ဖောင်းတောရေအားလျှပ်စစ်စက်ရုံကိုသွားသည့် စစ်ကောင်စီအဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ
Dawei Watch
June 22, 2023ထားဝယ်အရှေ့တောဒေသရှိ ဖောင်းတောရေအားလျှပ်စစ်စက်ရုံသို့ သွားသည့် စစ်ကောင်စီအဖွဲ့ကိုကော်သူးလေအာမီ-KTLA က နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KTLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ထားဝယ်မြို့မှ ဖောင်းတောသို့ သွားရောက်စဉ် ဇွန်လ ၂ဝရက် မွန်းလွဲ ၂နာရီခန့်က လမ်းခုလတ်ရှိ မိုင် ၄ဝတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၁ရက် နံနက်ပိုင်းတွင်လည်း မိုင် ၄ဝသို့ မရောက်မီ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့က မြေသယ်ကားများဖြင့် လာခြင်းဖြစ်သလို ခြေလျင်စစ်ကြောင်းကလည်း နယ်မြေရှင်းလင်းသည့် ပုံစံဖြင့် လိုက်ပါလာကြောင်း KTLA မှ တာဝန်ရှိသူတစ်ဦးနှင့် ထားဝယ်စုပေါင်းစစ်ကြောင်းက တာဝန်ရှိသူ ကိုရေလှိုင်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့်အတူ ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အရာရှိများပါ […]


