ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသားသုံးဦးသာ လွတ်မြောက်

Dawei Watch

August 1, 2023

ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် ထားဝယ်အကျဉ်းထောင်က အကျဉ်းသား ၃၅ဦး လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသား သုံးဦးသာပါဝင်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်-DPPN ထံက သိရသည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသားဖြစ်သည့် CDM ရဲတပ်ဖွဲ့ဝင် ဦးကျော်လင်းထွဋ်၊ဦး‌အောင်မျိုးသန့်နှင့် မခိုင်သဇင်တို့သာပါဝင်ကြောင်း အဆိုပါကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဦးမျိုးသန့်က အစကနိုင်ငံရေးပုဒ်မနဲ့စွဲတာ ပြီးမှတခြားပုဒ်မဖြစ်သွားတာ။ ဆိုတော့ မူလပုဒ်မကြောင့်သူလည်း နိုင်/ကျဉ်းဖြစ်တယ်ပေါ့ခင်ဗျ” ဟု ၎င်းက ဆိုသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ထားဝယ်အကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသာ ၃၅ ဦး၊ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်အကျဉ်းစခန်းက ၄၉ ဦး၊ ကော့သောင်းအကျဉ်းထောင်က ၄၀ ဦး၊ တနင်္သာရီမြို့နယ် ဆင်ဖြူရှင် (ခေါ်) ထုံခါအကျဉ်းစခန်းက ၁၆ ဦး စုစုပေါင်း ၁၄၀ ဦးပြန်လွတ်လာကြောင်း စုံစမ်းသိရသည်။ […]

ဆင်ဖြူရှင် အကျဉ်းစခန်းမှ ၁၆ ဦးလွတ်

Dawei Watch

August 1, 2023

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် အကျဉ်းစခန်းမှ ယနေ့ ၁၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ ထုံခါအကျဉ်းခန်းခေါ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ထုံခါးကျေးရွာတွင် တည်ရှိသည်။ ယနေ့တွင် အဆိုပါအကျဉ်းစခန်းမှ အကျဉ်းသား ၁၆ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် သတင်းများကိုဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာနှင့် တယ်လီဂရန်ချန်နယ်တို့တွင် ဖော်ပြကြသည်။

ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြိတ်-ထားဝယ်ကားလမ်းပိတ်

Dawei Watch

August 1, 2023

သရက်ချောင်းမြို့နယ် ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို ယနေ့ ဩဂုတ်လ ၁ ရက် နံနက် ၆ နာရီခွဲမှာ ပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဆက်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါစခန်းကို သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့နှင့် ကစယ်ဒိုကျားမဟာမိတ်ပူးပေါင်းအဖွဲ့တို့က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နံနက် ၆ နာရီခွဲမှ ၈ နာရီခွဲခန့်အထိ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။ “ရန်သူရဲ့ ထိခိုက်မှုအခြေအနေကိုတော့ အခုထက်ထိ ကျွန်တော်တို့အနေနဲ့ မသိရသေးဘူးပေါ့နော်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ နှစ်ဖက် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်နှစ်ဦး ခြေနှင့် လက်တို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရသော်လည်း စိုးရိမ်ဖွယ်ရာ မရှိကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်ဆုတ်ခွာခဲ့ကြောင်း […]

မြိတ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်

Dawei Watch

August 1, 2023

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းကြီးပေါ်ရှိ မြိတ်မြို့နယ်၊ ဒလရှောင်ကျေးရွာအနီးတွင် ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့မှ သိရသည်။ မြိတ်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် တနင်္သာရီဘက်မှ မြိတ်ဘက်သို့ မောင်းနင်လာသည့် မှန်လုံယာဉ်( mini bus)တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောပြသည်။ “ဆိုင်ကယ်က အရှိန်လွန်ပြီး ကားကိုဝင်တိုက်တာ” ဟု နာရေးကူညီမှုအသင်း တာဝန်ခံက ပြောသည်။ မော်တော်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မှန်လုံယာဉ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အသက် ၃၀ နှစ်ကျော်ခန့်ရှိ အမျိုးသားနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ သတိလစ်နေသဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း […]

မြိတ်မြို့ကမ္ဘာလုံးစေတီ၏ ဝါဆိုလပြည့်နေ့မြင်ကွင်း

Dawei Watch

August 1, 2023

မြိတ်မြို့ရှိ ကမ္ဘာလုံးစေတီသို့ လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့(သြဂုတ်လ ၁ ရက်)တွင် တွေ့မြင်ရစဉ်။ ကမ္ဘာလုံးစေတီသည် မြိတ်-ကျွဲကူး ကားလမ်းမပေါ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာတွင် တည်ရှိပြီး ထင်ရှားသော စေတီတစ်ဆူဖြစ်သည်။

အချင်းများရန်ဖြစ်ပြီး ကမ္ဘောဒီးယားလုပ်သားက မြန်မာလုပ်သားကို သေနတ်ဖြင့်ပစ်ခတ်

Dawei Watch

August 1, 2023

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် အလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် ကမ္ဘောဒီးယားအလုပ်သမားက မြန်မာအလုပ်သမားကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လမ်းလုက်ကားဒေသတွင် လမ်းတစ်နေရာတွင် ဇူလိုင်လ ၃၁ ရက် ညပိုင်း၌ အချင်းများရန်ဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ မျက်မြင်သက်သေတစ်ဦးက ပစ်ခတ်သံကြားသဖြင့် လှည့်ကြည့်ရာ မြန်မာအလုပ်သမားမှာ သစ်သားခုံအနီး လဲကျနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ပြောဆိုထားသည်။ ရဲတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိချိန်တွင် အသက် ၂၉ နှစ်အရွယ် ကိုကျော်ရဲအောင်အမည်ရှိ မြန်မာအလုပ်သမားမှာ ဘယ်ဘက်နားထင်အနီးတွင် သေနတ်ဒဏ်ရာရရှိထားပြီး လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ ဒဏ်ရာရရှိထားသော မြန်အလုပ်သမားကို ကယ်ဆယ်ရေးအဖွဲ့များက ပထုံဌာနီဆေးရုံသို့ ချက်ချင်းပို့ဆောင် ပေးခဲ့ကြောင်း ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ကမ္ဘောဒီးယား အလုပ်သမားမှာ […]

ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ် ဖမ်းခေါ်သွားသူ ၄၀ ကျော်ပြန်လွတ်၊ နှစ်ဦးမလွတ်သေး

Dawei Watch

August 1, 2023

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူ ၄၆ဦး ဇူလိုင်လ ၃ဝရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။ ကျန်အမျိုးသားနှစ်ဦးမှာမူ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။ ဇူလိုင်လ ၂၇ ရက်တွင် ဇာဒီရွာသို့ စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကောင်စီတပ်က ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော် ရွာများမှ ရွာသား ၄၈ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းသဖွယ် ခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ အဆိုပါဒေသခံများကို ဇူလိုင်လ ၃ဝရက်အထိ လေးရက်ကြာ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားပြီး ဇာဒီရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ နဘုလယ်ဒေသက ဘဝါရွာသို့အရောက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၃၀ ရက် ညနေ ၆နာရီလောက် ဘဝါရွာအရောက်မှာ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်လိုက်တယ်။ […]

မြိတ်တွင် အကျဉ်းသား ၅၀ နီးပါးပြန်၊ နိုင်ငံရေးအကျဉ်းသားမပါဟုဆို

Dawei Watch

August 1, 2023

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ငါးဆယ်နီးပါး လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှသိရသည်။ မြိတ်မြို့အကျဉ်းထောင်က ယနေ့မွန်းလွဲပိုင်းတွင် အကျဉ်းသား ၂၃ ဦး၊ အကျဉ်းသူ ၉ ဦးလွှတ်မြောက်ခဲ့ပြီး မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် အကျဉ်းစခန်းက အကျဉ်းသား ၁၀ ဦးနှင့် အကျဉ်းသူ ၇ ဦးလည်း လွတ်မြောကြောင်း ၎င်းတို့က ဆိုသည်။ “အားလုံး ၄၉ ဦးလွှတ်လာတယ်။နိုင်ငံရေးအကျဉ်းသား ပါမလာဘူးလို့ကြားရတယ်”ဟု နိုင်ငံရေးကျဉ်းသားဟောင်း ဖြစ်သူ မြိတ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ နိုင်ငံရေးအကျဉ်းသား ပါမပါ သက်ဆိုင်ရာ ထောင်အာဏာပိုင်များက လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးပေ။ မြိတ်မြို့အကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား/သူ သုံးရာဝန်းကျင် ရှိနေသေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။