ထားဝယ်မြို့အဝင်တွင် ဖာလာစေ့အိတ်များသိမ်းခံရ၍ ကားတာယာဝယ်ပေးပြီး ပြန်ယူခဲ့ရ
diz_admin
December 6, 2022ထားဝယ်မြို့အဝင် ဗျောတောဝဂိတ်ရှိ စစ်ကောင်စီတပ်က ဒေသထွက် ဖာလာစေ့အိတ်များကို သိမ်းယူခဲ့သည့်အတွက် ကားတာယာတစ်လုံး ဝယ်ပေးပြီး ပြန်ထုတ်ခဲ့ရကြောင်း တွေ့ကြုံခဲ့ရသူနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အရှေ့တောနယ်မှလာသည့် ကားကို စစ်ကောင်စီတပ်က အဆိုပါဂိတ်တွင်စစ်ဆေးရာ ဒေသထွက်ဖာလာစေ့ထည့်ထားသည့် အိတ် ၁၁ အိတ်ကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ငွေကျပ်သိန်းဆယ်ချီတန်ဖိုးရှိ ဖာလာစေ့ ၁၁ အိတ်ကို သိမ်းယူခဲ့သည့် စစ်ကောင်စီတပ်သားထံ သွားရောက်ပြောဆိုချိန်တွင် လူကိုပါဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အဆိုပါအမျိုးသားက ဆိုသည်။ “ဖာလာစေ့တွေနဲ့ ယမ်းလုပ်နေတာဆိုပြီး သိမ်းခဲ့တာ။ဘယ်လိုမှ ပြောပြလို့မရတဲ့အဆုံး သူ့အထက်လူကြီးနဲ့ သွားပြောမှ ကားတာယာတစ်လုံး ဝယ်ခိုင်းပြီး ဖာလာစေ့တွေ ပြန်ပေးလိုက်တာ”ဟု ၎င်းက ပြောသည်။ ငွေကျပ် နှစ်သိန်းကျော်တန်ကြေးရှိ ကားတာယာတစ်လုံး ဝယ်ပေးပြီးမှ ဖာလာအိတ်များကို ပြန်ပေးခဲ့ကြောင်း အထက်ပါ […]


