ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 5, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါဝင်တဲ့ စစ်ကောင်စီလွတ်ငြိမ်း ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ခုနစ်ထောင်ကျော်ကို ဩဂုတ်လ ၁ရက်နေ့မှာ ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ရာဂဏန်းပဲ ပါဝင်ပါတယ်။ အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော် ပါဝင်တာကိုပဲ အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ်လ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီနိုင်ငံရေးအကျဉ်းသားတွေဟာလည်း လွတ်မြောက်ဖို့ လပိုင်းပဲ လိုတော့သူတွေလို့ ဆိုပါတယ်။ MNDAA၊ TNLA၊ SSPP/SSA၊ AA စတဲ့ […]

မြို့နယ်ပကဖမှ နုတ်ထွက်လိုက်ပြီဟု ကံပေါက် PDF ထုတ်ပြန်

Dawei Watch

August 5, 2023

ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ကံပေါက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က ဩဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ “ပြည်သူတွေကို မျက်နှာမူတဲ့ လွတ်လပ်တဲ့ အဖွဲ့စည်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်ပြီး NUG ရဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီ နိုင်ငံရေး စစ်ရေးကိုဟန်ချက်ညီညီ ရှေ့ဆက်နိုင်ဖို့ပါ “ ဟု နုတ်ထွက်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး KBDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြို့နယ် ပကဖ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် စည်းကမ်းချက်များကို လိုက်နာကျင့်သုံးမည်ဖြစ်ပြီး စစ်ရေးရည်မှန်းချက်တူသော မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း KBDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က မွန်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်ပူးပေါင်းကာ ရေးမြို့နှင့်သံဖြူဇရပ်မြို့များတွင် မောင်းသူမဲ့လေယာဥ်အသုံးပြုတိုက်ခိုက်သည့် မိုးကြိုးစစ်ဆင်ရေးကို ဇူလိုင်လအတွင်း နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  နုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရေဖြူမြို့နယ် […]

သရက်ချောင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးကြီး တစ်ဦးသေဆုံး

Dawei Watch

August 5, 2023

သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနှင့် ရန်တောင်ရွာကြား တောင်ထိန်တောင်ဘုရားအနီး လမ်းပိုင်းတစ်နေရာ တွင် ယနေ့(ဩဂုတ် ၅)ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာ အမျိုးသမီးကြီးတစ်ဦးသေဆုံးခဲ့သည်ဟု ဝံသပါလပရဟိတ လူမှုကူညီရေးအသင်း(သင်္ကျွန်းရွာ) ထံမှသိရသည်။ သေဆုံးသူမှာ ညောင်ဇင်ရွာနေ အသက် ၇၂ အရွယ်ရှိ ဒေါ်သန်းမြဆိုသူဖြစ်သည်။ ထားဝယ်ဘက်မှာလာသည့် ခရီးသည်တင်မှန်လုံယာဉ်နှင့် သရက်ချောင်းမြို့ဘက်မှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ မျက်နှာခြင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ဝံသပါလ ပရဟိတလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ ယင်းဆိုင်ကယ်ကို အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသမီးကြီးမှာ နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “အမျိုးသမီးကြီးက ကားအောက်ဝင်သွားတယ်။ ညှပ်ရိုးကျိုး၊ပေါင်ကျိုးဒဏ်ရာနဲ့ သေဆုံးသွားတယ်”ဟု အထက်ပါတာဝန်ရှိသူ ကပြောသည်။ ဒဏ်ရာရရှိသူအမျိုးသမီးငယ်ကို ညောင်ဇင်ကျေးရွာမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက် ကြောင်းသိရသည်။ သေဆုံးသူအမျိုးသမီးကြီး၏ […]

ဘန်ကောက်အနီးတွင် အခန်းထဲတစ်ဦးတည်းရှိနေသည့် မြန်မာမိန်းကလေးကို ထိုင်းလူငယ်က အဓမ္မပြုကျင့်

Dawei Watch

August 5, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးတွင် ဘန်ဂဒီဒေသ စမဲဒမ်းနယ်မြေအတွင်းရှိ အလုပ်ရုံလူနေလိုင်းခန်းတွင် တစ်ဦးတည်း ရှိနေသည့် အသက် ၁၈နှစ်အရွယ် အိမ်ထောင်သည် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသား လူငယ်တစ်ဦးက ဝင်ရောက်အဓမ္မပြုကျင့်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ ၂၇ရက်က ခင်ပွန်းသည်နှင့် လိုင်းခန်းရှိ အလုပ်သမားများ အလုပ်သို့သွားနေစဉ် မြန်မာမိန်းကလေးမှာ တစ်ဦးတည်း ရှိနေခြင်းဖြစ်ကြောင်း အမှုတွင် လိုက်ပါကူညီနေသည့် အထက်ပါအဖွဲ့ထံမှ သိရသည်။ မွန်းလွဲ ၁ နာရီခန့်တွင် ထိုင်းလူငယ်က အခန်းတံခါးကို အတင်းတွန်းဖွင့်ဝင်လာပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “တံခါးကို အတင်းတွန်းဖွင့်ပြီးတော့ ဝင်လာတယ်။ သူက သူ့ယောက်ျားထင်ပြီးတော့ ဖွင့်ပေးလိုက်တာ။ တံခါးတွေ ကလည်း မလုံခြုံဘူး။ တစ်ချက်လောက် ယောက်ျားလေးအားနဲ့ လက်နဲ့ တွန်းလိုက်ရင်ကို […]

ထားဝယ် စျေးကွက်တွင် ရေထွက်ကုန်အဝင်နည်း၍  ငါးပုဇွန်စျေးတက်

Dawei Watch

August 5, 2023

ထားဝယ်တွင် ဩဂုတ်လ ပထမပတ်မှစပြီး ရေထွက်ကုန် အဝင်နည်းလာသည့်အတွက် ငါးပုဇွန်စျေးနှုန်းများ မြင့်တက်လာနေကြောင်း ရေထွက်ကုန် အရောင်းအဝယ် ပြုလုပ်နေသူများထံမှသိရသည် ယခင်က တစ်နေ့လျင် စျေးကွက်အတွင်းသို့ ပုံးငါးဆယ်၊ခြောက်ဆယ်ခန့် ပုံမှန်ဝင်ရောက်နေရာမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်အပတ်မှစပြီး ဆယ်ပုံးခန်သာ ဝင်ရောက်လျက်ရှိသောကြောင့် စျေးတက်သွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ကမ်းနားစျေးအနီး ငါးအရောင်းအဝယ်ဒိုင် ဖွင်လှစ်ထားသည့်အမျိုးသမီးတစ်ဦးကပြောသည်။ “မရှိတာတော့မဟုတ်ဘူး။ ရှိတယ် တော်တော်လေးတော့နည်းသွားတယ်။ ရာသီဥတုကြောင့် ငါးအရနည်းတယ် လို့ပြောကြတာပါပဲ” ဟု၎င်းအမျိုးသမီးကပြောသည် လက်ရှိစျေးကွက် တွင် လူအများစားသုံးလေ့ရှိသည် ပါလန်းခေါ် ငါးလုံး တစ်ကောင် ကို ၂၀၀၀ ကျပ်ခန့်ဖြစ်နေပြီး ယခင်က တစ်ကောင် တစ်ထောင်ကျပ် ခန့်သာရှိသည် ဟု လောင်းလုံးမြို့နယ်က အိမ်ရှင်မတစ်ဦး ကဆိုသည်။ “အစက ငါးငယ်လေးတွေ လေးကောင်တွဲ၊သုံးကောင်တွဲ  တစ်ထောင်ပဲ။ အခု  တစ်ထောင့်ငါးရာ  နှစ်ထောင်  အကြီးတစ်ကောင် […]

ထားဝယ်ထောင်တွင် အစစ်အဆေးတင်းကျပ်နေပြီး အချို့ကိုထောင်ဝင်စာ ပိတ်ထားဟုဆို

Dawei Watch

August 5, 2023

ထားဝယ်အကျဉ်းထောင်တွင် အစစ်အဆေးတင်းကျပ်နေပြီး အကျဉ်းသားအချို့ကို ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ထားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ပြောသည်။ ဇူလိုင်လ ၃၀ ရက်(တနင်္ဂနွေနေ့)က အကျဉ်းထောင်အတွင်း ထပ်မံစစ်ဆေးမှုများပြုလုပ်ရာ အကျဉ်းသားအချိုု့ထံမှ မူးယစ်ဆေးနှင့် ဖုန်းများထပ်မိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကြောင့် မူးယစ်ဆေးနှင့် ဖုန်းမိသူအကျဉ်းသားများကို ထောင်ဝင်စာပိတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။ တနင်္ဂနွေနေ့က စစ်ဆေးမှုတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးအပါအဝင် ၅ ဦးထံတွင် ဖုန်းမိသဖြင့် တိုက်ပိတ်ထားသည်ဟု ကြားသိရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အကျဉ်းသားများကို ထပ်မံစစ်ဆေးမှုများ ပြုလုပ်နေသလို ထောင်ဝန်ထမ်းအားလုံးနီးပါးလည်း ထပ်မံအစစ်ဆေးခံနေရကြောင်း၊ ထောင်ဝင်စာပို့ရာတွင်လည်း ပိုမိုတင်းကျပ်လာသဖြင့် အချိန်ပိုကြာလာကြောင်း အထက်ပါအမျိုးသားက ပြောသည်။ မူးယစ်ဆေးဝါးအမှုဖြင့် ပြန်လည်လွတ်မြောက်လာသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ခေါ်ယူ စစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။ “ပြီးခဲ့တဲ့အပတ်လောက်ကမှ ပြန်လွတ်လာတဲ့ ကျွန်တော်တို့အိမ်နားက လူငယ်တစ်ယောက်ကိုပြန်လာခေါ်ပြီး […]

ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်း ရေပြန်ကျသော်လည်း ရပ်ကွက်များတွင် ရေကြီးနေဆဲ

Dawei Watch

August 5, 2023

ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်းတွင် ယနေ့နံနက်မှစတင်ကာ ရေပြန်ကျပြီဖြစ်၍ ကားများဖြတ်သန်းသွားလာ နေကြပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနေဆဲဖြစ်သည်။ “ပိတ်မိနေတဲ့ ခရီးသည်တင်ယာဥ်တွေ ၊အိမ်စီးကားတွေအကုန် ဖြတ်လာနေကြပြီ၊ မြို့ထဲလမ်းမပေါ်မှာတော့ ရေမရှိတော့ဘူး၊ ရပ်ကွက်တွေမှာတော့ ရေဝပ်နေသေးတယ် “ ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ ဩဂုတ်လ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ မိုင်တိုင် ၃၆ ၊ ရေပုံးကျေးရွာအနီး တောင်ကျချောင်းရေလျှံမှုကြောင့် ကားလမ်းမရေကျော်ခဲ့ပြီး ခရီးသည်တင်ယာဥ်နှင့် မော်တော်ကားများ တစ်ညတာပိတ်မိခဲ့ကြသည်။ ကလိန်အောင်မြို့တွင်လည်း မြို့ပေါ်ရပ်ကွက် ၃ ခုတွင် ဩဂုတ်လ ၄ ရက် ညနေကတည်းက လူနေအိမ်များအတွင်း ရေဝင်လာကာ ရေအနက် ၄ ပေကျော်အထိတက်ခဲ့ကြောင်း၊ ယနေ့နံနက် ၉ နာရီအထိ လူနေအိမ်များနှင့်လမ်းသွယ်များတွင် […]

ကျွန်းစုတွင် ဖမ်းဆီးခံရသည့် ခရီးသည်တင်စက်လှေပေါ်ပါ ခရီးသည် ၁၆ ဦးပြန်လွတ်

Dawei Watch

August 5, 2023

ကျွန်းစုမြို့နယ် သဇင်ကျေးရွာတွင် ဖမ်းဆီးခံထားရသည့် ခရီးသည်စက်တင်လှေပေါ် လိုက်ပါခဲ့သည့် ခရီးသည် ၁၆ ဦး ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း ယင်းရွာသားအချို့က ပြောသည်။ ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာရွာစက်လှေသည် မီးသွေးနှင့် အခြားရေထွက်ကုန်အချို့ကို မြိတ်မြို့ပေါ်တွင် သွားရောက်ရောင်းချပြီး ကုန်စည်များဝယ်ယူကာ ရွာသို့ပြန်လာစဉ် ဇူလိုင်လ ၂၈ ရက်က သဇင်ကျေးရွာ ချောင်းဝအရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အဆိုပါ စက်လှေပေါ် လိုက်ပါသူတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ထောက်ပံ့နေသည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းဖြစ်ကြောင်း မြိုင်သာရွာသားအချို့က ပြောဆိုထားသည်။ ဖမ်းဆီးခံရသူတို့သည် ခြောက်ရက်ကြာ စစ်ဆေးခံခဲ့ရပြီးနောက် ခုနစ်ရက်မြောက်နေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ဖမ်းဆီးစဉ် စက်လှေပေါ်တွင် လှေရှင်အပါအဝင် အမျိုးသားသုံးဦး၊ မွေးကင်းစ ကလေးတစ်‌ဦး အပါအဝင် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၇ […]