ဗထူးနေ့ အခမ်းအနားပြုလုပ်
Dawei Watch
June 2, 2023ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက်အဖြစ် ‘ဗထူးနေ့’ အခမ်းအနားကို ယနေ့ ဇွန်လ ၂ရက်တွင် ကျင်းပကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ထုတ်ပြန်သည်။ ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံတွင် ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူပန်းခွေချဂါရဝပြုခြင်းတို့ ပြုလုပ်ကြကြောင်း ဆိုသည်။ တော်လှန်ရေးအင်အားစုများက ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သလို တော်လှန်ရေးကဗျာများ ရွတ်ဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အခမ်းအနားသို့ လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ အခြေခံပညာကျောင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား တက်ရောက်ကြကြောင်း ဖော်ပြသည်။ အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြသည့်အပြင် […]


