ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် အသက် ၇နှစ်အရွယ်ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

Dawei Watch

August 16, 2023

တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု သက္ကကျော်ရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျ သေဆုံးကြောင်း ယင်းရွာနေသူတို့မှ သိရသည်။ အဆိုပါကလေးငယ်သည် ရေတွင်းတစ်ခုတွင် ရေသွားချိုးရာမှ အချိန်အကြာမြင့်သည်အထိ နေအိမ်သို့ ပြန်မရောက် လာသဖြင့် လိုက်ရှာရာမှ ရေတွင်းထဲ ပြုတ်ကျသေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။ “ဆပ်ပြာခွက်က ရေတွင်းဘေးမှာ ရှိနေတယ်။ ရေတွေက ‌နောက်နေတော့ မသင်္ကာလို့ ဆင်းငုပ်ကြည့်မှ ကလေးအလောင်းကို ‌တွေ့ရတယ်ဗျ” ဟု သက္ကကျော်ရွာသားတစ်ဦးက ပြောဆိုသည်။ အဆိုပါ ရေတွင်းသည် ကန်ဘောင်မရှိဘဲ မြေပြင်နှင့် တပြေးတည်းရှိနေပြီး အကာအရံများမရှိသဖြင့် ရေတွင်းထဲ ပြုတ်ကျခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ယခင်ကလည်း ယင်းရေတွင်းတွင်ပင် ကလေးငယ်တစ်ဦး […]

Pheu Thai ဝန်ကြီးချုပ်လောင်းကို ထောက်ခံမည်မဟုတ်ဟု Move Forward ပါတီဆုံးဖြတ်

Dawei Watch

August 16, 2023

လာမည့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲတွင် Pheu Thai ပါတီက တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် Srettha Thavisin ကို ထောက်ခံမဲပေးသွားမည်မဟုတ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် Move Forward ပါတီသတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ပါတီထောက်ခံသူများ၏ တုံ့ပြန်ချက်များအပေါ် အခြေခံ ထည့်သွင်းစဉ်းစားခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးခြင်းက ၎င်းတို့ပါတီကို မဲပေးခဲ့သော ပြည်သူများကို သစ္စာဖောက်ရာရောက်နေကြောင်း Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့သည်။ Pheu Thai ပါတီက ဦးဆောင်မည့် အစိုးရအဖွဲ့အသစ်တွင်လည်း ချိတ်ဆက်ပါဝင်ရန် ဆန္ဒမရှိကြောင်း ၎င်းကဆိုခဲ့သည်။ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကတိအတိုင်း အစိုးရအဖွဲ့ကို ပြည်သူများ၏ ဆန္ဒနှင့်အညီသာ ဖွဲ့စည်းရန် ကြိုစားအားထုတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။ ဖီထာက ဒုတိယအကြိမ်ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် အမည်စာရင်းတင်သွင်းခွင့် ပိတ်ပင်ခံရပြီးနောက်ပိုင်း Pheu Thai ပါတီကလည်း ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အခြားစစ်တပ်ကျောထောက်နောက်ခံပါတီများနှင့်အတူ ညွန့်ပေါင်းအဖွဲ့အသစ်ကို […]

ကမ္ဘောဒီးယား စာသင်ကျောင်းတစ်ခုအတွင်း စစ်ကျန်ဖောက်ခွဲရေးပစ္စည်းများ ထောင်နှင့်ချီတွေ့ရှိ

Dawei Watch

August 15, 2023

ကမ္ဘောဒီးယားပြည်တွင်းစစ်ကာလမှ လက်ကျန် လက်နက် နှင့် ဖောက်ခွဲရေးဆိုင်ရာ ပစ္စည်း အစိတ်အပိုင်း ထောင်ပေါင်းများစွာကို မပေါက်ကွဲသေးသော အနေအထားဖြင့် နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ စာသင်ကျောင်းတစ်ခုအတွင်း တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဩဂုတ် ၁၃ရက်နေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော ဒေသတွင်း ပဋိပက္ခများနှင့်အတူ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက စတင်ခဲ့သော အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများအပြီး ဆယ်စုနှစ်များအကြာတွင် ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် ဗုံးခွဲခံရမှု အများဆုံးနှင့် မိုင်းထောင်မှုအများဆုံးနိုင်ငံစာရင်းတွင် ရှိနေသေးသည်။ ကာရာတီ ပြည်နယ် ၏ အဆိုပါ အထက်တန်းကျောင်းဝင်းထဲတွင် သုံးရက်တာကာလအတွင်း ရှာဖွေခဲ့ရာ M79 လက်ပစ်ဗုံး အလုံး ၁၀၀၀ ကျော်အပါအဝင် ဖောက်ခွဲရေးပစ္စည်း အခု ၂၀၀၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသတွင်း မြေမြှုပ်မိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို […]

မြောက်ကိုရီးယားခေါင်းဆောင် နှင့် ရုရှားသမ္မတ အပြန်အလှန် စာချွန်လွှာများဖလှယ်

Dawei Watch

August 15, 2023

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဩဂုတ် ၁၅ရက်နေ့ တွင် အပြန်အလှန် စာချွန်လွှာများ ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ကေစီအန်အေ က ထုတ်ပြန်ခဲ့သည်။ အဆိုပါစာများသည် ၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ကိုလိုနီအုပ်ချုပ်မှုကို ဖြတ်သန်းခဲ့ရပြီးနောက် ကိုရီးယား ကျွန်းဆွယ်၏ လွတ်လပ်ရေး ရရှိခဲ့သည့် ၇၈ နှစ်မြောက် အထိမ်းအမှတ်အားဖြင့် စာချွန်လွှာဖလှယ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အထိမ်းအမှတ်အတွက် တောင်ကိုရီးယားနိုင်ငံမှာလည်း နိုင်ငံတော်အားလပ်ရက်အဖြစ် ဂုဏ်ပြုကျင်းပလေ့ ရှိသည်။ ပူတင်ထံပေးပို့သောစာတွင် ကင်မ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ပြီး အဆိုပါ ဆက်ဆံရေးသည် ယခုအခါ နယ်ချဲ့သမားများ၏ မတရားကျင့်ကြံမှုကို ချေမှုန်းရန် ကြိုးပမ်းမှုတွင် […]

လောင်းလုံးတွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

August 15, 2023

လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာတွင် ဩဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့ နှစ်ရက်အတွင်း အမျိုးသားနှစ်ဦး ဖမ်းဆီးခံရသည်ဟု ဒေသခံများထံမှသိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် အင်းဇောက်ရွာသား အသက်လေးဆယ်ကျော်အရွယ်ရှိ ဦးသိန်းစိုးဆိုသူ ဖမ်းဆီးခံရပြီး ၁၃ ရက်နေ့နေ့လယ်ပိုင်းတွင် အသက် ရှစ်ဆယ်ကျော်အရွယ် ဦးလှရွှေဆိုသူ ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “အဖမ်းခံရတဲ့သူတွေက အရင်ကတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေပါ အခုတော့ မသိရဘူး”ဟု ၎င်းဒေသခံကပြောသည်။ ဦးလှရွှေ ဆိုသူမှာ အင်းဇောက်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဖြစ်သူ ဒေါ်နုသွေး၏ ဖခင်ဖြစ်သည်။ ဒေါ်နုသွေးမှာ ယမန်နှစ်က ၎င်း၏နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဒေသခံများကဆိုသည်။ အထက်ပါအမျိုးသားနှစ်ဦးစလုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခြင်းဖြစ် ပြီး မည်သည့်အကြောင်းယင်းကြောင့် ဖမ်းဆီးသွားသည်ဆိုခြင်းကို အသေးစိတ်မသိရသေးပေ။ လောင်းလုံးမြို့နယ်တွင် ဇူလိုင်လ မှ ဩဂုတ် ၁၄ […]

LGBTQ အထိမ်းအမှတ် နာရီများကို ရောင်းချ၊ ဝတ်ဆင်ခွင့် မလေးရှားအစိုးရ ပိတ်ပင်

Dawei Watch

August 15, 2023

ဆွစ်ဇာလန် နိုင်ငံအခြေစိုက် နာရီအမှတ်တံဆိပ် တစ်ခု ဖြစ်သည့် Swatch မှ ထုတ်လုပ်ထားသော ပါဆယ်ဘူးများ၊ ထုပ်ပိုးစက္ကူများနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် လိင်စိတ်ခံယူမှုကွဲပြားသူများ – LGBTQ ဆိုင်ရာ အပြင်အဆင်ဖြင့် ထုတ်လုပ်ထားသည့် နာရီများကို မလေးရှားအစိုးရက ပိတ်ပင်လိုက်သည်။ ယင်းနာရီများ နိုင်ငံအတွင်း ရောင်းချခွင့် နှင့် ဝတ်ဆင်ခွင့် ပိတ်ပင်မှုကို မလေးရှားပြည်ထဲရေးဝန်ကြီးဌာန က ဩဂုတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါ တားမြစ်ချက်ကို နိုင်ငံ၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းအက်ဥပဒေ ပုဒ်မ ၇ အရ ပြဋ္ဌာန်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းအက်ဥပဒေ ၊ ပုဒ်မ ၇ အရ  အများပြည်သူဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ၊ အကျင့်စာရိတ္တ၊ လုံခြုံရေး စသည် တို့ကို […]

မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ နီးပါးရောက်ရှိ

Dawei Watch

August 15, 2023

မြိတ်မြို့ရှိ အခေါက်ရွှေဈေးကွက်တွင် ဩဂုတ်လ ၁၅ ရက်နေ့၌ တစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ နီးပါးအထိ ရောက်ရှိလာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့က တစ်ကျပ်သားလျှင် ၃၇ သိန်းကျပ်၊ ၁၄ ရက်နေ့တွင် ၃၇ သိန်းငါးသောင်းနှင့် ၁၅ ရက်နေ့တွင် ၃၈ သိန်းကျော်(၃၈ သိန်း နှစ်သောင်းမှ ငါးသောင်းအကြား)အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။ “တဖြည်းဖြည်း သိန်းလေးဆယ်နားကပ်လာပြီ၊ နိုင်ငံခြားငွေလဲဈေးနှုန်းတွေ တက်လာတာကိုး၊ ငွေလဲဈေးတက်လာတော့ ရွှေဈေးတွေလည်း တက်လာကြတာပါ” ဟု ရွှေအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ထို့ပြင် အခေါက်ရွှေ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရွှေဝယ်ယူစုဆောင်းသူ များလာခြင်းကလည်း အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့၌ […]

ထိုင်းတောင်ပိုင်းတွင် မြိတ်ဒေသခံများအပါအဝင် မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ

Dawei Watch

August 15, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦး ဩဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် ပကျွတ်ခရီခန်မြို့ ကောလက်ဒေသတွင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမားများကို တွေ့ရှိသည်ဆိုသည့် သတင်းအရ နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ မောတောင်-ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ၄ ကီလိုမီတာကျော်အကွာရှိ တောထဲတွင် ခြေလျင်လမ်းလျှောက်နေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ကို တွေ့ရှိသည်ဟု ဆိုသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသား မှတ်ပုံတင်သာ ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံတွင် တရားဝင် ဝင်ရောက်သွားလာ၊ လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ရခိုင်၊ […]