ဗိုလ်မှူးတစ်ဦး၏ အလောင်းကိုလာယူသည့် စစ်ကောင်စီကား မိုင်းဆွဲခံရ
diz_admin
November 30, 2022ဗိုလ်မှူးတစ်ဦး၏ ရုပ်အလောင်းကို သွားယူသည့် စစ်ကောင်စီတပ်ကား သရက်ချောင်းမြို့နယ် ဝဲရစ်နှင့် ကမြိုင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ မြိတ်မှ ထားဝယ်ဘက်ကို ရွှေလီရတနာခရီးသည်ကားပေါ်တွင် အရပ်ဝတ်ဖြင့် လိုက်ပါလာသည့် ကြည်းတပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင်ကို ဘုတ်တောင်၌ နိုဝင်ဘာလ ၂၆ ရက် ည ၇နာရီခွဲခန့်တွင် ဖမ်းမိကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း က ထုတ်ပြန်ထားသည်။ ဗိုလ်မှူးဝင်းဌေးနိုင်မှာ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ လမ်းကြုံလိုက်လာသူ ဖြစ်ပြီး စစ်ဆေးမေးမြန်းနေစဉ် ပြန်လည်ခုခံရန်ကြိုးစားခဲ့သဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဘုတ်တောင်အနီးတွင် ထားခဲ့သည့် ဗိုလ်မှူးဝင်းဌေးနိုင်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းက စစ်တပ်ကားနှင့် အရေးပေါ်ကားတစ်စီးတို့ဖြင့် လာယူပြီးအပြန် မွန်းလွဲ ၁ […]


