ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရ၊ ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းမီးလောင်
Dawei Watch
June 1, 2023စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရပြီး ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၂၈ ရက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဝိုင်းရွာထဲသို့ ရောက်ရှိလာပြီး နေအိမ်အချို့ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ မီးရှို့ခံရသည့် အကြောင်းအရင်းကို သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ရေဝိုင်းရွာတွင် နေအိမ်မီးရှို့ခံနေရကြောင်း Dawei Watch အနေဖြင့် မေလ ၂၈ ရက်ကတည်းက ကြားသိရသော်လည်း ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ဖုန်းဆက်သွယ်မရခဲ့ပေ။ ရေဝိုင်းရွာသို့ ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် နေ့လယ်ပိုင်းတွင် ကပ်လျက်ရှိသည့် ခေါင်တိုင်ပြင်ရွာဖက်သို့ ထွက်ခွာသွားသည်ဟု ဒေသခံတို့က ဆိုသည်။ စစ်ကောင်စီတပ်သားများ ခေါင်တိုင်ပြင်ရွာထဲရောက်နေချိန်တွင် […]


