သရက်ချောင်းတွင် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ် နေအိမ်များရှိပစ္စည်းများကိုယူဆောင်သွားသည်ဟုဆို
Dawei Watch
June 20, 2023သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံများ၏ နေအိမ်များက ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လ ၈ရက် နံနက်ပိုင်းမှ ၁၆ ရက်အထိ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ကြောင်းဝင်ချိန် ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်များကို ဝင်ရောက်ရှာဖွေကာ ဒေသခံများ ပိုင်ဆိုင်သည့်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ ကနက်သီရိကျေးရွာက ဒေသခံတစ်ဦး၏ ဖုန်းဆိုင် စစ်ကြောင်းဝင်ချိန်တွင် ဖောက်ထွင်းခံရကြောင်း ဆိုင်ပိုင်ရှင်နှင့် ဆွေမျိုးနီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ဖုန်းအသစ် အလုံးရေ ၄၀၀ ခန့်၊ […]


