ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ ဖောင်းတောရွာတွင် အမျိုးသမီးလေးဦးအဖမ်းခံရ

Dawei Watch

June 22, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောရွာ၌ ဇွန်လ ၂ဝရက် ညပိုင်းတွင် အသက် ၄၀နှင့် ၅၀ ကြားအရွယ်ရှိ အမျိုးသမီးလေးဦးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားကြောင်း ရွာသားများထံက သိရသည်။ ဇွန်လ ၂ဝရက် ည ၇ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ ဖောင်းတောကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး အမျိုးသမီးလေးဦးကို ဖမ်းဆီးပြီးနောက် ည ၁၀ နာရီဝန်းကျင်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူများမှာ ဒေါ်စုဝေ၊ ဒေါ်နှင်းမြင့်နှင့် ညီအစ်မများဖြစ်ကြသည့် ဒေါ်မီးချို၊ ဒေါ်မီးလေးတို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဇွန်လ ၁၉ ရက်နေ့က ပန်းသပိတ်လုပ်တုန်းက အွန်လိုင်းပေါ်မှာတင်ထားတဲ့ ပုံတွေနဲ့ လိုက်လာပြီးဖမ်းသွားတယ်” ဖောင်းတောကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးလေးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးကာ မည်သည့်နေရာတွင်စစ်ဆေးနေသည်တို့ကို သီးခြားအတည်ပြုနိုင်ခြင်း […]

မွန် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏နေအိမ် ချိပ်ပိတ်ခံရ

Dawei Watch

June 21, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် (၃) ၊ ဗညားနွဲ့လမ်းရှိ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တို့က ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် လာရောက်ချိပ်ပိတ်သွားကြောင်း ၎င်းတို့က ဆိုသည်။ “ဒေါ်ခင်မျိုးမြင့်က စစ်တပ်အာဏာသိမ်းပြီးတော့ အမှုဖွင့်ခံထားရတယ်။ သူက အဲဒီကတည်းက တိမ်းရှောင်နေရတယ်” ဟု နီးစပ်သည့်ပါတီဝင်တစ်ဦးက ပြောသည်။ ဒေါ်ခင်မျိုးမြင့်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရပြီး လက်ရှိအချိန်အထိ တိမ်းရှောင်နေရသူ ဖြစ်သည်။ ဒေါ်ခင်မျိုးမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) နေရာတွင် NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သလို ၂၀၂၀ […]

သရက်ချောင်းမြို့နယ်က စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးလိုအပ်

Dawei Watch

June 21, 2023

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့ထံက သိရသည်။ ဇွန်လ ၈ ရက်နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့က သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ နေရပ်ပြန်သူများ ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ ရှိနေ၍ကျေးရွာ ၁၁ ရွာခန့်က ဒေသခံတစ်သောင်းခန့် နေအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။ စစ်တပ်က ယနေ့အထိရငဲရွာမှပြန်မထွက်သေးခြင်းကြောင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများ နေရပ်ပြန်မရဘဲ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ စစ်ဘေးရှောင်များမှာ နီးစပ်ရာ ကျေးရွာများရှိ အသိမိတ်ဆွေများ၊ ဆွေမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများ၊ ဥယာဉ်ခြံများတွင် အဆင်ပြေသလို နေထိုင်နေကြရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင် စစ်ဘေးရှောင်အချို့က ပြောသည်။ ဇွန်လ […]

စစ်ဆေးရေးဂိတ်များ ငွေတောင်းနေမှု ကြပ်မတ်ရန်ပြောသည့် စစ်ကောင်စီဥက္ကဋ္ဌစကား အလေးထားသူမရှိ

Dawei Watch

June 21, 2023

စစ်ကောင်စီဥက္ကဋ္ဌက လမ်းခရီးဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး ကြပ်မတ်ကြရန် ဇွန်လ ၁၂ ရက်နေ့တွင် ပြောဆိုခဲ့သော်လည်း အလေးထားသူမရှိဘဲ ငွေတောင်းမြဲတောင်းနေကြကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငွေတောင်းနေသည့်အကြောင်း တိုက်ရိုက်မပြောဆိုသော်လည်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက စစ်ဆေးရေး ဂိတ်များကို ကြပ်မတ်ကြရန်လိုအပ်သည်ဟု ပြောဆိုခဲ့သည်။ စစ်ကောင်စီဥက္ကဋ္ဌက ထိုသို့ပြောဆိုပြီးနောက်ပိုင်းတွင်လည်း စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့က ငွေတောင်းနေဆဲပင်ဖြစ်ကြောင်း ကားသမားများနှင့် ခရီးသွားများက ယနေ့ပြောဆိုကြသည်။ တနင်္သာရီတိုင်းအတွင်းမှာပင် အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပေါ်လာသည့် စစ်ဆေးရေးဂိတ် အနည်းဆုံး ၂၇ ဂိတ် ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မှိုလိုပေါက်လာသည့် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များတွင် ငွေပေးမှ အရာရာ အဆင်ချောပေသည်။ ထိုဂိတ်များတွင် ကားသမားရော ခရီးသည်ပါ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်ကဲ့သို့လိုအပ်သည့် အထောက်အထား စာရွက်အပြည့်အစုံရှိနေသော်လည်း […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားကိုးဦးနှင့် မြန်မာပွဲစားတစ်ဦးဖမ်းဆီးခံရ

Dawei Watch

June 20, 2023

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ကိုးဦးနှင့် မြန်မာပွဲစားတစ်ဦးကို ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကရဘူရီ-ချွန်ဖော်ပြေးဆွဲနေသော လိမ္မော်ရောင်လိုင်းကားပေါ်တွင် မြန်မာအလုပ်သမားငါးဦးနှင့် မြန်မာပွဲစားတစ်ဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် အခြားသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်များ ကိုင်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာပွဲစားမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြောင်း‌ ဖော်ပြထားသည်။ မြန်မာအလုပ်သမားများ၏ ဆွေမျိုးများက ရနောင်းခရိုင် ကရဘူရီဒေသမှတစ်ဆင့် စူရတ်ဌာနီခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ပွဲစားက ထွက်ဆိုကြောင်း ရေးသားထားသည်။ ယင်းနေ့ ည ၉ နာရီခန့်တွင် ချွန်ဖော်ခရိုင် စစ်ဆေးရေးဂိတ်တစ်ခု၌ ပစ်ကပ်ကားပေါ် တရားမဝင် […]

ရေးတွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

June 20, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) တွင် ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲနိုင်ဝင်းကို ယနေ့ နံနက် ၉ နာရီခန့်တွင် ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အသက် ၅၉ နှစ်အရွယ် ဦးရဲနိုင်ဝင်းသည် နေအိမ်တွင်ရှိနေစဉ် ရေးဘီလူးအဖွဲ့ဝင် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဦးရဲနိုင်ဝင်းက ရင်ဘတ်နဲ့ ညှက်ရိုး‌တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၉ ရက်နေ့ညကလည်း ရေးမြို့နယ်၊ ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှာ […]

ပုလော၊ ပဝတ်ကုန်းရွာတွင်တိုက်ပွဲပြင်းထန်ပြီး ခရီးသည်တင်ကားများပိတ်မိ

Dawei Watch

June 20, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၂ဝရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများမှာ ပုလောမြို့တွင် ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။ “တိုက်ပွဲက တော်တော်ကြမ်းနေတယ်ကြားရတယ်။ ကားတွေလည်း အကုန်ပိတ်မိပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတယ်ပဲ အော်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယခု ညနေ ၃ နာရီခွဲအချိန်တွင် မေးမြန်းမှုအရ ပဝတ်ကုန်းရွာဖက်မှ ပစ်ခတ်မှု နည်းသွားပြီး နန်းတောင်ကျေးရွာဖက်သို့မူ ပုလော (၂၈၅) တပ်ရင်းက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “သဲကြီးမဲကြီး ပစ်နေတုန်းပဲ။ ကျန်တာ မသိရသေးဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ ပဝတ်ကုန်းရွာမှာ […]

ကံပေါက်တွင် ပုဂ္ဂလိကမူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံဖမ်းဆီးခံရ

Dawei Watch

June 20, 2023

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု သီရိမင်္ဂလာရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လ ၁၉ ရက် ည ၁၁ နာရီခန့်တွင် ရင်ခွင်သစ် ပုဂ္ဂလိကမူကြိုကျောင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက် ရှာဖွေခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးအောင်ဇော်ဦးနှင့် ဇနီးဒေါ်ဥမ္မာအောင်တ်ို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ နေအိမ်ရှိ လက်ကိုင်ဖုန်းလေးလုံးနှင့် စာရွက်စာတမ်းများကိုလည်း ယူဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ “မဥမ္မာကို ခေါ်သွားမယ် (ဖမ်းသွားမယ်) ပြောတော့ ကိုအောင်ဇော်ဦးက သူပါလိုက်မယ်ဆိုပြီး လိုက်သွားတာပါ။ ဘာကြောင့်အဖမ်းခံရတာကိုတော့ အတိအကျ မသိရဘူး” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ အဖမ်းခံရသူ နှစ်ဦးစလုံးကို အုန်းပင်ကွင်းရွာရှိ မောရဝတီရေတပ်စခန်းဌာနချုပ်တွင် စစ်ဆေးနေပြီး ယနေ့ ဇွန်လ ၂၀ ရက်နေ့ […]