ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောင်းမကန်ရဲစခန်းအနီး ရဲကားမိုင်းဆွဲပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

Dawei Watch

June 23, 2023

လောင်းလုံးမြို့နယ် မောင်းမကန်ရွာလမ်းပိုင်းတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ကား မိုင်းဆွဲပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူမှာ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေ ရဲစခန်းမှ ဂတ်စာရေး ရဲတပ်ကြပ်ရဲညွန့် ဖြစ်ကြောင်းသိရသည်။ ယနေ့(ဇွန် ၂၃) နံနက် ၁၀ နာရီကျော်ခန့်က မောင်းမကန်ရွာနှင့် နယ်မြေရဲစခန်းအနီး လမ်းပိုင်းတစ်နေရာတွင် တိုက်ခိုက်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ပထမကပေါက်ကွဲသံကြားတယ်။ ပြီးမှသေနတ်သံတွေ ထွက်လာတာ အများကြီးပဲ” ဟု ၎င်းကပြောသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့က ယူဆကြသော်လည်း မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ဆိုသည့် အသေးစိတ် အခြေအနေကို မသိရသေးပေ။ အဆိုပါပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မောင်းမကန်တောင်တက်လမ်းကို ယနေ့ညနေသုံးနာရီ ခန့်ကတည်းက ပိတ်ဆို့စစ်ဆေးနေပြီး မောင်းမကန်ရွာဘက်ကို သွားမည့်ခရီးသည်များ ယခုအချိန်အထိ သွားခွင့်မရသေးကြောင်း ယနေ့ညနေ ၄ နာရီခန့်က မေးမြန်းမှုအရသိရသည်။ “မောင်းမကန်ရွာဘက်ကို […]

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ကျောက်ရပ်ရွာသားသုံးဦး ၂ ရက်ကြာသည်အထိ ပြန်မလွတ်သေး

Dawei Watch

June 23, 2023

စစ်ကောင်စီက ဖမ်းဆီးထားသည့် ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာမှ လူငယ်သုံးဦးမှာ ယနေ့ ဇွန်လ ၂၃ ရက်အထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်သုံးဦး နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရဟုဆိုသည်။ “ PDF နဲ့အဆက်စပ်ရှိလို့ဆိုပြီး လာဖမ်းသွားတာလို့ပြောတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဖမ်းခံရသူတို့၏ အမည်များကိုမူ စုံစမ်းနေဆဲသာရှိသေးသည်။ ဒေသတွင်းနာမည်ကြီး ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်စိန်နှင့်အဖွဲ့သည် နှစ်ပတ်ခန့်ကြာ ရွာမှပျောက်သွားပြီးနောက် ဇွန်လ ၂၁ ရက်တွင်ကျောက်ရပ် ရွာသို့ပြန်လည်ရောက်လာကြောင်း၊ ယင်းနောက် ထိုလူငယ်သုံးဦး အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ အဆိုပါ […]

စမွတ်ပရကန်လှေဆိပ်တွင် မြန်မာအမျိုးသမီးတစ်ဦး ကိုယ်ဝန်ငါးလဖြင့် ကလေးမွေး

Dawei Watch

June 23, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ လှေဆိပ်တစ်ခုတွင် မြန်မာအမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ချိန် လမစေ့ဘဲ ကလေးမွေးဖွားကြောင်း MedPlus Hospital က ထုတ်ပြန်ထားသည်။ ဇွန်လ ၂၁ ရက် နံနက် ၁၁ နာရီတွင် ဘုရားစမွတ်ကျေးဒီးဒေသရှိ လှေဆိပ်အဆင်း လှေကားအနီးတွင် အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးဖွားနေသည်ဟု အကြောင်းကြားချက်ရရှိကြောင်း ဆိုသည်။ အရေးပေါ်အခြေအနေအတွက် ဆေးရုံက ဆရာဝန်နှင့် သူနာပြုများက လှေဆိပ်သို့ ချက်ချင်းရောက်ရှိလာခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကိုယ်ဝန် ၅ လသာ ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကလေး၏ ခြေထောက်ထွက်နှင့်ပြီးဖြစ်နေသော်လည်း ခန္ဓာကိုယ်နှင့် ခေါင်းသည် ကပ်ငြိနေသေးသဖြင့် ကလေးချက်ချင်း မွေးဖွားရန် အရေးပေါ်ဆောင်ရွက်ပေးခဲ့ရကြောင်း ရေးသားထားသည်။ ကလေးမွေးဖွားပြီးနောက် ကလေးမှာ သွေးခုန်နှုန်း မရှိသဖြင့် ဆရာဝန်က […]

မြန်မာဘဏ်နှစ်ခုကို အမေရိကန်က အရေးယူလိုက်ပြီးနောက် ရွှေနှင့် ဒေါ်လာဈေး ခုန်တက်

Dawei Watch

June 23, 2023

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် အရေးယူပိတ်ဆို့လိုက်သည်။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်သမ္မတ၏ အမိန့်ဖြင့် အရေးယူကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။ အာဏာရှင်အဖွဲ့အစည်း(စစ်ကောင်စီ)က နိုင်ငံခြားမှ စစ်လက်နက်ပစ္စည်းဝယ်ယူရာတွင် အဆိုပါဘဏ်နှစ်ခုက အခရာကျနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ယင်းအပြင် စစ်ကောင်စီအတွက် အခွန်ဘဏ္ဏာရှာဖွေပေးရာတွင်လည်း အဆိုပါဘဏ်နှစ်ခုက နိုင်ငံခြားဘဏ်စာရင်းများ အသုံးပြုပြီး နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ကာ စစ်ရေးကိစ္စများအတွက် ငွေကြေးအရင်းအမြစ်များ ပံ့ပိုးပေးနေကြောင်းဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်မထွက်မီကပင် အဆိုပါဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မည်ဆိုသည့် သတင်းထွက်လာပြီးနောက် အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့် ပြည်တွင်းရွှေဈေးက ခုန်တက်သွားသည်။ ယခုလ အစောပိုင်းက ပြည်တွင်းရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ဖြင့် တောက်လျှောက်ငြိမ်နေရာမှ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မည့်သတင်းထွက်သည့် ဇွန်လ ဒုတိယအပတ်မှစကာ ဈေးအလှုပ်အခတ်ဖြစ်လာသည်။ ဇွန်လ ၁၄ ရက်နေ့ ဝန်းကျင်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် […]

လမိုင်းမြို့လယ်တွင် လဝကဝန်ထမ်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

June 23, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့လယ် နာရီစင်အနီးတွင် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ လမိုင်းမြို့နေ အသက် ၅၀ နှစ်အရွယ် ဒေါ်စန်းမြင့်ကြွယ်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ နံနက် ၁၀ နာရီဝန်းကျင်က ဆိုင်ကယ်စီးသွားလာနေစဉ် သေနတ်သမားနှစ်ဦးက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ သေနတ်ပစ်ခတ်ခံရပြီး လမ်းပေါ်တွင် လဲကျနေသည့် ဒေါ်စန်းမြင့်ကြွယ်ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း လမိုင်းမြို့ခံတစ်ဦးက ဆိုသည်။ “အပစ်ခံရတာက မြို့လယ်ခေါင် လမ်းမပေါ်မှာပဲ။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ ဆေးရုံပို့တော့ ဆေးရုံရောက်တော့ သေဆုံးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ လမိုင်းမြို့တွင် […]

ပြင်းထန်လာသည့် အပူလှိုင်းကြောင့် နိုင်ငံတွင်းသေဆုံးမှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟု အိန္ဒိယကတိပြု

Dawei Watch

June 23, 2023

အိန္ဒိယနိုင်ငံမှာ ယခုသီတင်းပတ်အတောအတွင်း ပြင်းထန်သော အပူလှိုင်းကြောင့် သေဆုံးမှုအများအပြား ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးမှုများကို နည်းပါးသွားစေရန် အစိုးရအနေနှင့် လုပ်ဆောင်မည်ဟု ကတိပြုကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ Mansukh Mandaviya က ဇွန်လ ၂၀ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ယခုသီတင်းပတ်အတွင်း နေ့အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည့်အတွက် အပူဒဏ်ကြောင့် ဆေးရုံတင်ထားရမှုများအပြင် လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန် ခဲ့သည်။ တောင်အာရှတခွင်မှာ အပူလှိုင်းများ ယခုလို ပိုမိုပြင်းထန်လာခြင်းသည် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်တစ်ခု ဖြစ်ကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝှမ်း အပူရှိန်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှင့် ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန် ထိပ်တန်းအရာရှိများနှင့် ဇွန်လ ၂၁ရက်နေ့က  […]

လောင်းလုံးတွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူသူများကို ဖမ်းမိဟုဆို

Dawei Watch

June 23, 2023

လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခိုးယူသူများကို ဖမ်းမိထားပြီး မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း မြို့ခံအချို့က ပြောသည်။ ဖုန်းဆိုင် ဖောက်ထွင်းခိုးယူသူများဟု ဖမ်းဆီးထားများမှာ ဆယ်ကျော်သက်အရွယ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းဆယ်ကျော်သက်အရွယ်လေးဦးမှာ လောင်းလုံးမြို့အနီးက စမ်းလှမ်းကျေးရွာတွင် နေထိုင်သူများဖြစ်သည်ဟုလည်း ဆိုသည်။ ဖုန်းဆိုင်အား ဖောက်ထွင်းပြီး တစ်ရက်ခြား ဇွန်လ ၁၆ ရက်တွင် စမ်းလှမ်းကျေးရွာရှိ ကုန်စုံဆိုင်အား ထပ်မံဖောက်ထွင်း ခိုးယူရာမှ ဆက်စပ်ပြီး ဖုန်းဆိုင်‌ဖောက်ထွင်း ခိုးယူသူများဖြစ်သည်ကို သိရကြောင်း ဖုန်းဆိုင်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက ပြောသည်။ “သူတို့ရွာကဆိုင်မှာ ခိုးတာဆိုတော့ ဟို (ဆိုင်ရှင်) ကလည်းသိတာပေါ့၊ လက်စလက်နရှိတယ်ဆိုတာကို။ အဲဒီကနေ အိမ်မှာသွားရှာတာ သူတို့ဆိုင်က မုန့်ပုံးတွေရော၊ ဖုန်းတွေရော၊ ပါဝါဘဏ်တွေရောတွေ့လို့ ဆက်စပ်ပြီး အကြောင်းကြားတာနဲ့ […]

ပုလောဒေသခံ ၂၀ကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်း ခေါ်ဆောင်သွားပြီး ငါးဦးသာပြန်လွှတ်

Dawei Watch

June 23, 2023

စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလောဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ခေါ်ဆောင်သွားပြီး ငါးဦးသာ ပြန်လွှတ်ပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းထိန်ကျေးရွာသို့ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာပြီး လမ်းတွင်တွေ့ရှိသည့် အမျိုးသားငါးဦးကို ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အဆိုပါစစ်ကြောင်းသည် မင်းထိန်နှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်းမှ အမျိုးသား၊ အမျိုးသမီး ၁၈ ဦးကိုလည်း ထပ်မံခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ အုန်းတောကမ်းသည် ဒေသခံများ ရော်ဘာစိုက်ကြသည့်နေရာကို ခေါ်ဆိုခြင်းပြီး ပဝတ်ကုန်းရွာအနီး တည်ရှိသည်။ “ရော်ဘာခြစ်နေတဲ့သူတွေ၊ လယ်လုပ်နေတဲ့သူတွေ အကုန်ခေါ်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရော်ဘာခြစ်သည့် အလုပ်သမားများမှာ ယခင်ကတည်းက ရော်ဘာတောအတွင်း တဲထိုးကာ လုပ်ကိုင်နေသူများ ဖြစ်ကြောင်း […]