ ကယ်ဆယ်ရေး လုပ်သားများက ညလုံးပေါက် အလုပ်လုပ်နေပြီး ပိတ်မိနေသူများကို ကယ်ဆယ်လျက်ရှိသည်။ ငလျင်လှုပ်သွားသောနေရာသည် လူဦးရေ ထူထပ်ရာဖြစ်ပြီး မြေလည်းပြိုသွားသည်။ ထို့အပြင် နေအိမ်များကလည်း အခိုင်အခန့် ဆောက်လုပ်ထားကြခြင်း မဟုတ်ပေ။ သေဆုံးသူသည် အနည်းဆုံး […]

ကျိုက်မရော တောင်ကလေးရဲစခန်း တိုက်ခိုက်ခံရ၊ လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်

diz_admin

November 21, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်လာရောက်ကာ ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျိုက်မရောမြို့နယ် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပေါ်ရှိ တောင်ကလေးကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သည့်အပြင် မုဒုံမြို့နယ်ဘက်ရှိ အမြောက်တပ်ကလည်း လက်နက်ကြီးဖြင့် လှမ်းပစ်နေကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အသံကြားနေရပြီး တောင်ကလေး၊ ကဒါ၊ ကြံတော၊ လှာကဇိုင် အစရှိသည့်ကျေးရွာ ခုနစ် ရွာထက်မနည်းက ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း […]

“ငါတို့ဘီယာ ငါတို့ပြန်ပေး” လို့ ပွဲကြည့်စင်ပေါ်ထက်က ကြွေးကြော်ပြီး ကာတာကိုဆန္ဒပြ

diz_admin

November 21, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာတာကို အီကွေဒေါက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တဲ့ပွဲစဉ်အတွင်း ကာတာပရိသတ်တွေဟာ ပွဲကြည့်စင်ထက်ကနေ “ငါတို့ဘီယာ ငါတို့ပြန်ပေး”လို့ ကြွေးကြော်အော်ဟစ်က ဆန္ဒထုတ်ဖော်သွားတယ်လို့ သိရပါတယ်။ အီကွေဒေါပရိသတ်တွေဟာ စပိန်ဘာသာစကားနဲ့ queremos cerveza လို့ ပြိုင်တူညီညာ ကြွေးကြော်အော်ဟစ်ခဲ့ကြပြီး ဒီစကားလုံးကို အင်္ဂလိပ်နဲ့ ဘာသာပြန်ရင် We Want Beer၊ မြန်မာစကားနဲ့ ဆီလျော်အောင် ဘာသာပြန်ရင် ငါတို့ဘီယာ ငါတို့ပြန်ပေးလို့ အနက်ရရှိကြောင်း သတင်းကြားသိရပါတယ်။ ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲမှာတင် စံချိန်သစ်တစ်ခု တင်ရှိလိုက်နိုင်ပြီး အဲ့ဒီစံချိန်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဖွင့်ပွဲမှာ အရှုံးရလဒ်ကို ပထမဆုံးကြုံရတဲ့ အိမ်ရှင်အသင်းဆိုတာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခဲ့တဲ့ ၉၂ နှစ်သက်တမ်းကာလအတွင်း ကာတာဟာ အုပ်စုအဖွင့်ပွဲကို ပထမဆုံးရှုံးနိမ့်လိုက်ရတဲ့ အိမ်ရှင်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ခြေစွမ်းပိုင်းဆိုင်ရာမှာလည်း ကာတာက အီကွေဒေါကို […]

တောင်ပျောက်တိုက်နယ် ကျွဲခြံရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

November 21, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျွဲခြံရွာသား အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း ကျွဲခြံရွာသားအချို့က ပြောသည်။ နိုဝင်ဘာလ ၂၀ ရက် နံနက် ၆ နာရီခန့်က ဝင်းကဖော်ကျေးရွာ တံတားထိပ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့က ဦးမြင့်စိုး ဆိုသူအပါအဝင် ဒေသခံခြောက်ဦးခန့်ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။ စစ်ဆေးမေးမြန်းရန် ခေါ်ယူစဉ် ဦးမြင့်စိုး ထွက်ပြေးသဖြင့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ရာ ပေါင်တွင် ကျည်တစ်ချက်၊ ရင်ဘတ်တွင် ကျည်တစ်ချက်ထိမှန်ကြောင်း ကျွဲခြံရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ “ထိုင်ခိုင်းထားတဲ့ကြားထဲက သူထွက်ပြေးတယ်ပြောတယ်။ သူ့ကို မလှမ်းမကမ်းမှာပဲ နှစ်ချက်ပစ်သတ်လိုက်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။ ကျန်ဒေသခံများကို ပြန်လွတ်ပေးခဲ့ပြီး ဒဏ်ရာရနေသည့် […]

ဗုံးစထိမှန်ပြီး ပုလောဆေးရုံတွင် တက်ရောက်ကုသနေသူ ဖမ်းခေါ်ခံရဟုဆို

diz_admin

November 21, 2022

ဗုံးစထိမှန်ပြီး ဆေးကုသနေသည့် ဇနီးမောင်နှံနှစ်ဦးအနက် ခင်ပွန်းဖြစ်သူကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဆေးရုံသို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဒရုန်းဖြင့် ဗုံးချခံရစဉ် ကျေးရွာအတွင်း ဆိုင်ကယ် စီးနင်းလာသည့် ဇနီးမောင်နှံနှစ်ဦးကို ဗုံးဆံထိမှန်ခဲ့သဖြင့် ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။ ခင်ပွန်းဖြစ်သူမှာ ပုလောဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး ဇနီးဖြစ်သူမှာမူ ဒဏ်ရာပြင်းထန်သဖြင့် မြိတ်ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူနေကြောင်း ဒေသခံများက ပြောဆိုသည်။ ယင်းအနက် အမျိုးသားဖြစ်သူကို ပုလောဆေးရုံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အမျိုးသမီးကတော့ မြိတ်ဆေးရုံမှာပါ။ အမျိုးသားကိုတော့ ဖမ်းထားတယ်လို့ ကြားရတယ်” ဟု ကဒဲဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် […]