ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျွန်းစုမြို့နယ်ရှိ ပျူစောထီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အမြန်ဆုံးနုတ်ထွက်ကြရန် သတိပေး

diz_admin

December 5, 2022

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်ရှိစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ပြည်သူ့စစ်များ အမြန်ဆုံးပြည်သူနှင့်ပူးပေါင်းရန် ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဒီဇင်ဘာ ၅) ထုတ်ပြန်လိုက်သည်။ ယနေ့မှစတင်ပြီး နုတ်ထွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက လုံးဝ(လုံးဝ)ခွင့်လွှတ်မည်မဟုတ်ဘဲ ထိရောက်စွာအရေးယူ ဆောက်ရွက်သွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ၂၀၂၂ စက်တင်ဘာလ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းကြေညာချက်ကို ယခင်ကထုတ်ပြန်ခဲ့သည်ကို မတွေ့ရချေ။ အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ ၇ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာသို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်တို့ သေဆုံးခဲသည်။ ယင်းနောက် နိုဝင်ဘာ ၂၉ ရက်တွင်လည်း ကျွန်းစုမြို့နယ်၊ဂျိုးတောင်ရွာအနီးတွင် နှစ်ဖက်တိုက်ပွဲထပ်မံဖြစ်ပြီး ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖက်မှ ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း […]

လယ်သစ်စစ်ဘေးရှောင်နှစ်ထောင်ခန့်ရိက္ခာအကူအညီလိုအပ်

diz_admin

December 5, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှ စစ်ဘေးရှောင်နေရသူ နှစ်ထောင်ခန့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။ နိုဝင်ဘာ ၂၃ ရက်နေ့က လယ်သစ်အနောက်ကမ်းသို့ ပျူစောထီးပါဝင်သည့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသည့်အတွက် ရွာသားများ ဘေးလွတ်ရာ တောတောင်အတွင်း တိမ်းရှောင်ခဲ့ကြရသည်။ နိုဝင်ဘာ ၂၅ မှ နိုဝင်ဘာ ၂၇ အထိ လယ်သစ်ရွာတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါခဲ့ကြသည်။ ယင်းနောက် ဒီဇင်ဘာ ၂ ရက်ခန့်မှစပြီး ရွာသားတစ်ချို့ ရွာအတွင်းပြန်ဝင်ကာ နေထိုင်ခဲ့ကြသော်လည်း ယနေ့ (ဒီဇင်ဘာ ၅) ရက် နံနက်တွင် စစ်ကြောင်း ပြန်ထိုးလာသည်ဟု ကြားရပြန်သဖြင့် ရွာနှစ်ရွာရှိ ရွာသားအားလုံး တောအတွင်း ပြန်လည်ပြေးဝင်ခဲ့ကြရပြန်ကြောင်း ဒေသခံများကပြောသည်။ “ခဏခဏ […]

မုဒုံ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ လေးဦးဒဏ်ရာရ

diz_admin

December 5, 2022

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စာရေးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။ အရပ်သားနှစ်ဦးမှာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖုန်းအားလာသွင်းစဉ် ဗုံးစထိမှန်သွားသည်ဟုလည်း ရပ်နေသူအချို့တို့ထံမှ သိရသည်။ “ထိသွားတဲ့ လေးဦးမှာ သုံးဦးကတော့ ဒဏ်ရာပြင်းတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်တပ်တွေ၊ ရဲတွေက ရောက်လာတယ်။ အဲဒီပတ်ဝန်းကျင်က လူတွေကို ခေါ်စစ်နေတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသည့် စာရေး၊ ရာအိမ်မှူးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၃ ဦးတို့မှာ […]

မောင်းမကန်ရဲစခန်း ပစ်ခတ်ခံရပြီးနောက် အနီးဝန်းကျင်ရွာအချို့ကို လုံခြုံရေးတင်းကျပ်ထား

diz_admin

December 5, 2022

လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် အနီးဝန်းကျင် ကျေးရွာအချို့ကို ယနေ့ ဒီဇင်ဘာလ ၅ရက် နံနက်ပိုင်းကစပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၄ ရက်ညက မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက်ပိုင်းမှစတင်၍ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ သဘော့ဆိပ်ပြင်ကြီး၊ ကရင်ကြီး စသည့် ကျေးရွာအချို့တွင် စစ်ကောင်စီ တပ်သားများ လာရောက်တပ်ချကာ လုံခြုံ‌ရေးတင်းကျပ်ထားကြောင်း ဒေသခံတို့က ဆိုသည်။ “ရွာထဲမှာ ‌သေနတ်ထမ်းပြီး ဟိုတစ်စု ဒီတစ်စုသွားနေကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထိုသို့စစ်ကောင်စီတပ်သားများ ရောက်ရှိနေခြင်းကြောင့် လမ်းမပေါ်ရှိနေအိမ် အများအပြား တံခါးပိတ်ထားကြပြီး ဒေသခံပြည်သူအချို့မှာလည်း အခြားရွာများသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ရွာလမ်းမဘေးက အိမ်တွေတော်တော်များများ မရှိကြတော့ဘူး။ အားလုံး‌ ရှောင်နေကြတယ်။ သူဆက်သွယ်နဲ့သူ […]

ဆန္ဒပြသူတွေကိုတရုတ်အာဏာပိုင်တွေ ဘယ်လိုခြေရာခံပြီး ဖိနှိပ်နေသလဲ

Ba Maung

December 5, 2022

တရုတ်မှာ ဆန္ဒပြပွဲတွေ ရက်သတ္တပတ်ကြာ ပြုလုပ်ပြီးနောက် အာဏာပိုင်တွေဟာ ဦးဆောင်ဆန္ဒပြသူတွေကို နိုင်ငံတော်ပိုင် စောင့်ကြည့်ရေးကိရိယာ အစုံအလင်သုံးကာ ရှာဖွေဖော်ထုတ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ တင်းကျပ်လွန်းတဲ့ ကိုဗစ် မူဝါဒတွေကို ဆန္ဒပြဖို့ တနင်္ဂနွေနေ့က ဘေကျင်းကို သွားခဲ့တဲ့ အသက် ၂၀ အရွယ် မစ္စတာဂျန်(အမည်လွှဲ) ဟာ သူ့မျက်နှာကို မမြင်သာအောင် သူဟာ သိုးမွေးခေါင်းစွပ်နဲ့ မျက်မှန်အကြီးကြီးတစ်လက်နဲ့ အကျအန ပြင်ဆင်သွားခဲ့ပါတယ်။ ရဲတွေသတိထားမိလောက်ချိန်မှာ အနီးနားက ချုံပုတ်တွေမှာ အနွေးထည်အသစ်တစ်ထည် ပြောင်းလဲဝတ်ဆင်ပြီး မျက်ခြေဖြတ်ပစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ရဲလက်က လွတ်လာတဲ့ ဒီလူငယ်ဟာ ထိုညမှာ အိမ်ကို ချောချောမွေ့မွေ့ ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ တကယ် မလွတ်မြောက်ခဲ့ပါဘူး။ နောက်တစ်ရက်မှာ အာဏာပိုင်တွေက သူ့ဖုန်းကနေတစ်ဆင့် ဆက်သွယ်လာပြီး ဆန္ဒပြပွဲ ပြုလုပ်ရာ နေရာတွေမှာ […]

ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ထိပ်တိုက်တွေ့ပြီ

diz_admin

December 5, 2022

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ကို နိုင်ပွဲတွေရယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီကို တက်လှမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ပြင်သစ်ဟာ ပိုလန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နာမည်ကြီး အင်္ဂလန်ကတော့ အာဖရိကနိုင်ငံများဖလား လက်ရှိချန်ပိယံ ဆီနီဂေါကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ပြင်သစ်နဲ့ ပိုလန်တို့ရဲ့ပွဲစဉ်မှာ ပိုလန်က ဂိုးကံခေတာမျိုးတွေ ရှိခဲ့ပါတယ်။ ပြင်သစ်ဟာ အဖွင့်ဂိုး မသွင်းယူနိုင်ခင်အထိ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန် ၄၄ မိနစ်ဆီအရောက်မှာ အဖွင့်ဂိုး ရရှိလိုက်ပြီးတဲ့နောက် ပွဲကို ပြင်သစ်က စိတ်ကြိုက်စိုးမိုးသွားနိုင်ခဲ့ပါတော့တယ်။ ပြင်သစ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သူ ဂျီရုဒ်ဟာ လက်ရွေးစင်သွင်းဂိုး ၅၂ ဂိုး ရယူလိုက်နိုင်ခြင်းနဲ့အတူ အွန်နရီတင်ထားတဲ့စံချိန်ကို ချိုးဖျက်ကျော်ဖြတ်ပြီး […]

ဘုတ်ပြင်း၊ ရတနာပုံရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

December 5, 2022

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့ နှစ်ကြိမ်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကော့သောင်းခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ယနေ့ညတွင်ထုတ်ပြန်သည်။ ရတနာပုံဒေသရှိ စစ်ကောင်စီစခန်းကုန်းသို့ ဒီဇင်ဘာ ၃ ရက်နံနက် ၁၁ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းသို့ တိုက်ခိုက်ရာတွင် RPJ ၁ လက်၊ MA 1 တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တိုက်ပွဲမှာ ၂ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ၃ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရကာ မဟာမိတ်တပ်ဖက်ကကျဆုံးထိခိုက်သူမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် နံနက် ၁ နာရီခွဲခန့်တွင် ကော့သောင်းအခြေစိုက်တပ်ရင်းများက ကား၊ ခြေလျင်တို့ဖြင့် လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူလာရောက်ခဲ့ကြောင်း […]

မောင်းမကန်ရွာတွင် ပစ်သံကြားရ၊ ရဲစခန်းဝင်တိုက်ခံရဟု သတင်းထွက်

diz_admin

December 4, 2022

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် သေနတ်ပစ်သံတွေ အဆက်မပြတ်ထွက်ပေါ်နေပြီး ရဲစခန်း ဝင်စီးခံရသည်ဆိုသည့် သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ည ၈ နာရီ ဝန်းကျင်ကနေ မောင်းမကန်ရွာ၏ အရှေ့မြောက်ဘက်ကသေနတ်ပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်နေပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ည ၈ နာရီလောက်ကတည်းက ရဲစခန်းဖက်ကကြားရတယ်အများကြီးပဲ။ ၉နာရီလောက်ထိ ကြားနေရတယ်” ဟု၎င်းကပြောသည်။ အဆိုပါသေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေမှုကြောင့် ဒေသခံများက မအိပ်ရဲဘဲ အခြေအနေစောင့်ကြည့်နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “စစ်ကားတွေနဲ့ အရေးပေါ်ကားတွေ အသံတိတ်ဆင်းနေကြာတယ် ဘာဖြစ်နေတယ်ဆိုတာ မသိသေးဘူး”ဟု ထားဝယ် မောင်းမကန်သွားလမ်းပိုင်းကဒေသခံတစ်ဦးကပြောသည်။ မောင်းမကန်နယ်မြေရဲစခန်း ဝင်တိုက်ခံရသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Dawei watch အနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။ မောင်းမကန်နယ်မြေရဲစခန်းသည် လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့၏ မောင်းမကန်နယ်မြေခံရဲတပ်ဖွဲ့ စခန်းတစ်ခုဖြစ်ပြီး […]