မြိတ်နှင့် ကော့သောင်းတို့တွင် လေးရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချသေဆုံး
diz_admin
December 12, 2022မြိတ်မြို့နှင့် ကော့သောင်းမြို့တွင် လေးရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချပြီး သေဆုံးကြောင်း နာရေးကူညီမှုအသင်းများနှင့် ဒေသခံများထံမှ သိရသည်။ မြိတ်မြို့၊ ကလွှင်ကျေးရွာအုပ်စု၊ တောင်ပြိုရပ်ကွက်ရှိ ကွမ်းခြံအတွင်း နေအိမ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ကြိုးချသေဆုံးကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။ ယင်းနောက် ယနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့ နံနက်တွင်လည်း ရှမ်းချောင်းရပ်ကွက်၊ ရှမ်းချောင်းလမ်းမကြီးရှိ အဆောက်အအုံတစ်ခုတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထပ်မံ ကြိုးဆွဲချသေဆုံးခဲ့ပြန်ကြောင်း ပါရမီနာရေးကူညီမှုအသင်းထံမှ သိရသည်။ ကွမ်းခြံအတွင်း သေဆုံးသူသည် ယင်းခြံ၏ အလုပ်သမားဖြစ်ပြီး တောင်ပြိုရပ်ကွက်တွင် နေထိုင်နေသည်မှာ ယင်းရပ်ကွက်တွင် နေထိုင်သည်မှာ ၆ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “ဒီနေ့ ဆွဲကြိုးချသေတဲ့သူက ဒီမြို့ဇာတိမဟုတ်ဘူး။ ရှမ်းပြည်တောင်ကြီးဖက်ကလို့ […]


