ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းမြို့ ကမ်းနားလမ်းက စစ်ကောင်စီဆန့်ကျင်ရေး စာသားများ နာရီပိုင်းအတွင်းလာဖျက်

diz_admin

December 20, 2022

ကော့သောင်းမြို၊ ကမ်းနားလမ်းတွင် စစ်ကောင်စီကိုဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် ဆေးမှုတ်စာသားများကို နာရီပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖျက်ပစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ ဒီဇင်ဘာလ ၂၀ ရက်  နံနက်စောစော ၅ နာရီခန့်က ကမ်းနားလမ်းအုတ်နံရံတွင် အနီရောင်မှုတ်ဆေးဖြင့် “အဘဘောမများ ဒလန်များ ထမင်းဝအောင်စားထား၊ ငါတို့လက်နဲ့ ငါတို့တော်လှန်၊ သွေးကြွေးဆပ်မယ်” စသည့်စာသားများအပြင် စစ်ကောင်စီတပ်ကို ဆဲဆိုထားသည့်စာများ လာရောက်ရေးထားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ယင်းနောက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတို့ပါဝင်သည့်အဖွဲ့က နံနက် ၇ နာရီခန့်တွင်ရောက်လာပြီး အဆိုပါစာများကို ဖျက်ပစ်လိုက်ကြောင်း သိရသည်။ ဆေးမှုတ်ဆန္ဒဖော်ထုတ်သည့်နေရာ အနီးရှိ ကမ်းနားလမ်းပေါ်တွင် တပ်ထားသော CCTV များ၊ မလှမ်းမကမ်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ CCTV များကိုလည်း စစ်ဆေးကြည်ရှုသွားကြောင်း မြို့ခံအချို့ကဆိုသည်။ “CCTV  က ပင်လယ်ဘက်ကနေပြီး ကုန်းပေါ်ကိုလှည့်ထားတော့ ဘယ်သူတွေလာရေးထားတယ်ဆိုတာ ကြည့်ရင်သိနိုင်တယ်” ဟု ၎င်းကဆိုသည်။ ဆေးမှုတ်ဆန္ဒဖော်ထုတ်မှုအား မည်သူတို့က လုပ်‌ဆောင်သည်ဆိုခြင်းကိုမူ […]

မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်း

diz_admin

December 20, 2022

မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသည့် လူစီးညရထားခရီးစဥ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး  ယာယီဖျက်သိမ်းလိုက်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်) က ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ ညပိုင်းက မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းဖြစ်သည့် သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာအကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်-ရန်ကုန် လူစီးညရထားခရီးစဥ်ကို ယာယီဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ “ညရထားခရီးစဥ် ဖျက်သိမ်းလိုက်တာ လုံခြုံရေးကြောင့်လို့တော့ ကြားတယ်၊ အခုက ရထားနဲ့ ခရီးသွားရတာလည်း လုံခြုံမှုမရှိတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ခရီးစဥ်ဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသော ရိုးရိုးတန်း အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံးတွင် ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားများထံမှ သိရသည်။ “ညရထားလက်မှတ်ဝယ်ထားတာ ခရီးစဥ်မရှိတော့လို့ လက်မှတ်ခ ပြန်အမ်းပေးတယ်၊ နေ့ခရီးစဥ်ပဲ ရှိတော့မယ်လို့ ပြောတယ်” ဟု ခရီးသွားတစ်ဦးကဆိုသည်။ ဒီဇင်ဘာ ၁၈ […]

အဖမ်းခံရသည့် သရက်ချောင်းဒေသခံများ ပြန်လွတ်၊ တစ်ဦးကိုဆက်ဖမ်းထား

diz_admin

December 19, 2022

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာနှင့် ဥတ္တူရွာမှ ဒေသခံ ၁၀ ဦးခန့်မှာ ပြန်လွတ်လာပြီဖြစ်သော်လည်း အမျိုးသားတစ်ဦးကို မလွှတ်ပေးသေးကြောင်း ရွာသားအချို့က ပြောသည်။ ယနေ့ (ဒီဇင်ဘာ ၁၉) နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့် လမ်းတစ်လျှောက်မှ ရော်ဘာခြစ်သည့် ဒေသခံများနှင့် ကွမ်းသီးလုပ်သည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ အဆိုပါ ဒေသခံများတွင် အမျိုးသမီး၊ အမျိုးသားများအပြင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး က ပြောသည်။ “တို့ရွာမှာက ရော်ဘာခြစ်သွားတဲ့ ကလေးအမေက နှစ်ဦး၊ သူတို့နဲ့ အဖော်ပါတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်က နှစ်ဦးနဲ့ အမျိုးသားတစ်ဦး […]

မြန်မာလုပ်သားများ ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြ

diz_admin

December 19, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရသည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် အလုပ်သမား ရပိုင်ခွင့်များရရှိရေး၊ လုပ်အားခခေါင်းပုံဖြတ်မှုများ ပပျောက်ရေးတို့အတွက် ယနေ့ (ဒီဇင်ဘာ ၁၉) နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ (International Migrant Workers Day) အထိမ်းအမှတ်အဖြစ် ယနေ့ ရုံးဖွင့်ရက်တွင် အဆန္ဒပြပွဲ ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ရာချီပူးပေါင်း ပါဝင်ခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။ “လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေရသော မြန်မာအလုပ်သမားများကို လူသားတွေလို ရှင်သန်ခွင့်ပြုပါ၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ အမေစုကျန်းမာပါစေ” စသော စာတန်းများ ကိုင်ဆောင်ကာ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။  “ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာအားလုံးရဲ့ အခွင့်အရေးကို […]

အိမ်ခြံမြေအကျိုးဆောင်များကို အကြမ်းဖက်မှုနှင့် ငွေကြးခဝါချမှုတိုက်ဖျက်ရေးသင်တန်း မတက်မနေရတက်ခိုင်း

diz_admin

December 19, 2022

အိမ်ခြံမြေ အကျိုး‌ဆောင်လုပ်ကိုင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်း မဖြစ်မနေ တက်ခိုင်းရမည်ဟု ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ၏ ‌အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီက နိုဝင်ဘာလ ၉ ရက်က ယင်းကဲ့သို့ ညွှန်ကြားထားခြင်း ဖြစ်ပြီး သင်တန်းကို နေပြည်တော်တွင် ဖွင့်လှစ်နေကာ လက်ရှိတွင် ထားဝယ်ဒေသက အကျိုးဆောင်အချို့ တက်ရောက်နေကြကြောင်း စုံစမ်းသိရှိရသည်။ “တရားဝင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးသင်တန်းကို အနည်းဆုံးတစ်ကြိမ်တော့ တက်ရမယ်လို့ ညွှန်ကြားထားတယ်” ဟု ထားဝယ်မြို့ခံအိမ်ခြံမြေအသင်းဝင်တစ်ဦးက ပြောသည်။ ယင်းသင်တန်းတက်ရောက်ပြီးမှ အိမ်ခြံမြေအကျိုးဆောင် အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်မှတ် လျှောက်ထားသူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုသင်တန်းတက်ရောက်ထားသည့် အထောက်အထားလက်မှတ်ကို ပူးတွဲတင်ပြရမည်ဟု ဆိုသည်။ “အိမ်ခြံမြေလုပ်ငန်းကနေပြီး သူတို့က (စစ်ကောင်စီက) အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့သူတွေဆီ ငွေကြေး စီးဆင်းမှု မရှိအောင်လုပ်တာ” […]

ထိုင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်၊ ဆိုင်ကယ်စီးလာသည့် မြန်မာလုပ်သား နှစ်ဦးသေဆုံး

diz_admin

December 19, 2022

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် မြန်မာအလုပ်သမား သုံးဦးစီးလာသည့် ဆိုင်ကယ်သည် ခြောက်ဘီးတပ်ကားကို ဝင်တိုက်မိသဖြင့် မြန်မာနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဘန့်ဖယ့်ဝိုဒေသရှိ လမ်းဆုံတစ်နေရာတွင် မီးပွိုင့် မီးနီနေသဖြင့် ရပ်နေသော ကား၏ အနောက်ပိုင်းကို ဆိုင်ကယ်က အရှိန်ဖြင့် ဝင်တိုက်မိခြင်းဖြစ်သည်ဟု ရေးသားထားကြသည်။ ယင်းဖြစ်ရပ်တွင် အသက် ၃၆ နှစ်အရွယ် မောင်ဟုံစိန်အမည်ရှိသူနှင့် အသက် ၂၄ နှစ်အရွယ် မောင်စောထွန်းအောင် အမည်ရှိသူ မြန်မာအလုပ်သမားနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဖော်ပြသည်။ ကျန်မြန်မာအလုပ်သမားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် ဘန်ဖယ်ဝိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ ခြောက်ဘီးတပ်ကားမှာ အုန်းသီးများသယ်ရန်အတွက် လာစဉ် လမ်းဆုံးမီးပွိုင့်အရောက်တွင် မီးနီသဖြင့် ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ရေးသားထားသည်။ Ref: […]

ပုလောတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မူးယစ်ဆေးဖမ်းဆီး

diz_admin

December 19, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မူးယစ်ဆေးဝါးဖမ်းဆီးမှု စတင်ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်များက ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ များအား ဖမ်းဆီးနှိမ်နင်းမည်ဟု သတိပေးထားပြီး ယခုလအတွင်း စတင်ဖမ်းဆီးလာသည်ဟု ဒေသခံများက ပြောသည်။ “သတိပေးနေတာကြာပြီ ကြားရတာ။ အခုကတော့ လက်တွေ့ကို လာဖမ်းနေကြပြီ” ဟု မင်းထိန်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်ညက လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ အသက် ၄၅နှစ်အရွယ် ဦးဖိုးထောင်နှင့် အသက် ၅၃ နှစ်အရွယ် ဦးကုလားဆိုသူတို့အား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ယနေ့ ဒီဇင်ဘာလ ၁၉ တွင် ထုတ်ပြန်သည်။ ယင်းအပြင် ရောင်းချနေသူအချို့ကိုလည်း သတိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ […]

ထိုင်းရေတပ်သား ၁၀၀ ကျော်ပါသော စစ်သင်္ဘော နစ်မြုပ်၊ ၂၈ ဦးမျောပါနေဆဲ

diz_admin

December 19, 2022

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်အနောက်ပိုင်း ထိုင်းပင်လယ်ကွေ့တွင် ရေတပ်သား ၁၀၀ ကျော်ပါသော စစ်သင်္ဘောတစ်စီးသည် ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းတွင် နစ်မြုပ်ခဲ့ပြီး ၂၈ ဦးမှာ မျောပါနေဆဲဖြစ်ကြောင်း ထိုင်းအပါအဝင် နိုင်ငံတကာသတင်းဌာနအချို့တွင် ဖော်ပြသည်။ စစ်သင်္ဘောသည် ဒီဇင်ဘာလ ၁၈ ရက် ည ၁၁ နာရီခွဲခန့်တွင် ပရာကျွတ်ခီရီခန်ခရိုင် ဘန်းစဖမ်းကမ်းခြေ၏ ရေမိုင် ၂၀ ခန့်အကွာ၌ မုန်းတိုင်းကြောင့် တိမ်းစောင်းနစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ယနေ့ နံနက်ပိုင်းအထိ ရေတပ်သား ၇၈ ဦးကို ကယ်ဆယ်နိုင်ကာ ကမ်းခြေသို့ ပို့ဆောင်ပေးနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။ ယင်းအနက် သုံးဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားကာ ယခုအချိန်အထိ သေဆုံးသူမရှိသေးဟု ဆိုသည်။ ဆူကို ထိုင်းအမည်ရှိ ထိုင်းရေတပ်စစ်သင်္ဘောပေါ်တွင် ရေတပ်သား ၁၀၆ ဦးလိုက်ပါလာခဲ့ပြီး ပင်လယ်ပြင်တွင် […]